အပိုင်းတိုတိုလေးပါ။ တစ်ပိုင်းကို ၄မိနစ် ကျော်ကျော်ဘဲရှိပါတယ်။
Boarding School Juliet
Dahila Academy Boarding school မှာတော့ ကျောင်းသားအုပ်စု ၂ စုကွဲနေပါတယ်။ တစ်စုကတော့ အနောက်ဘက်ခြမ်းကလာတဲ့ “White Cats” ဖြစ်ပြီး တစ်စုကတော့ အရှေ့ဘက်ခြမ်းကလာတဲ့ “Black Dogs” ပါ။ ကျောင်းတစ်ကျောင်းမှာ ပေါင်းသင်နေရပေမဲ့ ရှေ့ကတည်းက လာတဲ့အစဉ်အလာအရ ဒီ ၂ စုက လုံးဝလုံးဝမတည့်ကြပါဘူး။ အချိန်တိုင်းလိုလို ရန်ပွဲတွေဖြစ်လေ့ရှိပြီး အဖွဲ့ ၂ ဖွဲ့ရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် သတ်ပုတ်ကြတာပါ။ အမြဲလိုလိုကျောင်းကောင်စီက ဝင်ဖြေရှင်းမှသာရန်ပွဲရပ်လေ့ရှိတာပါ။ White Cats ရဲ့ခေါင်းဆောင်က အရာရာမှာထူးချွန်ပြီး တိုက်ရည်ခိုက်ရည်လည်းအပြည့်ရှိတဲ့ ယောကျာ်းလေးတွေကိုတောင် အလဲထိုးနိုင်တဲ့ Juliet Persia ဆိုတဲ့ကောင်မလေးပါ။ Black Dogs ရဲ့ခေါင်းဆောင်ကတော့ အဖွဲ့ကိုသစ္စာရှိပြီးခေါင်းဆောင်ပီသတဲ့ Romio Inuzuka ဆိုတဲ့ကောင်လေးပါ။ ငယ်စဉ်မူကြိုလောက်တည်းက မတည့်ဘဲ အချင်းချင်း သတ်ပုတ်လာကြတဲ့ ရန်သူတွေဆိုလည်းမမှားပါဘူး။ ဒါပေမဲ့ Inuzuka မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။အဲဒီ လျှို့ဝှက်ချက်ကတော့ သူဟာ မလုပ်သင့်ဘဲမဖြစ်သင့်ဘဲ White Cats တို့ရဲ့ခေါင်းဆောင် Juliet ကိုသဘောကျနေတာပါပဲ။ ဘယ်လိုပဲငယ်ငယ်တည်းက ရန်ဖြစ်ဖော်ရန်ဖြစ်ဘက်ပဲဆိုဆို ကြီးလာတော့ ကိုယ့်ကိုယ်ပိုင်နှလုံးသားကိုသတိထားလာမိခဲ့ပါတယ်။ ဒါကြောင့်မို့ Juliet နဲ့ထိပ်တိုက်တွေ့တိုင်း ခေါင်းဆောင်ပီပီ တိုက်ခိုက်နေရတာပါ။တကယ်က Inuzuka ဟာ သူ့ခံစားချက်ကို Juliet ကို ဖွင့်ပြောချင်နေတာကြာပါပြီ။ ဒီလိုနဲ့ ဆက်ပြီးသွားနေရင် Juliet သူ့ကိုမုန်းသွားမှာကိုစိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့်မို့ အရဲစွန့်ပြီးဖွင့်ပြောလိုက်တဲ့အခါမှာတော့ …….
သူ့ခံစားချက်ကိုလုံးဝမရိပ်မိခဲ့တဲ့ Juliet တစ်ယောက် ဘယ်လိုတုန့်ပြန်လာမလဲ? သူ့အဖွဲ့အတွက်ရော သူက သစ္စာဖောက်တဲ့ခေါင်းဆောင်ဖြစ်သွားပြီလား? ဘယ်လိုပြသနာတွေရှိလာနိုင်မလဲဆိုတာကတော့ …..
