နာနာမီ မိုမို ဇိုနိုဆိုတဲ့ကောင်မလေးကပုံမှန် အထက်တန်း ကျောင်းသူ
တွေလိုပါပဲ ပုံမှန် အိပ်မက်တွေ စိတ်ကူတွေနဲ့ ဘ၀ကို ရိုးရိုးရှင်းရှင်း
ဖြတ်သန်းနေတာပေါ့ ဒါပေမဲ့ သူမဘ၀ရဲ့ တစ်ချိုးမှာတော့ သူမရဲ့
အဖေဟာလောင်းကစား အကြွေးတွေ ပိပြီး အိမ်နဲ့ သူမကိုပစ်ကာ
ထွက်ပြေးသွားပါတော့တယ်။ အထက်တန်းပဲ ရှိသေးတဲ့
နာနာမီလေးဟာ အိမ်က အကြွေးဆပ်လိုက်ရတဲ့ နောက်
အိမ်ခြေရာမဲ့ဖြစ်ပြီး လမ်းပေါ်ရောက်လာပါတော့တယ်။ ကံကြမ္မာရဲ့
အလှည့်အပြောင်းတွေ ကြားမှာ သူပိုင်တာဆိုလို့ လှပနူးညံ့တဲ့
စိတ်နှလုံးသားလေးပဲ ကျန်ပါတော့တယ်။ တွေတွေဝေ၀နဲ့ ပန်းခြံထဲ
ထွက်လာရင်း ခွေးကြောက်လို့ သစ်ပင်ပေါ်က မဆင်းရဲတဲ့
သူစိမ်းဖြစ်သူ မီကာခဲကို ကူညီမးလိုက်ပါတယ်။ မီကာခဲလဲ နာနာမီဘ၀
အမှန်တွေ သိတော ကူညီမယ်ဆိုပြီး မီကာခဲအိမ်ကို သွားလို့ရတယ်
ဆိုတဲ့ အမှတ်သားလေးပေးပြီး
ပျောက်ကွယ်သွားပါတယ်။ နာနာမီလဲ မယုံတစ်၀က်ယုံတစ်၀က်နဲ့
မီကာခဲအိမ်ကို လိုက်သွားကြိုက်တော့ ဘုရားကျောင်းမှာ တိုမိုအဲဆိုတဲ့
ကောင်လေးနဲ့ တွေ့ဆုံပြီး သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ဘယ်လို
ရင်ခုန်စရာလေးတွေ ဆက်ဖြစ်မလဲ နာနာမီရခဲ့တဲ့
အမှတ်အသားလေးကရော ဘယ်လို အာနိသင်တေ
ွရှိမလဲ ဆိုတာဆက်ပြီး စောင့်ကြည့်လိုက်ပါဦးနော် ဒီကာတွန်းလေးရဲ့
အဓီက အမာခံ ပရိသတ်တွေက ဣတ္ထိယသော မိန်းကလေးအပေါင်း
တို့ဖြစ်ပါတယ် တိုမိုအဲရဲ့ ရုပ်တည်ကြီးနေတတ်ပေမဲ့ နာနာမီနဲ့
ပတ်သက်ရင် ဘယ်လိုမှနေမရထိုင်မရဖြစ်လာပုံတွေ ထမင်းဟင်း
လေးတွေကိုတောင် သေချာဂရုတစိုက် ခူးခပ်လို့ချက်ကျွေးပုံလေးတွေ
ကကြည့်ရှုသူ မိန်းကလေးပရိသတ်တို့ရဲ့ နှလုံးသားတစ်နေရာကို
ယူငင်သွားပါတယ်။
.


