Magical Girl Site (or) Mahou Shoujo Site

ဇာတ်အနာဆုံးanime အဖြစ် လူသိများခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာဟာ နာကျင်စရာတွေ ပြည့်နှက်နေတယ်။ လူတွေရဲ့ နှိမ့်ချ ဆက်ဆံမှုတွေ ၊ အရှက်ရစေမှု ၊ ထိန်းချုပ်မှု(manipulation )၊ မိသားစုတွင်း အကိုရင်းက နှမရင်းပေါ်မှာတောင် အနိုင်ထက်ပြုကျင့်မှူတွေ ဆိုက်ကိုဆန်ဆန် ဒီ anime မှာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ အနိုင်ကျင့်မှုတွေကို လက်သင့်ခံတဲ့ပုံစံနဲ့ တည်ဆောက် ထားတာမျိုး မဟုတ်ပါဘူး။ Magical girls တွေဟာ သူတို့ရဲ့ website အသီးသီးကရလာတဲ့ သူတို့ဆိုင်ရာလက်နက်တွေနဲ့ မတရားမှုတွေကို တွန်းလှန်မှာပါ  Magical girl site ဆိုတဲ့ website ဆိုတာဘာလဲ ? တကယ်ပဲ သူတို့ကို ကူညီရုံသက်သက်ပဲလား?  လောကမှာ အယူမရှိပဲ အပေးဆိုတာရော ရှိပါ့မလား?  websiteContinue reading “Magical Girl Site (or) Mahou Shoujo Site”

Island

“Urashima”ဆိုတာက ပင်မကုန်းမကြီးဆီကနေအလွန်ဝေးကွာတဲ့နေရာမှာရှိတဲ့ လူသူအရောက်အပေါက်နည်းတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ကျွန်းသူ၊ကျွန်းသားတွေကလည်း အပူအပင်ကင်းကင်းနဲ့နေထိုင်နိုင်တဲ့ သုခဘုံလေးပေါ့ဗျာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၅)နှစ်တုန်းကတော့ ကျွန်းရဲ့အကြယ်ဝဆုံးမိသားစု(၃)စုဟာ ကံဆိုးမိုးမှောင်ကျမှုတွေကြုံတွေ့လာရပြီး အထင်လွဲမှုတွေနဲ့ရင်ဆိုင်လာရတယ်။ကျွန်းပေါ်ကလူတွေကတော့ ပင်မကုန်းမြေနဲ့အဆက်အသွယ်ဖြတ်ပြီးနေတဲ့အတွက်ကြောင့် လက်တွေ့ကမ္ဘာကြီးနဲ့ကင်းကွာနေတဲ့အတွက် အခြေအနေအရပ်ရပ်က ပျက်စီးမှုဆီဦးတည်လာခဲ့တာပေါ့ဗျာ။ ကျွန်းကို ကယ်တင်နိုင်မယ့်အဖြေကတော့ ကျွန်းရဲ့အကြွယ်ဝဆုံးမိသားစုက ကောင်မလေး(၃)ယောက်ဆီမှာရှိနေပေမယ့် သူတို့တွေကိုယ်တိုင်က ရှေးရိုးစွဲအစဉ်အလာတွေကိုလက်ခံထားကြပြီး အချင်းချင်းလည်း သဘောထားတွေကွဲလွဲနေကြပါတယ်။တစ်နေ့မှာတော့ အဲ့ကျွန်းပေါ်ကို ကောင်လေးတစ်ယောက် မျောလာပြီးတော့ သူကအနာဂတ်ကလာတဲ့သူဖြစ်ပြီး ကျွန်းရဲ့ပျက်စီးမှုဆီဦးတည်နေတဲ့ကိစ္စရပ်တွေကိုပြောင်းလဲပေးနိုင်မယ့်သူဖြစ်ကြောင်းပြောဆိုလာတဲ့အခါ…. အဲ့ကောင်လေးရဲ့စကားက တကယ်မှန်ကန်တာလား။ ? ကျွန်းပေါ်မှာဖြစ်ပွားနေတဲ့ကိစ္စရပ်တွေရဲ့ အရင်းခံအကြောင်းကရော ဘာလဲ။ ? ပဟေဠိဆန်ဆန်ကိစ္စရပ်တွေကို Main Characterတစ်ယောက် ဘယ်လိုဖြေရှင်းမှာလဲ။ ? သမားရိုးကျဇာတ်လမ်းတွေကနေခွဲထွက်ပြီး Time Travelသဘောတရားတွေနဲ့ Plotကို တည်ဆောက်ထားတဲ့အတွက် စိတ်ဝင်စားစရာ Serieလို့ဆိုရမှာပါ။ . Watch (or) Download

Inuyashiki

Inuyashikiတို့မိသားစုဟာ အိမ်ပြောင်းလာခဲ့ပြီး အိမ်အသစ်မှာအခြေကျအောင် လုပ်ခဲ့ပါတယ် တခုထူးခြားကတော့ mr.inuyashikiကို သူ့သားသမီး၂ယောက်ဟာအဖေတစ်ယောက်လို နွေးနွေးထွေးထွေးမဆက်ဆံပဲ အေးတိအေးဆက်ပဲ ဆက်ဆံခဲ့ပြီးအဖေအပေါ်ကိုကြင်ကြင်နာနာမရှိခဲ့ပါဘူး Mr.inuyashikiကတော့ နောက်ရက်မှာနေမကောင်းလို့ဆေးသွားစစ်ရာကနေ အစာအိမ်ကင်ဆာဖြစ်နေတာကိုသိခဲ့ရပြီးလပိုင်းပဲ အသက်ရှင်ရတော့မယ်ကိုသိခဲ့ရပါတယ် အိမ်က သူ့မိသားစုကလဲအဖေအပေါ်ကိုနွေးနွေးထွေးထွေးမရှိလို့ mr.inuyashikiဟာ သူ့ရဲ့ရောဂါကိုထုတ်မပြောခဲ့ပဲ တစ်ယောက်တည်းပန်းခြံထဲမှာ သူ့ရဲ့ခွေးလေးနဲ့ ငိုကြွေးနေခဲ့ပါတယ် အဲ့ဒီမှာပဲ ထူးခြားတဲ့အဖြစ်အပျက်တခုဖြစ်ပျက်ခဲ့ပြီး အမည်မသိ အလင်းတန်းကြီး တခုဟာသူ့အပေါ်ကိုရိုက်ကျလာခဲ့ပါတယ် မနက်လဲရောက်ရော mr.inuyashiki ဟာသူ့ကိုသူထူးခြားမှုတွေကို ကြုံတွေ့ခဲ့ရပြီး ဘာစားစားအရသာမရှိတာ မျက်စိလဲမမှုန်တော့တာရယ် ပိုပြီးထူးခြားတာကတော့ ဆေးလဲပြန်စစ်ကြည့်ရော သူ့ရဲ့ကင်ဆာရောဂါဟာလုံးဝပျောက်ကင်းသွားပြီး ဓာတ်မှန်မှာ လူရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းပုံတွေပါမလာတာ ကဆရာဝန်တွေကိုပါအံအားသင့်စေခဲ့ပါတယ် အိမ်လဲပြန်ရောက်ရော သူ့ရဲ့ပြောင်းလဲသွားတဲ့ပုံစံကိုသူမြင်ခဲ့ရပါတယ် သူ့ရဲ့ခန္ဓာကိုယ်ဟာ လူရဲ့ခန္ဓာကိုယ်လိုမဟုတ်တော့ပဲ စက်ရုပ်တရုပ်ရဲ့ကိုယ်လို ပြောင်းသွားတာကိုကြောက်ခမန်းလိလိ ပြောင်းသွားတာကိုတွေ့လိုက်ရပါတယ် အဲ့ဒီနောက် mr.inuyashikiဟာ သူ့ရဲ့ရရှိလာတဲ့အစွမ်းတွေကိုတစတစနဲ့ကောင်းကျိုးတွေလူတွေကို ကယ်တင်တဲ့နေရာတွေဟာအသုံးပြုခဲ့ပါတယ် ဒါပေမယ့် တခုရှိတာက ဖြစ်ပျက်သွားခဲ့တဲ့အဖြစ်အပျက်ထဲမှာ သူတစ်ယောက်တည်းရှိခဲ့တာမဟုတ်ပဲ shishigamiဆိုတဲ့လူငယ်လေးတစ်ယောက်ပါရှိနေခဲ့တာဖြစ်ပြီး သူပါအဲ့လိုအစွမ်းတွေကိုရရှိခဲ့တာလဲဖြစ်ပါတယ်Continue reading “Inuyashiki”