Sword Art Online
Monster Musume
နှစ်တွေတော်တော်ကြာအောင် ဂျပန်အစိုးရဟာ လျှို့ဝှက်ချက်တစ်ခုကို လျှိုထားခဲ့ပါတယ်။ အဲဒါက ဒဏ္ဍာရီလာသတ္တဝါလိုမျိုးဖြစ်တဲ့ မြင်းကိုယ်နဲ့လူ / ရေသူမ/ ငှက်ကိုယ်နဲ့လူ / မြွေကိုယ်နဲ့လူတွေ တကယ်ရှိတာကို ပြောတာပါ။ သုံးနှစ်လောက်လျှို ပြီးတဲ့နောက်မှာ အစိုးရဟာ အဲဒီ့သတ္တဝါတွေတကယ်ရှိတာကို ထုတ်ဖော်ပြောကြားပြီး ” Interspecies Cultural Exchange Act” ဆိုတဲ့ ဥပဒေစာချုပ်တစ်ခုလုပ်ခဲ့ပါတယ်။ စာချုပ်မှာက သူတို့တွေက လူသားတွေကို ဒုက္ခမပေးနိုင်သလို လူသားတွေကလည်း သူတို့ကို ဒုက္ခပေးလို့မရပါဘူး။
အဲဒီ့နောက်ကစပြီး သူတို့တွေဟာ လူ့အသိုင်းအဝိုင်းထဲမှာ ဝင်ရောက်လာပြီး ပုံမှန်လူတွေအတိုင်းနေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့လူတော်တော်များများက သူတို့တွေကို မကောင်းဆိုးဝါးတွေလို့ မြင်ကြပါတယ်။
Kimihito Kurusu ဆိုတဲ့သူကို Ms.Smith က ရှက်ကြောက်နေတဲ့ မြွေတစ်ပိုင်းမလေး Miia ကို မှားပို့ခဲ့ပါတယ်။ အဲလိုဖြစ်ခဲ့ပေမယ့်လည်း Kimihito ကနောက်ဆုံးလက်ခံလိုက်ပြီး စတင်နေထိုင်ကြပါတယ်။ နောက်ပိုင်းကျ Kimihito ဟာ တစ်ချို့ သတ္တဝါဆန်းတွေပါ မှီခိုခွင့်ပေးလိုက်ပါတယ်။ သူတို့တွေက မျိုးစိတ်မတူကြပြီး တစ်ချို့ကတော့ မတော်တဆ တစ်ချို့ကတော့ Ms.Smith ကြောင့်ရောက်ရှိလာကြတာဖြစ်ပါတယ်။ ကျနော်ဒီလောက်ထိပဲရေးပါမယ်။ ဆိုလိုချင်တာက သူအဲဒီ့ Monster Girls တွေနဲ့ဘယ်လိုဖြစ်ပျက်မလဲဆိုတာတော့ ဒီ Anime Series မှာတွေ့ရမှာပါ။
.
Mob Psycho 100
Magical Girl Site (or) Mahou Shoujo Site
ဇာတ်အနာဆုံးanime အဖြစ် လူသိများခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာဟာ နာကျင်စရာတွေ ပြည့်နှက်နေတယ်။ လူတွေရဲ့ နှိမ့်ချ ဆက်ဆံမှုတွေ ၊ အရှက်ရစေမှု ၊ ထိန်းချုပ်မှု(manipulation
)၊ မိသားစုတွင်း အကိုရင်းက နှမရင်းပေါ်မှာတောင် အနိုင်ထက်ပြုကျင့်မှူတွေ ဆိုက်ကိုဆန်ဆန် ဒီ anime မှာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ အနိုင်ကျင့်မှုတွေကို လက်သင့်ခံတဲ့ပုံစံနဲ့ တည်ဆောက်
ထားတာမျိုး မဟုတ်ပါဘူး။ Magical girls တွေဟာ သူတို့ရဲ့ website အသီးသီးကရလာတဲ့ သူတို့ဆိုင်ရာလက်နက်တွေနဲ့
မတရားမှုတွေကို တွန်းလှန်မှာပါ
Magical girl site ဆိုတဲ့ website ဆိုတာဘာလဲ ?
တကယ်ပဲ သူတို့ကို ကူညီရုံသက်သက်ပဲလား?
လောကမှာ အယူမရှိပဲ အပေးဆိုတာရော ရှိပါ့မလား?
website တွေရဲ့ရည်ရွယ်ချက်က ဘာလဲ ?။
-သုံးထားတဲ့ အရောင်တွေ sense တွေဟာ စိတ်ကိုအနည်းနဲ့အများ ထိခိုက်စေနိုင်တာမို့ နဂို စိတ်အခြေနေမကောင်းတဲ့သူတွေ မကြည့်သင့်ပါဘူး။
.
