လွန်ခဲ့သော နှစ်ပေါင်းများစွာတုံးက ဘုရားသခင်လို့ခေါ်တ့ဲသူတွေဟာ လူပြည်ကိုဆင်းသက်လာခဲ့ပြီး သူတို့ရဲ့ နတ်ဘုရားအစွမ်းတွေကို Seal ပိတ်သိမ်းထားပြီးတော့ လူသားတွေနဲ့အတူနေထိုင်ဖို့လာခဲ့ကျတယ် နတ်ဘုရားတွေထဲကမှ Hestia လို့ခေါ်တဲ့ Loli Oppai နတ်ဘုရားမလေးနဲ့ Cranel, Bell ဆိုတဲ့ adventurer(စွန့်စားသူ)ဖြစ်ချင်တဲ့ကောင်လေးတို့တွေ့ဆုံကာ ဘာတွေဆက်ဖြစ်မလဲဆိုတာ…. . Watch (or) Download
Tag Archives: Comedy
Black Butler
မိဘနှစ်ပါးသာမက စည်းစိမ်ဥစ္စာအားလုံးကို တစ်ပြိုင်နက်ထဲဆုံးရံှုးလိုက်ရတ့ဲ Ciel Phantomhive ဟာ အကူအညီ တောင်းပေမယ့်ရောက်မလာတ့ဲဘုရားကိုစိတ်နာလျက် ။ သူ့ရဲ့ နာကျည်းနေတ့ဲအကူအညီတောင်းသံကို ကြားသွားသူကတော့ မိစၧာတစ်ကောင် ။ Ciel ဟာ သူ့ရင်ထဲက လက်စားချေချင်စိတ်မပျောက်မချင်း ထိုမိစၧာကကူညီပေးမှာဖြစ်ပြီး သူစိတ်ကျေနပ်သွားတ့ဲနေ့မှာတော့ သူ့ရဲ့ဝိဉာဉ်ကိုမိစၧာအားစားသုံးခွင့်ပေးဖို့ စာချုပ်ချုပ်လိုက်ပါတယ် ထို့နောက် ဘဏ္႑ာစိုးအသွင်ဆောင်ထားသောထိုမိစၧာနဲ့အတူ သူ့ရဲ့လက်တုန့်ပြန်မှုကို စတင်လိုက်ပါတယ် ။ ဒီဇာတ်လမ်းမှာဆိုရင် Ciel လေးရဲ့ Phantomhive မိသားစုခေါင်းဆောင် အမွေဆက်ခံသူတစ်ဖြစ်လဲ ဘုရင်မရဲ့ သစ္စာခံ ”ဘုရင်မရဲ့အစောင့်ခွေး” တစ်ဖြစ်လဲ အမှုပေါင်း သောင်းခြောက်ထောင်ကို သစ္စာရှိဘဏ္႑ာစိုးနဲ့အတူ ဖြေရှင်းရင်း သုံးစားမရပါသောအစေခံများ၏ ဟာသဖြစ်ရပ်များနဲ့အတူ အကောင်းနဲ့အဆိုးသာမက မကောင်းတစ်ကောင်းသူတွေပါ ဝင်ရောသော အရှုပ်တော်ပုံတိုက်ပွဲကို ခံစားရမှာဖြစ်ပါတယ်ဗျ. Watch (or) Download
3D Kanojo Real Girl
Tsutsui Hikari ဟာ Otaku တစ်ယောက်ဖြစ်ပါတယ်။ Otaku ဆိုတာနဲ့အညီ လူသူကြားထဲမှာ အံမဝင် အများကလဲစိတ်ပျက်စရာလူလို့သတ်မှတ်ခံထားရသူတစ်ယောက်ပါ။ အထက်တန်းတက်နေတယ်ဆိုပေမယ့် သူ့မှာသူ့လိုမျိုး Otaku သူငယ်ချင်းတစ်ယောက်သာရှိပါတယ်။ တစ်နေ့မှာ Tsutsui Hikari ဟာ Igarashi Iroha ဆိုတဲ့ အရမ်းလှပြီးနာမည်ကြီးတဲ့ ကောင်မလေးတစ်ယောက်နဲ့ အတူ ကျောင်းရေကန်ကို သန့်ရှင်းရေးအတူလုပ်ရဖို့ ခိုင်းခြင်းခံရပါတယ်။ တကယ်တော့ Tsutsui Hikari ဟာ သူ့ရဲ့ virtual world ဖြစ်တဲ့ manga, game, anime တွေထဲက မိန်းကလေးများမှလွဲ၍ လက်တွေ့လောက က မိန်းကလေးများကို မုန်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လဲ မိန်းကလေးတွေကသူ့ကို ရွံစရာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် Igarashi Iroha ရဲ့ဟန်ဆောင်မှုကင်းတ့ဲ လုပ်ရပ်တွေ၊ နားလည်ကူညီပေးမှုတွေကြောင့့်် OtakuContinue reading “3D Kanojo Real Girl”