Noragami (လေလွင့်နတ်ဘုရား) (Yato)

Yato (ယတို) လို့ခေါ်တဲ့ နတ်ဘုရားတစ်ပါး သူက သူများတွေလို နာမည်ကြီးတဲ့ နတ်တော့မဟုတ်ဘူး.. လူတွေရဲ့ဆုတောင်းကြောင့်ဖြစ်လာရတဲ့ စစ်နတ်ဘုရား။ မထင်မရှား နတ်တစ်ပါးဖြစ်တဲ့ အတွက် လောဆယ်သူ့အခြေအနေက ဆင်းရဲမွဲတေလျက်.နေစရာနတ်နန်းတောင်မရှိတဲ့ ခြေသလုံးအိမ်တိုင်ဘဝလေး… လူတွေရဲ့ ဆုတောင်းကို ယန်းငါးပြားထဲနဲ့ လိုက်ဖြည့်ဆည်းပေးနေရတဲ့ကာလပေါ့ နတ်ဘုရားတွေမှာ Shinki လို့ခေါ်တဲ့ လက်သုံးတော်(သေဆုံးပြီးသားဝိဥာဉ်)တွေရှိတယ်.. တစ်နည်းအားဖြင့် သူတို့တိုက်ခိုက်နိုင်တဲ့ လက်နက်တော်ပေါ့… အဲ့လက်သုံးတော်မရှိရင် နတ်ဘုရားတွေက တစ္ဆေတွေကို မနှိမ်နင်းနိုင်ဘူး။ တစ်နေ့မှာ ကြောင်လေးတစ်ကောင်ပျောက်လို့ရှာပေးပါဆိုပြီးကလေးတစ်ယောက်ကဆုတောင်းတယ်.. အဲ့မှာ Yato က ဆုတောင်းဖြည့်ပေးဖို့ကြောင်ပျောက်ရှာနေတဲ့အချိန်မှာ ကားတိုက်ခံရမလိုဖြစ်တယ်..(တကယ်က တိုက်ခံရလဲမသေဘူး Yato က နတ်ကိုး) အဲ့ဒါကိုမြင်လိုက်တဲ့ Hiyori (ဟီယိုရီ) လို့ခေါ်တဲ့ ကောင်မလေးက Yato ကိုကယ်ဖို့ကြိုးစားရာကနေ ကားအက်ဆီးဒင့်ဖြစ်သွားရော… Accidient နောက်ပိုင်းမှာကောင်မလေးက လိပ်ပြာခဏခဏလွင့်လေ့ရှိပြီး တမလွန်နဲ့ လူ့ဘုံနှစ်ခုနှစ်ခုကြားကိုContinue reading “Noragami (လေလွင့်နတ်ဘုရား) (Yato)”

Deadman Wonderland

Rating အများကြီးရထားတဲ့ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းလေးကတော့ Igarashi Ganta ဆိုတဲ့ကောင်လေးက ကျောင်းသားလေးတယောက်ပါ သူ့မှာအရမ်းခင်ရတဲ့ ကောင်လေးတယောက်နဲ့ကောင်မလေးတယောက်ရှိပါတယ် သူတို့ စာသင်နေတုန်းမှာထူးဆန်းတဲ့ လူကြီးရောက်လာပြီး တိုက်ခိုက်ပါတော့တယ် အဲ့လူကြီးက တတန်းလုံးကိုသတ်သွားပြီး Ganta တယောက်ထဲသာအသက်ရှင်ကျန်ခဲ့တယ် Ganta အတန်းထဲမှာသတိရပြီးအဲ့လူကြီးသတ်တာကိုသိသွားတော့ Ganta ကိုသတိလစ်အောင်လုပ်ခဲ့တယ် Ganta နိုးလာတော့ ဆေးရုံမှာ သူ့ကို စုံထောက်နဲ့ရဲတွေက တတန်းလုံးကို သတ်မှုနဲ့ဖမ်းသွားကျတယ် Ganta ကငြင်းတော့သက်သေနဲ့တကွပြခဲ့တယ် Ganta ကိုတသက်တကျွန်းနဲ့ Deadman Wonderland လို့ခေါ်တဲ့ ထောင်ကြီးကိုပို့ခဲ့တယ် အဲ့ထောင်မှာ Shiro လို့ခေါ်တဲ့ကောင်မလေးနဲ့စုံခဲ့တယ် အဲ့ထောင်မှာ သူတို့ကိုမသေသေအောင်နှိပ်စက်တာတွေ game ကစားခိုင်းတာတွေ ထောင်သားအချင်းချင်း အကြမ်းဖက်တာတွေ Ganta တတန်းလုံးကိုမသတ်ခဲ့ပေမယ့် ဘာလို့သတ်သလိုဖစ်လဲ ရှေ့နေကို ဝန်ခံသယောင် ထေ့သလိုစကားတွေမပြောဘဲ ပြောသလိုဖြစ်တဲ့ video ကရောဘာလဲ တတန်းလုံးကိုသတ်သွားတဲ့သူကဘယ်သူလဲဆိုတာContinue reading “Deadman Wonderland”