Island
“Urashima”ဆိုတာက ပင်မကုန်းမကြီးဆီကနေအလွန်ဝေးကွာတဲ့နေရာမှာရှိတဲ့ လူသူအရောက်အပေါက်နည်းတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ကျွန်းသူ၊ကျွန်းသားတွေကလည်း အပူအပင်ကင်းကင်းနဲ့နေထိုင်နိုင်တဲ့ သုခဘုံလေးပေါ့ဗျာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၅)နှစ်တုန်းကတော့ ကျွန်းရဲ့အကြယ်ဝဆုံးမိသားစု(၃)စုဟာ ကံဆိုးမိုးမှောင်ကျမှုတွေကြုံတွေ့လာရပြီး အထင်လွဲမှုတွေနဲ့ရင်ဆိုင်လာရတယ်။ကျွန်းပေါ်ကလူတွေကတော့ ပင်မကုန်းမြေနဲ့အဆက်အသွယ်ဖြတ်ပြီးနေတဲ့အတွက်ကြောင့် လက်တွေ့ကမ္ဘာကြီးနဲ့ကင်းကွာနေတဲ့အတွက် အခြေအနေအရပ်ရပ်က ပျက်စီးမှုဆီဦးတည်လာခဲ့တာပေါ့ဗျာ။ ကျွန်းကို ကယ်တင်နိုင်မယ့်အဖြေကတော့ ကျွန်းရဲ့အကြွယ်ဝဆုံးမိသားစုက ကောင်မလေး(၃)ယောက်ဆီမှာရှိနေပေမယ့် သူတို့တွေကိုယ်တိုင်က ရှေးရိုးစွဲအစဉ်အလာတွေကိုလက်ခံထားကြပြီး အချင်းချင်းလည်း သဘောထားတွေကွဲလွဲနေကြပါတယ်။တစ်နေ့မှာတော့ အဲ့ကျွန်းပေါ်ကို ကောင်လေးတစ်ယောက် မျောလာပြီးတော့ သူကအနာဂတ်ကလာတဲ့သူဖြစ်ပြီး ကျွန်းရဲ့ပျက်စီးမှုဆီဦးတည်နေတဲ့ကိစ္စရပ်တွေကိုပြောင်းလဲပေးနိုင်မယ့်သူဖြစ်ကြောင်းပြောဆိုလာတဲ့အခါ….
အဲ့ကောင်လေးရဲ့စကားက တကယ်မှန်ကန်တာလား။ ?
ကျွန်းပေါ်မှာဖြစ်ပွားနေတဲ့ကိစ္စရပ်တွေရဲ့ အရင်းခံအကြောင်းကရော ဘာလဲ။ ?
ပဟေဠိဆန်ဆန်ကိစ္စရပ်တွေကို Main Characterတစ်ယောက် ဘယ်လိုဖြေရှင်းမှာလဲ။ ?
သမားရိုးကျဇာတ်လမ်းတွေကနေခွဲထွက်ပြီး Time Travelသဘောတရားတွေနဲ့ Plotကို တည်ဆောက်ထားတဲ့အတွက် စိတ်ဝင်စားစရာ Serieလို့ဆိုရမှာပါ။
.
