Jyugo,Uno,Rock,Nico ဆိုတဲ့ရာဇဝတ်သား လေးယောက်ဟာ Nanba လို့ အမည်ရတဲ့ ကမ်ဘာ့ စည်းကမ်းအကြပ်ဆုံးထောင်ထဲသို့ ပို့ခြင်းခံလိုက်ရတယ်။ Jyugo ဟာ သူကျခဲ့ ထောင်မှန်သမျှထဲမှ ခဏခဏ ခိုးထွက်တာဝါသနာပါတယ်၊ Uno ကလောင်းကစားလုပ်ရင်းနဲ့ မိန်းမပွေတယ်၊ Rock က ရန်ဖြစ်ရတာကြိုက်တယ်၊ Nico က Anime နဲ့ game တွေကိုသဘောကျ တယ်။ သူတို့လေးယောက်ဟာ ထောင်ဖောက်ပြေးရတာ ကြိုက်ကြသလို နေ့တိုင်းလိုလို ထွက်ပြေးကြတယ်။ သို့သော် ထောင်ပြင်သို့မရောက်မှီ ပြန်ဖမ်းမိကြလေသည်။ ဒီလိုနဲ့ နေ့တိုင်းလိုလို ပြေးလိုက်ဖမ်းမိလိုက်နဲ့ ပျော်စရာနေ့များဖြတ်သန်းရာ သူတို့တကယ် ထွက်ပြေးနိုင်ခဲ့တဲ့ နေ့ရှိမလားလို့ ကြည့်ရှုပ်ခံစားလိုက်ကြပါ။ . Watch (or) Download
Tag Archives: Supernatural
Inari Konkon Koi Iroha
အမြဲတန်း ထုံထုံအအနဲ့ရှက်ပြာရှက်ပြာနိုင်တဲ့ အလယ်တန်းကျောင်းသူလေး Inari Fushimi က သူတစ်ပါးအပေါ်အမြဲဂရုစိုက်တတ်ပြီး တစ်ရောက်ရောက်အကူအညီလိုနေရင်မကူညီပဲမနေနိုင်တဲ့လူမျိုးဖြစ်ပြီး အလုတ်အရမ်းကြိုးစားတဲ့ kojui tababashi ဆိုတဲ့ကောင်လေးကို တစ်ဖက်သက်ကြိတ်ကြွေနေသူလေးပါ။ သူကြိတ်ကြွေနေတဲ့ kouji က အတန်းထဲကယောကျာ်းလေးတိုင်းသဘောကျတဲ့ Sumizome ဆီကနေအဖြေတောင်းဆိုနေတဲ့မြင်ကွင်းကိုတွေ့ခဲ့ပါတယ် ့် INARI ဘုရားကျောင်းကြီးမှာ ဝမ်းနည်းစွာငိုကြွေးရင်း kami-sama လို့ဟစ်ခေါ်လိုက်တဲ့အချိန်မှာတော့……… Watch (or) Download
Hell Girl
သင်အနိုင်ကျင့်ခံရဖူးပါသလား သင့်ကိုအနိုင်ကျင့်တဲ့သူကိုရောသတ်ပြစ်ချင်လောက်အောင်မုန်းပါသလား ည၁၂နာရီတိတိ🕛🕛မှာHell Linkထဲဝင်pသင်မုန်းတဲ့သူရဲ့နာမည်ကိုပို့လိုက်ပါ Hell Girlကသင့်အစားလက်စားချေပေးpသင်မုန်းတဲ့သူကို ငရဲသို့ခေါ်ဆောင်ပေးသွားမှာပါ😈😈 အာ့အတွက်သင်ပြန်ပေးဆပ်ရမှာကတော့ သင်သေသွားတဲ့အခါ သင့်ဝိညာဉ်👻👻်ဟာလဲငရဲကိုဘဲသွားရမှာဖြစ်ပါတယ် 😅😅 Hell Girlဆိုပေမဲ့ Angelလေးလိုလှပါတယ်နော်😁😁. Watch (or) Download
Demon Slayer