Charlotte

Charlotte Anime ဇာတ်အိမ်တည်ထားတဲ့ ကမ္ဘာနား ကို ၇၅နှစ်ကြာ တစ်ခါ ဥက္ကာပျံတစ်ခု က ဖြတ်သွားတတ်ပါတယ်။ အဲ့ဥက္ကာပျံ ဖြတ်သွားတဲ့ အခါမှာ အမှုန်လေးတွေ ကျန်ခဲ့ပြီး အဲ့အမှုန်လေးတွေက ဆယ်ကျော်သက် ကလေးတွေ ရှူမိရင် သဘာဝလွန်စွမ်းအားတွေ ပေးပါတယ်။ အထက်တန်းကျောင်းတစ်ခု က ကျောင်းသားတစ်စု ဟာ နောက်ကြောင်းကံမကောင်းပါဘူး။ ရက်စက်တဲ့ အဖွဲ့အစည်းတွေ ကံတရားတွေရဲ့ နှိပ်စက်မှုတွေကို ရုန်းထွက်ပြီး ကြီးပြင်းလာကြရတာပါ။ အစကတော့ သူတို့အချင်းချင်း မတည့်ကြပေမယ့် အချိန်ကြာလာတော့လည်း ခင်သွားကြပါတယ်။ တစ်ချို့တွေဆို ချစ်သူတွေပါ ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ ရက်စက်တဲ့ ကမ္ဘာကြီးရဲ့ လှည့်စားမှုတွေကြောင့် ဒီလိုအဖြစ်ဆိုးတွေကို ခံစားကြရတာပါ။ သူတို့ဘယ်လို အစွမ်းတွေရလာကြမယ် ၊ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့……. . Watch (or) Download 

Btooom

သင်ကိုယ်တိုင်တစ်ခါလောက်များ ROSတို့ PUBGတို့ Free Fire တို့ကို ကိုယ်တိုင်ဆော့ချင်တယ်လို့စိတ်မကူးဖူးဘူးလား? တကယ့်အပြင်ကမ္ဘာမှာရှိရင်ကောင်းမှာဘဲလို့ကော မစဉ်းစားမိဘူးလား? ကယ်! စဉ်းစားဖူးတယ်ဆိုရင်တော့ ဒီ Anime Series လေးက သင့်အတွက်အံကိုက်ပါဘဲခင်ဗျ~~ Sakamoto ဆိုတဲ့ကောင်လေးတစ်ယောက်ဟာဆိုရင်အသက် ၂၂ နှစ်အရွယ်အထိ အလုပ်မရနိုင်သေးပါဘူး. သူဘာလို့အလုပ်မရတာလဲ? သူတကယ်အလုပ်လုပ်ချင်ပါတယ်ဆိုတဲ့ Game ကုမ္ပဏီကသူ့ကိုလက်မခံသေးလို့ပါ. သူအလုပ်မရှိတော့ဘာလုပ်လဲ? သေချာတာပေါ့ဗျာ သူဂိမ်းကိုဘဲဆော့တာပေါ့. သူဘာဂိမ်းဆော့လည်းဆိုရင် Btooom လို့ခေါ်တဲ့ နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ Game တစ်ခုကိုသူဆက်တိုက်ဆိုသလိုဆော့ပါတယ်. အဲ့လိုဆော့လွန်းလို့သူဟာဆိုရင် Japan Local မှာ Top Player ဖြစ်လာပြီး Global Top Player List မှာဆိုရင် Top 10 အဆင့်ထိကိုရောက်လာနိုင်ခဲ့ပါတယ်~~ တစ်နေ့မှာတော့မထင်ထားခဲ့တဲ့အရာတစ်ခုဖြစ်ပွားခဲ့ပါတယ်(ဘာလဲဆိုတာမ Spoil ပါ) သူဟာကျွန်းတစ်ကျွန်းကိုအပို့ခံလိုက်ရပါတယ်. ဘာလို့ပို့ခံလိုက်ရတယ်?Continue reading “Btooom”

