Dusk Maiden Of Amnesia

ခင်ဗျားတို့မဖဲဝါကိုကြားဖူးကြမှာပါ ဝတၳုတိုင်းကမဖဲဝါကိုကြောက်စရာကောင်းတယ်ပဲရေးကြပါတယ် လမ်းတွေ့သမျှလူတိုင်းကိုမေးလည်းရုပ်ဆိုးပန်းဆိုးလျှာတစ်လစ် ခေါင်းပြတ် ရှေ့သွားနှစ်ချောင်းကတစ်တောင်လောက် စသဖြင့်ပေါက်ကရလေးဆယ်ထင်သမျှလျှောက်ပြောမှာပါ ကျွန်တော့်မှာမေးခွန်းတစ်ခုရှိပါတယ် မဖဲဝါကိုသူတို့တကယ်မြင်ဖူးကြတယ်ထားပါတော့ မဖဲဝါရဲ့ရုပ်အမှန်ပါလို့ဘယ်သူအာမခံနိုင်သလဲ? မဖဲဝါကချစ်စရာသရဲမလေးတစ်ယောက်လို့ဘယ်သူမှမတွေးဖူးကြဖူးလား? ကျွန်တော့်ကိုအဲ့လိုမေးခွန်းတွေမေးလာစေတဲ့တရားခံကိုမိတ်ဆက်ပေးပါမယ် Niiya Teiichi ကအလယ်တန်းဒုတိယနှစ်စတက်မယ့်ကျောင်းသားလေးပါ ကျောင်းပိတ်ရက်တစ်ရက်မှာသူတက်ရတဲ့ကျောင်းကြီးရဲ့အခန်းတွေကိုလိုက်စူးစမ်းနေပါတယ် သူလမ်းပျောက်သွားချိန်မှာသူ့ခေါင်းထဲပေါ်လာတဲ့အတွေးတွေကတော့အပြင်မှာလူတိုင်းပါးစပ်ဖျားပြောနေကြတဲ့သရဲမတစ်ယောက်အကြောင်းပါ သရဲမကခုနကျွန်တော်ပြောသလိုပေါက်ပန်းလေးဆယ်ပုံလူတိုင်းကပြောကြပါတယ် သရဲကမှန်ထဲကထွက်လာပြီးလူတွေကိုဖမ်းတတ်တယ်လို့ပြောတာကိုသူ့နားထဲကြားယောင်နေပါတယ် အခန်းတစ်ခုအရောက်မှာမှန်ရှည်တစ်ချပ်ကိုသူတွေ့လိုက်ပါတယ် အဲ့အချိန်သူ့ရဲ့နောက်ကနေTeiichiဆိုတဲ့ခေါ်သံကြားလိုက်တာကြောင့်လှည့်ကြည့်လိုက်မိတဲ့အခါ ကျောင်းသူမလေးတစ်ယောက်ကိုတွေ့လိုက်ပါတယ် ရုတ််တရက်လန့်ပြီးဖင်ထိုင်ကျသွားပါတယ် ကျောင်းသူကNiiyaလမ်းပျောက်နေမှန်းသိလိုက်တာကြောင့်သူ့ခေါ်ပြီးလျှောက်လမ်းဆီသို့အတူလမ်းလျှောက်ပါတယ် လမ်းလျှောက်နေရင်းကျောင်းသူကနောက်လှည့်ပြီး သူမကသရဲတစ်ယောက်ဖြစ်ကြောင်းပြောပါတယ် ပြီးနောက်ရှေ့ကိုဆက်လျှောက်သွားပါတယ် Niiyaရဲ့အသိစိတ်ကလက်မခံတာကြောင့်သရဲဆိုတာထိတွေ့လို့မရဘူးဆိုတဲ့အချက်ကိုစဉ်းစားမိပြီး ကျောင်းသူကိုလက်ဖြင့်လှမ်းကိုင်လိုက်တဲ့အခါမှာတော့Niiyaတစ်ယောက်ထွက်ပြေးချင်စိတ်ပေါက်သွားခဲ့ပါတယ် ဒီanimeလေးကြည့်ပြီးခင်ဗျားတို့တွေသရဲတွေကိုအကောင်းမြင်လာမှာပါ သရဲဆိုတာကြောက်စရာမဟုတ်ပါဘူး သနားစရာသတ္တဝါတွေပါ Ep12ပိုင်းနဲ့SpecialEp1ပိုင်းထွက်ရှိထားပါတယ် horrorဆန်ပေမယ့်ဇာတ်ကောင်နေရာကနေခံစားမိပြီးသာကြောက်ရွံမိမှာပါ romanceအသားပေးထားပါတယ် ခံစားမှုရသကောင်းကောင်းရရှိမှာပါ မျက်ရည်ကိုအသာတကြည်ထုတ်ပေးနိုင်တဲ့animeပါ ဇာတ်သိမ်းကခင်ဗျားစိတ်တိုင်းကျစေရပါမယ် သရဲတွေကိုမကြောက်ပါနဲ့ သူတို့မကြိုက်ပါဘူး. Watch (or) Download 

3D Kanojo Real Girl

Tsutsui Hikari ဟာ Otaku တစ်ယောက်ဖြစ်ပါတယ်။ Otaku ဆိုတာနဲ့အညီ လူသူကြားထဲမှာ အံမဝင် အများကလဲစိတ်ပျက်စရာလူလို့သတ်မှတ်ခံထားရသူတစ်ယောက်ပါ။ အထက်တန်းတက်နေတယ်ဆိုပေမယ့် သူ့မှာသူ့လိုမျိုး Otaku သူငယ်ချင်းတစ်ယောက်သာရှိပါတယ်။ တစ်နေ့မှာ Tsutsui Hikari ဟာ Igarashi Iroha ဆိုတဲ့ အရမ်းလှပြီးနာမည်ကြီးတဲ့ ကောင်မလေးတစ်ယောက်နဲ့ အတူ ကျောင်းရေကန်ကို သန့်ရှင်းရေးအတူလုပ်ရဖို့ ခိုင်းခြင်းခံရပါတယ်။ တကယ်တော့ Tsutsui Hikari ဟာ သူ့ရဲ့ virtual world ဖြစ်တဲ့ manga, game, anime တွေထဲက မိန်းကလေးများမှလွဲ၍ လက်တွေ့လောက က မိန်းကလေးများကို မုန်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လဲ မိန်းကလေးတွေကသူ့ကို ရွံစရာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် Igarashi Iroha ရဲ့ဟန်ဆောင်မှုကင်းတ့ဲ လုပ်ရပ်တွေ၊ နားလည်ကူညီပေးမှုတွေကြောင့့်် OtakuContinue reading “3D Kanojo Real Girl”

Design a site like this with WordPress.com
Get started