လွန်ခဲ့သောနှစ်များစွာကတည်းက လူတွေကိုသတ်ဖြတ်စားသောက်တဲ့ Demon (မကောင်းဆိုးဝါး) တွေဟာ တောတွေထဲမှာ နေထိုင်ကျက်စားကြတယ် ဆိုတဲ့ ကောလဟာလတချို့ရှိခဲ့ပါတယ် သူတို့ရန်ကိုကြောက်လန့်ရတဲ့လူတွေဟာ ညဘက်ဆိုအပြင်မထွက်ရလောက်အောင်ပါပဲ ဒဏ္႑ာရီတွေအရ အဲ့ဒီ မကောင်းဆိုးဝါးတွေ ကိုညဘက်တွေမှာအမဲလိုက် နှိမ်နင်း နေတဲ့ Demon slayer တစ်ယောက် ရှိတယ်လို့လဲ ဆိုကြပါတယ်……….. Tanjiro Kamado ဆိုတဲ့ လူငယ်လေးဟာ ရိုးသားပြီး ကြင်နာတတ်ရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ် သူ့ရဲ့ ဖခင်မရှိတော့ ပေမဲ့ သူဟာ သူ့ရဲ့ မိသားစုနဲ့အတူ တောင်ပေါ်ကအိမ်လေးမှာ နေထိုင်ကြပာတယ် သူကိုယ်တိုင်ကတော့ တောင်အောက်က ရွာတွေ မှာ မီသွေးဆင်းရောင်းပြီး မိသားစုဝမ်းစာအတွက်ရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ် သူ့မိသားစုရဲ့နွေးထွေးငြိမ်းချမ်းတဲ့ဘဝက တစ်နေ့သောအခါမှာ အရာရာပြောင်းလဲဖို့အကြောင်းဖန်လာပါတော့တယ် တနေ့ တောင်အောက်က ရွာမှာ မီးသွေးသွားရောင်းပြီး ပြန်အလာမှာ သူ့မိသားစုဟာ Demon တွေရဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းကို ခံခဲ့ရပါတယ်Continue reading “Demon Slayer”
Dusk Maiden Of Amnesia
ခင်ဗျားတို့မဖဲဝါကိုကြားဖူးကြမှာပါ ဝတၳုတိုင်းကမဖဲဝါကိုကြောက်စရာကောင်းတယ်ပဲရေးကြပါတယ် လမ်းတွေ့သမျှလူတိုင်းကိုမေးလည်းရုပ်ဆိုးပန်းဆိုးလျှာတစ်လစ် ခေါင်းပြတ် ရှေ့သွားနှစ်ချောင်းကတစ်တောင်လောက် စသဖြင့်ပေါက်ကရလေးဆယ်ထင်သမျှလျှောက်ပြောမှာပါ ကျွန်တော့်မှာမေးခွန်းတစ်ခုရှိပါတယ် မဖဲဝါကိုသူတို့တကယ်မြင်ဖူးကြတယ်ထားပါတော့ မဖဲဝါရဲ့ရုပ်အမှန်ပါလို့ဘယ်သူအာမခံနိုင်သလဲ? မဖဲဝါကချစ်စရာသရဲမလေးတစ်ယောက်လို့ဘယ်သူမှမတွေးဖူးကြဖူးလား? ကျွန်တော့်ကိုအဲ့လိုမေးခွန်းတွေမေးလာစေတဲ့တရားခံကိုမိတ်ဆက်ပေးပါမယ် Niiya Teiichi ကအလယ်တန်းဒုတိယနှစ်စတက်မယ့်ကျောင်းသားလေးပါ ကျောင်းပိတ်ရက်တစ်ရက်မှာသူတက်ရတဲ့ကျောင်းကြီးရဲ့အခန်းတွေကိုလိုက်စူးစမ်းနေပါတယ် သူလမ်းပျောက်သွားချိန်မှာသူ့ခေါင်းထဲပေါ်လာတဲ့အတွေးတွေကတော့အပြင်မှာလူတိုင်းပါးစပ်ဖျားပြောနေကြတဲ့သရဲမတစ်ယောက်အကြောင်းပါ သရဲမကခုနကျွန်တော်ပြောသလိုပေါက်ပန်းလေးဆယ်ပုံလူတိုင်းကပြောကြပါတယ် သရဲကမှန်ထဲကထွက်လာပြီးလူတွေကိုဖမ်းတတ်တယ်လို့ပြောတာကိုသူ့နားထဲကြားယောင်နေပါတယ် အခန်းတစ်ခုအရောက်မှာမှန်ရှည်တစ်ချပ်ကိုသူတွေ့လိုက်ပါတယ် အဲ့အချိန်သူ့ရဲ့နောက်ကနေTeiichiဆိုတဲ့ခေါ်သံကြားလိုက်တာကြောင့်လှည့်ကြည့်လိုက်မိတဲ့အခါ ကျောင်းသူမလေးတစ်ယောက်ကိုတွေ့လိုက်ပါတယ် ရုတ််တရက်လန့်ပြီးဖင်ထိုင်ကျသွားပါတယ် ကျောင်းသူကNiiyaလမ်းပျောက်နေမှန်းသိလိုက်တာကြောင့်သူ့ခေါ်ပြီးလျှောက်လမ်းဆီသို့အတူလမ်းလျှောက်ပါတယ် လမ်းလျှောက်နေရင်းကျောင်းသူကနောက်လှည့်ပြီး သူမကသရဲတစ်ယောက်ဖြစ်ကြောင်းပြောပါတယ် ပြီးနောက်ရှေ့ကိုဆက်လျှောက်သွားပါတယ် Niiyaရဲ့အသိစိတ်ကလက်မခံတာကြောင့်သရဲဆိုတာထိတွေ့လို့မရဘူးဆိုတဲ့အချက်ကိုစဉ်းစားမိပြီး ကျောင်းသူကိုလက်ဖြင့်လှမ်းကိုင်လိုက်တဲ့အခါမှာတော့Niiyaတစ်ယောက်ထွက်ပြေးချင်စိတ်ပေါက်သွားခဲ့ပါတယ် ဒီanimeလေးကြည့်ပြီးခင်ဗျားတို့တွေသရဲတွေကိုအကောင်းမြင်လာမှာပါ သရဲဆိုတာကြောက်စရာမဟုတ်ပါဘူး သနားစရာသတ္တဝါတွေပါ Ep12ပိုင်းနဲ့SpecialEp1ပိုင်းထွက်ရှိထားပါတယ် horrorဆန်ပေမယ့်ဇာတ်ကောင်နေရာကနေခံစားမိပြီးသာကြောက်ရွံမိမှာပါ romanceအသားပေးထားပါတယ် ခံစားမှုရသကောင်းကောင်းရရှိမှာပါ မျက်ရည်ကိုအသာတကြည်ထုတ်ပေးနိုင်တဲ့animeပါ ဇာတ်သိမ်းကခင်ဗျားစိတ်တိုင်းကျစေရပါမယ် သရဲတွေကိုမကြောက်ပါနဲ့ သူတို့မကြိုက်ပါဘူး. Watch (or) Download
Black Butler
မိဘနှစ်ပါးသာမက စည်းစိမ်ဥစ္စာအားလုံးကို တစ်ပြိုင်နက်ထဲဆုံးရံှုးလိုက်ရတ့ဲ Ciel Phantomhive ဟာ အကူအညီ တောင်းပေမယ့်ရောက်မလာတ့ဲဘုရားကိုစိတ်နာလျက် ။ သူ့ရဲ့ နာကျည်းနေတ့ဲအကူအညီတောင်းသံကို ကြားသွားသူကတော့ မိစၧာတစ်ကောင် ။ Ciel ဟာ သူ့ရင်ထဲက လက်စားချေချင်စိတ်မပျောက်မချင်း ထိုမိစၧာကကူညီပေးမှာဖြစ်ပြီး သူစိတ်ကျေနပ်သွားတ့ဲနေ့မှာတော့ သူ့ရဲ့ဝိဉာဉ်ကိုမိစၧာအားစားသုံးခွင့်ပေးဖို့ စာချုပ်ချုပ်လိုက်ပါတယ် ထို့နောက် ဘဏ္႑ာစိုးအသွင်ဆောင်ထားသောထိုမိစၧာနဲ့အတူ သူ့ရဲ့လက်တုန့်ပြန်မှုကို စတင်လိုက်ပါတယ် ။ ဒီဇာတ်လမ်းမှာဆိုရင် Ciel လေးရဲ့ Phantomhive မိသားစုခေါင်းဆောင် အမွေဆက်ခံသူတစ်ဖြစ်လဲ ဘုရင်မရဲ့ သစ္စာခံ ”ဘုရင်မရဲ့အစောင့်ခွေး” တစ်ဖြစ်လဲ အမှုပေါင်း သောင်းခြောက်ထောင်ကို သစ္စာရှိဘဏ္႑ာစိုးနဲ့အတူ ဖြေရှင်းရင်း သုံးစားမရပါသောအစေခံများ၏ ဟာသဖြစ်ရပ်များနဲ့အတူ အကောင်းနဲ့အဆိုးသာမက မကောင်းတစ်ကောင်းသူတွေပါ ဝင်ရောသော အရှုပ်တော်ပုံတိုက်ပွဲကို ခံစားရမှာဖြစ်ပါတယ်ဗျ. Watch (or) Download