The Rising of the Shield Hero

ဟိုးရှေးရှေးတုန်းက သူရဲကောင်း4ဦးရှိခဲ့တယ် သူတို့က ဓါး,လှံ,လေး(မြှား),ဒိုင်းကာ တို ့ကိုယ်စီကိုင်ပီး ဒုက္ခပေါင်းများစွာကို ခုခံတိုက်ခိုက်ခဲ့တယ် ဒီခေတ်ပိုင်းရောက်တဲ့အခါမှာ Melromarcလို ့ခေါ်တဲ့တိုင်းပြည်က အဲဒီ့သမိုင်းဝင် သူရဲကောင်း4ဦးပြန်ခေါ်ဖို ့လုပ်ခဲ့တယ် “Shield hero”ဆိုတဲ့ ဂုဏ်ပုဒ်ကို ဒိုင်​းကိုင်​တဲ့သူ Naofumi iwataniကိုပေးခဲ့တာ​ပေါ့။ ဒါပေမယ့် ဒိုင်းကို ကိုင်ဆောင်တဲ့လူက သူရဲကောင်း4ဦးထဲမှာ အားအနည်းဆုံးလို ့လူတွေက သတ်မှတ်ထားကြတယ်။ သူရဲကောင်းတွေ စစချင်းခရီးထွက်တဲ့အချိန်မှာပဲ Naofumiက မိန်​းက​လေးMalty Melromarcနဲ ့တူတူထွက်ခဲ့ပီး ပထမနေ့မှာတင် မိန်းက​ေ​လးက သူမကိုNaofumi ကမတော်မတရားကြံပါတယ်ဆိုပီး ဘုရင်ကြီးကိုပြောဆိုခဲ့ပီး သူ ့ကိုသစ္စာဖောက်လိုက်တယ်…ပစ္စည်​း​တွေလည်​းခိုးခံလိုက်​ရပါရော။ သူ့ရဲ့စွပ်​စွဲခံရတဲ့ပြစ်​မှု​တွေ​ကြောင်​့ Naofumiဟာ ရာဇဝတ်​သားအဖြစ်​သတ်​မှတ်​ခံရပြီး လူ့အဖွဲ့အစည်​းရဲ့အပယ်​ခံဖြစ်​ခဲ့ပါတယ်​၊ ရင်​ထဲမှာအမုန်​း​တရား​တွေအပြည်​့နဲ့ တစ်​​ယောက်​တည်​းရပ်​တည်​ပြီး သူ့အ​ပေါ်ကို​ချောက်​ချခဲ့တဲ့သူ​တွေကိုလက်​စား​ချေပါ​တော့တယ်​… ခရီးမှာဘယ်​သူ​တွေက ကူညီအားဖြည်​့​ပေးမလဲ…လက်​စား​ချေမှု​အောင်​မြင်​မှာလား…ဘယ်​လိုအခက်​အခဲ​တွေကြုံရမလဲဆိုတာ ​စောင်​့ကြည်​့ရမှာပါ…😁. Watch (or) Download 

Servamp

ဇာတ်လမ်းကတော့ မင်းသားကကြောင်တစ်ကောင်ကိုအိမ်ခေါ ်လာတယ် ခေါ ်လာတဲ့ကြောင်က vampire ဖြစ်နေတယ် vampire ဖစ်ပြီးတခြားvampireတွေနဲ့fightကြတယ်ဒါပဲ ကျန်တာဆက်မရေးချင်တော့ဘူးကိုယ့်ပါသာကိုယ်ဆက်ကြည့်တော့ ;p ဒီကားကိုတော်တော်များများတော့ကြည့်ပြီးကြပြီထင်တယ် 🙂. Watch (or) Download 

