ခင်ဗျားတို့မဖဲဝါကိုကြားဖူးကြမှာပါ ဝတၳုတိုင်းကမဖဲဝါကိုကြောက်စရာကောင်းတယ်ပဲရေးကြပါတယ် လမ်းတွေ့သမျှလူတိုင်းကိုမေးလည်းရုပ်ဆိုးပန်းဆိုးလျှာတစ်လစ် ခေါင်းပြတ် ရှေ့သွားနှစ်ချောင်းကတစ်တောင်လောက် စသဖြင့်ပေါက်ကရလေးဆယ်ထင်သမျှလျှောက်ပြောမှာပါ ကျွန်တော့်မှာမေးခွန်းတစ်ခုရှိပါတယ် မဖဲဝါကိုသူတို့တကယ်မြင်ဖူးကြတယ်ထားပါတော့ မဖဲဝါရဲ့ရုပ်အမှန်ပါလို့ဘယ်သူအာမခံနိုင်သလဲ? မဖဲဝါကချစ်စရာသရဲမလေးတစ်ယောက်လို့ဘယ်သူမှမတွေးဖူးကြဖူးလား? ကျွန်တော့်ကိုအဲ့လိုမေးခွန်းတွေမေးလာစေတဲ့တရားခံကိုမိတ်ဆက်ပေးပါမယ်
Niiya Teiichi ကအလယ်တန်းဒုတိယနှစ်စတက်မယ့်ကျောင်းသားလေးပါ ကျောင်းပိတ်ရက်တစ်ရက်မှာသူတက်ရတဲ့ကျောင်းကြီးရဲ့အခန်းတွေကိုလိုက်စူးစမ်းနေပါတယ် သူလမ်းပျောက်သွားချိန်မှာသူ့ခေါင်းထဲပေါ်လာတဲ့အတွေးတွေကတော့အပြင်မှာလူတိုင်းပါးစပ်ဖျားပြောနေကြတဲ့သရဲမတစ်ယောက်အကြောင်းပါ သရဲမကခုနကျွန်တော်ပြောသလိုပေါက်ပန်းလေးဆယ်ပုံလူတိုင်းကပြောကြပါတယ် သရဲကမှန်ထဲကထွက်လာပြီးလူတွေကိုဖမ်းတတ်တယ်လို့ပြောတာကိုသူ့နားထဲကြားယောင်နေပါတယ် အခန်းတစ်ခုအရောက်မှာမှန်ရှည်တစ်ချပ်ကိုသူတွေ့လိုက်ပါတယ် အဲ့အချိန်သူ့ရဲ့နောက်ကနေTeiichiဆိုတဲ့ခေါ်သံကြားလိုက်တာကြောင့်လှည့်ကြည့်လိုက်မိတဲ့အခါ ကျောင်းသူမလေးတစ်ယောက်ကိုတွေ့လိုက်ပါတယ် ရုတ််တရက်လန့်ပြီးဖင်ထိုင်ကျသွားပါတယ် ကျောင်းသူကNiiyaလမ်းပျောက်နေမှန်းသိလိုက်တာကြောင့်သူ့ခေါ်ပြီးလျှောက်လမ်းဆီသို့အတူလမ်းလျှောက်ပါတယ် လမ်းလျှောက်နေရင်းကျောင်းသူကနောက်လှည့်ပြီး သူမကသရဲတစ်ယောက်ဖြစ်ကြောင်းပြောပါတယ် ပြီးနောက်ရှေ့ကိုဆက်လျှောက်သွားပါတယ် Niiyaရဲ့အသိစိတ်ကလက်မခံတာကြောင့်သရဲဆိုတာထိတွေ့လို့မရဘူးဆိုတဲ့အချက်ကိုစဉ်းစားမိပြီး ကျောင်းသူကိုလက်ဖြင့်လှမ်းကိုင်လိုက်တဲ့အခါမှာတော့Niiyaတစ်ယောက်ထွက်ပြေးချင်စိတ်ပေါက်သွားခဲ့ပါတယ်
ဒီanimeလေးကြည့်ပြီးခင်ဗျားတို့တွေသရဲတွေကိုအကောင်းမြင်လာမှာပါ သရဲဆိုတာကြောက်စရာမဟုတ်ပါဘူး သနားစရာသတ္တဝါတွေပါ Ep12ပိုင်းနဲ့SpecialEp1ပိုင်းထွက်ရှိထားပါတယ် horrorဆန်ပေမယ့်ဇာတ်ကောင်နေရာကနေခံစားမိပြီးသာကြောက်ရွံမိမှာပါ romanceအသားပေးထားပါတယ် ခံစားမှုရသကောင်းကောင်းရရှိမှာပါ မျက်ရည်ကိုအသာတကြည်ထုတ်ပေးနိုင်တဲ့animeပါ ဇာတ်သိမ်းကခင်ဗျားစိတ်တိုင်းကျစေရပါမယ်
သရဲတွေကိုမကြောက်ပါနဲ့ သူတို့မကြိုက်ပါဘူး
.
.

