Ajin – Demi Human

ရှင်သန်ခြင်းဆိုတာရှိရင် သေဆုံးခြင်းဆိုတာလည်း ရှိပါတယ်။ ဒါပေမယ့် တကယ်ရော အဲ့လိုဟုတ်ပါရဲ့လား? သင်သာ လုံးဝမသေနိုင်တဲ့လူဆိုဘယ်လိုလုပ်မလည်း? ဖြစ်နိုင်ခြေတွေကတော့ အများကြီးပါပဲ။
ဟိုးလွန်ခဲ့တဲ့ဆယ့်ခုနှစ်နှစ်တုန်းက အာဖရိကမှာ Ajin ဆိုတဲ့ ထူးခြားတဲ့မျိုးစိတ်တစ်မျိုးကိုတွေ့ရှိခဲ့ပါသတဲ့။ အဲ့မျိုးစိတ်ဟာ မအိုမနာမသေဘူးလို့ဆိုကြပြီး ထူးခြားတဲ့အစွမ်းတွေကိုပိုင်ဆိုင်တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ပုံပန်းသွင်ပြင်ဟာလည်း လူတွေလိုပဲဖြစ်ပါသတဲ့။ ဒီလို Ajin တွေဟာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပဲလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကများ ကမ်ဘာကြီးကိုဖျက်စီးဖို့ လွှတ်လိုက်တာလား?
အဲ့လို Ajin တွေကို စတင်တွေ့ရှိကတည်းက ကမ်ဘာ့နေရာအနှံ့မှာ အခြားအခြားသော Ajin တွေလည်း ပေါ်လာခဲ့ပါသတဲ့။ သာမန်လူတွေအတွက်တော့ ဒီလိုမျိုးသတ္တဝါတွေအကြောင်းကို သတင်းမှာတို့၊ ကျောင်းဖတ်စာအုပ်တို့တွေမှာပဲ တွေ့နိုင်တာပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Kei အတွက်လည်း Ajin ဆိုတာဟာ ယုံတမ်းတစ်ခုဆိုတာကလွဲပြီး မပိုခဲ့ပါဘူး။ Kei က ကျောင်းကိုမှန်မှန်တက်ပြီး စာကိုကောင်းကောင်းကြိုးစားတဲ့ သာမန်ကျောင်းသားတစ်ယောက်ပါ။ ဒါပေမယ့် တစ်နေ့မှာတော့ သူဟာ မမျှော်လင့်ပဲ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပြီး သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။
 မတော်တဆ တစ်ခုကြောင့်သူ့ကိုသူ ajin တစ်ယောက်လို့စသိလိုက်ချိန်မှာ တစ်ကမ်ဘာလုံးရဲ့ စောင့်ကြည့်ခြင်းကိုခံခဲ့ရတယ်။ ဒီလိုနဲ့သူ့ကိုယ်သူလွတ်မြောက်အောင် နည်းလမ်းပေါင်းဆုံသုံးခဲ့တယ်။ နောက်ajin တွေက ဂျပန်မှာ သူတစ်ယောက်ထဲရှိတာ မဟုတ်ဘူးလို့သူသိလိုက်ရတဲ့ အချိန်မှာတော့…..
Ajin ဟာ သေခြင်း၊ရှင်ခြင်းတွေနဲ့သက်ဆိုင်တဲ့သဘာဝလွန်ဖြစ်ရပ်တွေကို ရိုက်ကူးထားတဲ့ anime ပဲဖြစ်ပါတယ်။ ဒီ anime ကို ကြည့်ပြီးရင်တော့ ‘လူသားဆန်တယ်ဆိုတာဘာလည်း? လူဖြစ်တာနဲ့ လူသားဆန်သွားရောတဲ့လား? Ajin တွေကကော လူသားဆန်နိုင်ဘူးလား” အစရှိသဖြင့် အတွေးပေါင်းများစွာတွေးမိနေပါလိမ့်မယ်။

Leave a comment

Design a site like this with WordPress.com
Get started