Tsutsui Hikari ဟာ Otaku တစ်ယောက်ဖြစ်ပါတယ်။ Otaku ဆိုတာနဲ့အညီ လူသူကြားထဲမှာ အံမဝင် အများကလဲစိတ်ပျက်စရာလူလို့သတ်မှတ်ခံထားရသူတစ်ယောက်ပါ။
အထက်တန်းတက်နေတယ်ဆိုပေမယ့် သူ့မှာသူ့လိုမျိုး Otaku သူငယ်ချင်းတစ်ယောက်သာရှိပါတယ်။
တစ်နေ့မှာ Tsutsui Hikari ဟာ Igarashi Iroha ဆိုတဲ့ အရမ်းလှပြီးနာမည်ကြီးတဲ့ ကောင်မလေးတစ်ယောက်နဲ့ အတူ ကျောင်းရေကန်ကို သန့်ရှင်းရေးအတူလုပ်ရဖို့ ခိုင်းခြင်းခံရပါတယ်။
တကယ်တော့ Tsutsui Hikari ဟာ သူ့ရဲ့ virtual world ဖြစ်တဲ့ manga, game, anime တွေထဲက မိန်းကလေးများမှလွဲ၍ လက်တွေ့လောက က မိန်းကလေးများကို မုန်းသူတစ်ယောက်ဖြစ်ပါတယ်။
ဒါကြောင့်လဲ မိန်းကလေးတွေကသူ့ကို ရွံစရာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။
ဒါပေမယ့် Igarashi Iroha ရဲ့ဟန်ဆောင်မှုကင်းတ့ဲ လုပ်ရပ်တွေ၊ နားလည်ကူညီပေးမှုတွေကြောင့့်် Otaku ကြီး Tsutaui ဟာ Igarashi အပေါ်သဘောထားပြောင်းလဲလာပြီး ရင်ခုန်မိသွားတ့ဲအခါမှာတော့…………
.

