My Hero Academia

ကမ္ဘာ့လူဦးရေရဲ့ ၈၀% ကျော်ခန့် ဟာ သဘာဝလွန်အစွမ်းကိုယ်စီရှိလာကြပြီး အစွမ်းမရှိတဲ့ သာမန်လူဆိုတာ အလွန်ရှားပါးလာခဲ့ပါတယ်
ဒီလိုအစွမ်းရှိတဲ့လူတွေကြားမှာ အစွမ်းကို သုံးချင်တိုင်းသုံးပီး ဒုစရိုက်မှုကျူးလွန်နေတဲ့သူတွေလဲရှိလာပါတယ်…
ဒါတွေကိုဖြေရှင်းနိုင်ဖို့ အစွမ်းတွေကို အများကောင်းကျိုးအတွက်အသုံးချပြီး လူတွေကိုကယ်တင် ဒုစရိုက်မှုတွေကိုတိုက်ထုတ်တဲ့ အလုပ်အကိုင်တခုပေါ်ပေါက်လာခဲ့ပါတယ်
ဒါကတော့ Hero ဆိုတဲ့ အလုပ်ပါပဲ
ဒီ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Midoriya Izuku ဟာ ဘာအစွမ်းမပါ မွေးဖွားလာတဲ့ သာမန်ကလေးတယောက်ဖြစ်ပါတယ်
 ဒါပေမဲ့သူမှာ အိမ်မက်တခုရှိပါတယ် 
အဲ့တာကတော့ တနေ့မှာလူတွေကို ကယ်တင်မဲ့ Hero တယောက်ဖြစ်ချင်တာပါ
ငယ်ငယ်ထဲက အစွမ်းရှိတဲ့ သူငယ်ချင်းတွေ အနိုင်ကျင့်တာခံလာရတဲ့ Izuku ဟာ သူဖြစ်ချင်တဲ့ Hero တယောက်ဖြစ်လာနိုင်ဖို့ဘယ်လိုကြိုးစားသွားမလဲ?
ဘယ်သူတွေကကောသူ့ကို ကူညီပြီး ဘယ်လိုအစွမ်းထက်တဲ့ Hero တယောက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ်
.

Leave a comment

Design a site like this with WordPress.com
Get started