Demon Slayer

လွန်ခဲ့သောနှစ်များစွာကတည်းက လူတွေကိုသတ်ဖြတ်စားသောက်တဲ့ Demon (မကောင်းဆိုးဝါး) တွေဟာ တောတွေထဲမှာ နေထိုင်ကျက်စားကြတယ် ဆိုတဲ့ ကောလဟာလတချို့ရှိခဲ့ပါတယ် သူတို့ရန်ကိုကြောက်လန့်ရတဲ့လူတွေဟာ ညဘက်ဆိုအပြင်မထွက်ရလောက်အောင်ပါပဲ ဒဏ္႑ာရီတွေအရ အဲ့ဒီ မကောင်းဆိုးဝါးတွေ ကိုညဘက်တွေမှာအမဲလိုက် နှိမ်နင်း နေတဲ့ Demon slayer တစ်ယောက် ရှိတယ်လို့လဲ ဆိုကြပါတယ်………..  Tanjiro Kamado ဆိုတဲ့ လူငယ်လေးဟာ ရိုးသားပြီး ကြင်နာတတ်ရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ် သူ့ရဲ့ ဖခင်မရှိတော့ ပေမဲ့ သူဟာ သူ့ရဲ့ မိသားစုနဲ့အတူ တောင်ပေါ်ကအိမ်လေးမှာ နေထိုင်ကြပာတယ် သူကိုယ်တိုင်ကတော့ တောင်အောက်က ရွာတွေ မှာ မီသွေးဆင်းရောင်းပြီး မိသားစုဝမ်းစာအတွက်ရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ် သူ့မိသားစုရဲ့နွေးထွေးငြိမ်းချမ်းတဲ့ဘဝက တစ်နေ့သောအခါမှာ အရာရာပြောင်းလဲဖို့အကြောင်းဖန်လာပါတော့တယ် တနေ့ တောင်အောက်က ရွာမှာ မီးသွေးသွားရောင်းပြီး ပြန်အလာမှာ သူ့မိသားစုဟာ Demon တွေရဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းကို ခံခဲ့ရပါတယ်Continue reading “Demon Slayer”

Black Butler

မိဘနှစ်ပါးသာမက စည်းစိမ်ဥစ္စာအားလုံးကို တစ်ပြိုင်နက်ထဲဆုံးရံှုးလိုက်ရတ့ဲ Ciel Phantomhive ဟာ အကူအညီ တောင်းပေမယ့်ရောက်မလာတ့ဲဘုရားကိုစိတ်နာလျက် ။ သူ့ရဲ့ နာကျည်းနေတ့ဲအကူအညီတောင်းသံကို ကြားသွားသူကတော့ မိစၧာတစ်ကောင် ။ Ciel ဟာ သူ့ရင်ထဲက လက်စားချေချင်စိတ်မပျောက်မချင်း ထိုမိစၧာကကူညီပေးမှာဖြစ်ပြီး သူစိတ်ကျေနပ်သွားတ့ဲနေ့မှာတော့ သူ့ရဲ့ဝိဉာဉ်ကိုမိစၧာအားစားသုံးခွင့်ပေးဖို့ စာချုပ်ချုပ်လိုက်ပါတယ် ထို့နောက် ဘဏ္႑ာစိုးအသွင်ဆောင်ထားသောထိုမိစၧာနဲ့အတူ သူ့ရဲ့လက်တုန့်ပြန်မှုကို စတင်လိုက်ပါတယ် ။ ဒီဇာတ်လမ်းမှာဆိုရင် Ciel လေးရဲ့ Phantomhive မိသားစုခေါင်းဆောင် အမွေဆက်ခံသူတစ်ဖြစ်လဲ ဘုရင်မရဲ့ သစ္စာခံ ”ဘုရင်မရဲ့အစောင့်ခွေး” တစ်ဖြစ်လဲ အမှုပေါင်း သောင်းခြောက်ထောင်ကို သစ္စာရှိဘဏ္႑ာစိုးနဲ့အတူ ဖြေရှင်းရင်း သုံးစားမရပါသောအစေခံများ၏ ဟာသဖြစ်ရပ်များနဲ့အတူ အကောင်းနဲ့အဆိုးသာမက မကောင်းတစ်ကောင်းသူတွေပါ ဝင်ရောသော အရှုပ်တော်ပုံတိုက်ပွဲကို ခံစားရမှာဖြစ်ပါတယ်ဗျ. Watch (or) Download 

Design a site like this with WordPress.com
Get started