Boarding School Juliet

Dahila Academy Boarding school မှာတော့ ကျောင်းသားအုပ်စု ၂ စုကွဲနေပါတယ်။ တစ်စုကတော့ အနောက်ဘက်ခြမ်းကလာတဲ့ “White Cats” ဖြစ်ပြီး တစ်စုကတော့ အရှေ့ဘက်ခြမ်းကလာတဲ့ “Black Dogs” ပါ။ ကျောင်းတစ်ကျောင်းမှာ ပေါင်းသင်နေရပေမဲ့ ရှေ့ကတည်းက လာတဲ့အစဉ်အလာအရ ဒီ ၂ စုက လုံးဝလုံးဝမတည့်ကြပါဘူး။ အချိန်တိုင်းလိုလို ရန်ပွဲတွေဖြစ်လေ့ရှိပြီး အဖွဲ့ ၂ ဖွဲ့ရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် သတ်ပုတ်ကြတာပါ။ အမြဲလိုလိုကျောင်းကောင်စီက ဝင်ဖြေရှင်းမှသာရန်ပွဲရပ်လေ့ရှိတာပါ။ White Cats ရဲ့ခေါင်းဆောင်က အရာရာမှာထူးချွန်ပြီး တိုက်ရည်ခိုက်ရည်လည်းအပြည့်ရှိတဲ့ ယောကျာ်းလေးတွေကိုတောင် အလဲထိုးနိုင်တဲ့ Juliet Persia ဆိုတဲ့ကောင်မလေးပါ။ Black Dogs ရဲ့ခေါင်းဆောင်ကတော့ အဖွဲ့ကိုသစ္စာရှိပြီးခေါင်းဆောင်ပီသတဲ့ Romio Inuzuka ဆိုတဲ့ကောင်လေးပါ။ ငယ်စဉ်မူကြိုလောက်တည်းက မတည့်ဘဲ အချင်းချင်း သတ်ပုတ်လာကြတဲ့ ရန်သူတွေဆိုလည်းမမှားပါဘူး။ ဒါပေမဲ့ Inuzuka မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။အဲဒီ လျှို့ဝှက်ချက်ကတော့ သူဟာ မလုပ်သင့်ဘဲမဖြစ်သင့်ဘဲ White Cats တို့ရဲ့ခေါင်းဆောင် Juliet ကိုသဘောကျနေတာပါပဲ။ ဘယ်လိုပဲငယ်ငယ်တည်းက ရန်ဖြစ်ဖော်ရန်ဖြစ်ဘက်ပဲဆိုဆို ကြီးလာတော့ ကိုယ့်ကိုယ်ပိုင်နှလုံးသားကိုသတိထားလာမိခဲ့ပါတယ်။ ဒါကြောင့်မို့ Juliet နဲ့ထိပ်တိုက်တွေ့တိုင်း ခေါင်းဆောင်ပီပီ တိုက်ခိုက်နေရတာပါ။တကယ်က Inuzuka ဟာ သူ့ခံစားချက်ကို Juliet ကို ဖွင့်ပြောချင်နေတာကြာပါပြီ။ ဒီလိုနဲ့ ဆက်ပြီးသွားနေရင် Juliet သူ့ကိုမုန်းသွားမှာကိုစိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့်မို့ အရဲစွန့်ပြီးဖွင့်ပြောလိုက်တဲ့အခါမှာတော့ …….
သူ့ခံစားချက်ကိုလုံးဝမရိပ်မိခဲ့တဲ့ Juliet တစ်ယောက် ဘယ်လိုတုန့်ပြန်လာမလဲ? သူ့အဖွဲ့အတွက်ရော သူက သစ္စာဖောက်တဲ့ခေါင်းဆောင်ဖြစ်သွားပြီလား? ဘယ်လိုပြသနာတွေရှိလာနိုင်မလဲဆိုတာကတော့ …..

Leave a comment

Design a site like this with WordPress.com
Get started