နာမည်ကြည့်လိုက်တာနဲ့ သရဲကားဆိုတာ ခန့်မှန်းမိမှာပေါ့နော်။ သရဲကားဆိုပေမယ့် အရမ်းအရမ်းကို စိတ်၀င်စားဖို့ကောင်းတဲ့ anime လေးပါ။ ကြောက်ဖို့လည်းအဇမ်း…ကောင်း။ ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။ Mai Taniyama လို့ခေါ်တဲ့ ကျောင်းသူလေးတစ်ယောက်က သရဲအကြောင်းပြောရတာအရမ်းကြိုက်တဲ့ ကောင်မလေးတစ်ယောက်… ကျောင်းမှာဆိုသူ့ငယ်ချင်းတွေကို သရဲ အကြောင်းတွေအမြဲတမ်းပြောပြလေ့ရှိတဲ့ သရဲဝါသနာအိုးလေးပေါ့။ တစ်ရက်ကျတော့ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ သူတို့ကျောင်းက ကျောင်းဆောင်အဟောင်းတစ်ခုကို စုံစမ်းစစ်ဆေးဖို့လာတဲ့ Shibuya Psychic Research Centre က ၁၇ နှစ်အရွယ်ကောင်လေးချောချောလေး Kazuya Shibuya နဲ့တွေ့ရော။ တစ်နေ့၊ စပ်စုတဲ့ Mai တစ်ယောက် အဲဒီ ကျောင်းဆောင်အဟောင်းကိုဝင်ကြည့်ရင်း အန္တရာယ်ဖြစ်ခါနီး Kazuya ရဲ့လက်ထောက်က ကယ်လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့ကိုကယ်ရင်းဒဏ်ရာရသွားတဲ့ လက်ထောက်ရဲ့နေရာကို Mai က အစား၀င်လိုက်ရတာပေါ့နော်။ Mai တစ်ယောက် ShibuyaContinue reading “Ghost Hunt”
Tag Archives: Shoujo
Code Realize
Landonမြို့ကြီးရဲ့ လူသူပြတ်တဲ့တစ်နေရာကအိမ်ဟောင်းကြီးထဲမှာ မိန်းကလေးတစ်ယောက်တည်း အထီးကျန်စွာနေနေပါတယ်…တစ်နေ့တော့ Londonတော်ဝင်ရဲတပ်ဖွဲ့က အဲ့ဒီ့မိန်းကလေးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ရောက်လာပါတယ်… မိန်းကလေးက သူမကိုမခေါ်ဖို့တောင်းပန်ပေမဲ့ တပ်သားတစ်ယောက်က သူမလက်ကိုအတင်းဆွဲခေါ်လိုက်တဲ့အချိန်မှာ… လက်အရေပြားတွေ လောက်ကျွမ်းကုန်တယ်…အဲ့ဒီ့မိန်းကလေးက “မသေဆုံးနိုင်တဲ့နှလုံးသားပိုင်ဆိုင်ထားပြီး အဆိပ်တွေနဲ့ပြည့်နေတဲ့ မကောင်းဆိုးဝါးတစ်ယောက်ဖြစ်နေတာပါ” …londonရဲ့ နာမည်ကြီး Lupinခေါင်းဆောင်တဲ့ သူခိုးအုပ်စုကလည်း မိန်းကလေးကိုကာကွယ်ဖို့ လာခေါ်ကြပါတော့တယ်…သူတို့က မိန်းကလေးကို ဘာလို့ကာကွယ်ကြတာလဲ…? မိန်းကလေးကရော ဘာလို့ ဘယ်သူမှထိမရတဲ့အဆိပ်တွေရှိနေရတာလဲ…? Londonတော်ဝင်ရဲတပ်ဖွဲ့ကလည်း သူ့ကိုဘာလို့လိုက်နေတာလဲ…? ဆိုတာရှုစားရမှာပါ။ Action, Fantasy, Romanceတို့ပေါင်းစပ်တင်ပြထားတာမို့ မလွတ်တမ်းစောင့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မင်းသား၊မင်းသမီးကလည်း အဆင်လေးတွေမို့ ကြည့်ရတာတန်ပါတယ်လို့ 😁. Watch (or) Download