A Tale of Worst One

ဒီAnimeလေးက 2015မှာ ထုတ်လွှင့်ခဲ့တဲ့Serieလေးပါ။ Animeဇာတ်အိမ်တည်ရာကမ္ဘာကြီးက Alternate Earth လို့ခေါ်ဆိုပြီး သာမန်ထက်ထူးခြားတဲ့စွမ်းအင်ရှိကြသူတွေကိုBlazersတွေလို့ခေါ်ဆိုကြပါတယ်။

Blazerတွေက စိတ်ကနေတစ်ဆင့်ဖြစ်ပေါ်လာတဲ့ပုံစံအမျိုးမျိုးစွမ်းအားအမျိုးမျိုးရှိတဲ့ Blazeတွေကိုအသုံးပြုကြပါတယ်။
Blazersတိုင်းရဲ့အိမ်မက်က Magical Knightတစ်ယောက်ဖြစ်လာဖို့ပါ။
ဇာတ်လမ်းလေးစလာတာက Hagun Academyကို Vermillion Empire ရဲ့ဒုတ်ိယမင်းသမီး Stella Vermillionပြောင်းလာရာကနေစပါတယ်။
 အရာရာတိုင်းမှာထူးချွန်တဲ့ Rank Aအဆင့်ရှိတဲ့သူမက Ikki Kuroganeဆိုတဲ့ Rank Fတစ်ယောက်နဲ့အခန်းဖော်အတူတူကျလာရာကနေ အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေကြောင့် ရှုံးသူအစေခံဖြစ်ကြေး Duelယှဉ်ရပါတော့တယ်။
ဒီDuelမှာ နိုင်ခဲ့တဲ့သူက ဘယ်သူလဲ ?
သူတို့နှစ်ယောက် အခန်းဖော်တွေရောဖြစ်လာကြမှာလား ?
တခြားBlazersတွေအတိုင်း သူတို့လည်း Magical Knight ဖြစ်လာမှာလား ?
 Ecchi Typeခပ်ပါးပါးလေးမို့ Boyတွေအကြိုက်ပါ။
ခပ်ပေါ့ပေါ့ပါးပါးကြည့်ရကောင်းသလို တစ်ချို့နေရာတွေမှာတော့မမျှော်လင့်ထားတဲ့အချိုးအကွေ့လေးတွေက စိတ်ကိုဆွဲဆောင်သွားပါလိမ့်မယ်လို့ပြောကြားရင်း….
.

Leave a comment

Design a site like this with WordPress.com
Get started