Re Zero

သာမန်အထက်တန်းကျောင်းသား Natsuki Subaruကတစ်နေ့မှာ convenient store ကနေအထွက် အိပ်ချင်မူးတူးဖြစ်နေချိန် မျက်စိတစ်မှိတ်ချင်းမှာပဲ အခြားကမ်ဘာတစ်ခုကိုရောက်သွားတယ်.ဘယ်ရောက်နေမှန်းမသိပေမဲ့ မြို့ထဲလျောက်သွားနေတယ်မြို့ရဲ့ချောင်တစ်ခုမှာနားနေချိန်မှာပဲ သူခိုးသုံးကောင်နဲ့တွေရော.ထွက်ပြေးမယ်ထင်လို့လား.အံမယ်ကိုပိန်ရိုးကပြန်ချတယ်ဗျ.အဲ့မှာစတွေ့တာပဲ. သူ့မှာ သေရာကပြန်ရှင်နိုင်တဲ့အစွမ်းရှိမှန်းသိလိုက်တယ်.ဒါပေမဲ့လည်းEmiliaနဲ့တွေ့တော့မှပဲပြသနာရှင်းသွားတယ်.Emiliaဆိုတာ ဘာညာဘာညာပါ့ဗျာ(animeကြည့်လိုက်ပါ)Subaruက သူ့ကိုကယ်ခဲ့တဲ့Emiliaကိုကြွေသွားတယ်.အမြဲတမ်းEmiliaဘက်ကဘဲနေတယ်.ဘယ်သူ့မှဂရုမစိုက်ဘူး.Emiliaအတွက်ဆိုရင် အသက်ပါပေးမဲ့အချစ်သူရဲကောင်းလေး(ခဏခဏသေတယ် သေပေါင်းလည်းထပ်နေပြီ😂)ဒါပေမဲ့SubaruကိုကြွေနေတာကRem.Rem Subaruကိုဘယ်လိုကြွေလဲတော့ animeလေးကိုကြည့်ပေးပါဗျာ😁.ဒါကတော့ Romanceအပိုင်းပေါ့နော်. Subaru ကEmiliaကိုအမြဲတမ်းကူညီတယ်(ချစ်တာကိုး)ကူညီလို့ပဲ ခဏခဏသေတာလေ.အဲ့လိုသေလိုပဲ နောက်တစ်ခါရန်သူကိုပြန်တိုက်ရင် ပြင်ဆင်လို့ရတာ.Emiliaတို့ကိုလိုက်သတ်နေတဲ့မကောင်းဆိုးဝါးတွေလည်းရှိတယ်ဗျ.အဲ့လိုမကောင်းဆိုးဝါးတွေရန်ကနေ အစွမ်းအစမရှိတဲ့Subaruက Emiliaကိုဘယ်လိုကာကွယ်မလဲ.Subaruကိုကြွေနေတဲ့ Remကကော ဘယ်လိုတွေSubaruကိုအဆုံးတိုင်ထိကာကွယ်ပေးနိုင်မှာလား?Subaru,Emiliaနဲ့ Remဆိုရဲ့ဇာတ်လမ်းလေးကရောဘယ်လိုဖြစ်လာမှာလဲဆိုတာကြည့်ရှုပေးကြပါဦးလို့ ဒီတစ်ခေါက်Reviewရေးရတာ လှို့ဝှက်ချက်တွေပါတယ်.ဒီanimeလေးက serieသဘောမျိုးဖြစ်တဲ့အတွက်အကုန်ပြောလို့မရလို့ပါ.ဒါပေမဲ့ဒီanimeလေးကရသမျိုးစုံပေးတဲ့အတွက် ကြည့်နေရင်းမပျင်းစေရပါဘူး.ဥပမာ Remဖွင့်ပြောတဲ့အခန်း ဒေါသထွက်ရတာမျိုး(ဘာလို့လဲကြည့်ပါ)Emiliaနဲ့Subaruတို့ပေါင်းပြီးတိုက်တဲ့အခန်းတို့ စသဖြစ်ရသမျိုးစုံပါပဲ.ဒီကားလေးက16+ပါ.ဟိုအခန်းဒီအခန်းတွေပါလို့ပါ(Ecchiမဟုတ်ပါ။ကြည့်ရင်းနဲ့သိလာပါလိမ့်မယ်). Watch (or) Download 

Design a site like this with WordPress.com
Get started