Inuyashiki
Inuyashikiတို့မိသားစုဟာ အိမ်ပြောင်းလာခဲ့ပြီး အိမ်အသစ်မှာအခြေကျအောင် လုပ်ခဲ့ပါတယ် တခုထူးခြားကတော့ mr.inuyashikiကို သူ့သားသမီး၂ယောက်ဟာအဖေတစ်ယောက်လို နွေးနွေးထွေးထွေးမဆက်ဆံပဲ အေးတိအေးဆက်ပဲ ဆက်ဆံခဲ့ပြီးအဖေအပေါ်ကိုကြင်ကြင်နာနာမရှိခဲ့ပါဘူး
Mr.inuyashikiကတော့ နောက်ရက်မှာနေမကောင်းလို့ဆေးသွားစစ်ရာကနေ အစာအိမ်ကင်ဆာဖြစ်နေတာကိုသိခဲ့ရပြီးလပိုင်းပဲ အသက်ရှင်ရတော့မယ်ကိုသိခဲ့ရပါတယ်
အိမ်က သူ့မိသားစုကလဲအဖေအပေါ်ကိုနွေးနွေးထွေးထွေးမရှိလို့ mr.inuyashikiဟာ သူ့ရဲ့ရောဂါကိုထုတ်မပြောခဲ့ပဲ တစ်ယောက်တည်းပန်းခြံထဲမှာ သူ့ရဲ့ခွေးလေးနဲ့ ငိုကြွေးနေခဲ့ပါတယ်
အဲ့ဒီမှာပဲ ထူးခြားတဲ့အဖြစ်အပျက်တခုဖြစ်ပျက်ခဲ့ပြီး အမည်မသိ အလင်းတန်းကြီး တခုဟာသူ့အပေါ်ကိုရိုက်ကျလာခဲ့ပါတယ်
မနက်လဲရောက်ရော mr.inuyashiki ဟာသူ့ကိုသူထူးခြားမှုတွေကို ကြုံတွေ့ခဲ့ရပြီး ဘာစားစားအရသာမရှိတာ မျက်စိလဲမမှုန်တော့တာရယ် ပိုပြီးထူးခြားတာကတော့ ဆေးလဲပြန်စစ်ကြည့်ရော သူ့ရဲ့ကင်ဆာရောဂါဟာလုံးဝပျောက်ကင်းသွားပြီး ဓာတ်မှန်မှာ လူရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းပုံတွေပါမလာတာ ကဆရာဝန်တွေကိုပါအံအားသင့်စေခဲ့ပါတယ်
အိမ်လဲပြန်ရောက်ရော သူ့ရဲ့ပြောင်းလဲသွားတဲ့ပုံစံကိုသူမြင်ခဲ့ရပါတယ် သူ့ရဲ့ခန္ဓာကိုယ်ဟာ လူရဲ့ခန္ဓာကိုယ်လိုမဟုတ်တော့ပဲ စက်ရုပ်တရုပ်ရဲ့ကိုယ်လို ပြောင်းသွားတာကိုကြောက်ခမန်းလိလိ ပြောင်းသွားတာကိုတွေ့လိုက်ရပါတယ်
အဲ့ဒီနောက် mr.inuyashikiဟာ သူ့ရဲ့ရရှိလာတဲ့အစွမ်းတွေကိုတစတစနဲ့ကောင်းကျိုးတွေလူတွေကို ကယ်တင်တဲ့နေရာတွေဟာအသုံးပြုခဲ့ပါတယ်
ဒါပေမယ့် တခုရှိတာက ဖြစ်ပျက်သွားခဲ့တဲ့အဖြစ်အပျက်ထဲမှာ သူတစ်ယောက်တည်းရှိခဲ့တာမဟုတ်ပဲ shishigamiဆိုတဲ့လူငယ်လေးတစ်ယောက်ပါရှိနေခဲ့တာဖြစ်ပြီး သူပါအဲ့လိုအစွမ်းတွေကိုရရှိခဲ့တာလဲဖြစ်ပါတယ်
ဒါပေမယ့်အဲ့လူငယ်လေးဟာ သူ့ရဲ့အစွမ်းတွေကို ကောင်းကျိုးအတွက်အသုံးမချပဲ လူတွေကိုလိုက်သတ်ပြီးဆိုးကျိုးတွေဖြစ်အောင်လုပ်နေခဲ့ပါတယ်
အဲ့နောက်ပိုင်းမှာဆက်လက်ရှစားရမှာကတော့ ကောင်းကျိုးတွေလုပ်တဲ့inuyashikiနဲ့ ရာဇဝတ်မှုတ်ေကျူးလွန်လာတဲ့ လူငယ်လေး shishigamiတို့ရဲ့ဇာတ်လမ်းကိုပါပဲ
ဒီ animeမှာတော့ inuyashikiဟာ heroဖြစ်ပြီး shishigamiဟာ villainဖြစ်ပါတယ် သူတို့နှဦးရဲ့ဇာတ်လမ်းကိုပဲအဓိက ပြသထားပြီးတပိုင်းပြီးရင် မရပ်မနားပဲကည့်ရအောင်ကိုဆွဲဆောင်မှုအပြည့်ရှိတဲ့ animeလဲဖြစ်နောက်ဆုံးပိုင်းမှာ အဲ့ heroနဲ့ villainတို့ ဘလို့မြင့်မြတ်တဲ့အလုပ်ကိုလုပ်ခဲ့ဆိုတာကို ပြထားတဲ့ animeလဲဖြစ်လို့လက်လွှတ်မခံဖို့ပဲအကြံပြုလိုက်ချင်ပါတယ်
.




























