Elder Tales ဆိုတဲ့ game ဟာ တကမ္ဘာလုံးဆော့တဲ့သူ သန်းပေါင်းများစွာရှိတဲ့ နာမည်ကြီး MMROPG game တခုဖြစ်ပါတယ် … တနေ့မှာတော့ game ကို update လုပ်တဲ့အချိန်မှာ play နေကြတဲ့သူတွေအကုန်လုံးဟာ game ကမ္ဘာထဲကိုရုတ်တရက်ရောက်သွားကြပါတော့တယ် ..
ဒီ series ရဲ့ main character ဖြစ်တဲ့ Shiroe ဟာလဲ game ကမ္ဘာထဲကိုရောက်လာခဲ့ပါတယ် …
game ကို အပြင်ကနေ play တာနဲ့ game ထဲကို ရောက်သွားတာနဲ့ လုံးဝမတူတဲ့ အခြေအနေမှာ ရောက်သွားတဲ့ players တွေအတွက် တိုက်ခိုက်တာတွေကအစ ကိုယ်တိုင်တိုက်ခိုက်ရတာတော့ အခက်အခဲတွေ ပြဿနာတွေ စတင်ပေါ်ပေါက်လာပါတော့တယ် … Shiroe က သူနဲ့အတူတူရောက်နေတဲ့ Naotsugu ရယ် Akatsuki ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ ဒီအခြေအနေကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲ? တူသယောင်ယောင်ရှိနေပေမဲ့ သူတို့ရောက်နေတဲ့ game ကမ္ဘာကြီးက ဘယ်နေရာတွေမှာ ပြောင်းလဲနေသလဲ ?
အကုန်လုံးကို အကွက်စေ့စေ့ plan ချနိုင်တဲ့ Shiroe ရဲ့ skill တွေကိုလဲ မြင်ရမှာပါ … အရင်ကနဲ့မတူပဲ ပြောင်းလဲမှုတွေ စဖြစ်နေတဲ့ Elder Tales game ကမ္ဘာကြီးကို Shiroe တို့ ဘယ်လိုပြန်ပြောင်းလဲမလဲ ?
တိုက်ခိုက်တာတွေတင်မဟုတ်ပဲ နိုင်ငံရေး, စီးပွားရေး စတဲ့ အခြေအနေတွေကိုပါ ထည့်ထားလို့ plot က အတော်လန်းပါတယ် …
Mamare Touno ရေးထားတဲ့ light novel ကို animate လုပ်ထားတာဖြစ်ပြီး Season 2 ခုရှိပါတယ် … နာမည်ကြီး series တွေထဲကတခုလဲဖြစ်ပါတယ် ..
.


