Eren Jaegar ဆိုတဲ့လူငယ်လေးနဲ့ သူ့မိသားစုနေထိုင်တဲ့
မြို့ကို Titan တွေဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ငယ်ငယ် ကတည်းက မဟုတ်ရင်မခံ၊အမှန်တွေကိုဘဲပြောပြီး အရာရာကိုသိလိုစိတ်ပြင်းပြတဲ့ Eren တစ်ယောက် သူ့အမေကို Titan တစ်ကောင်က စားသွားတဲ့အခါမှာတော့
သူဘယ်လိုခံစားရမလဲ၊အခြေအနေတွေကိုဘယ်လို ရင်ဆိုင်မလဲ၊ဘယ်လိုကြိုးစားရုန်းကန်မလဲ၊ဘယ်လို အနာဂတ်ကိုပုံဖော်မလဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့်
ရမှာပါ။Eren နဲ့အတူ သူ့သူငယ်ချင်းနှစ်ယောက်ကတော့
အရမ်းတော်တဲ့ Mikasa Ackerman,ဗဟုသုတကြွယ်
ပြီးအတွေးအခေါ်ကောင်းတဲ့ Armin Arlert😍 တို့ပါ။ ဒီဇာတ်
လမ်းရဲ့ခေတ်ကလူတွေကတံတိုင်းကြီးသုံးခုဖြစ်တဲ့ Maria,
Rose နဲ့ Sina ထဲမှာနေကြပါတယ်။ဒီလောက်မြင့်တဲ့ တံတိုင်းကြီးတွေကို ဘယ်သူတွေကဆောက်သွားခဲ့တာလဲ?
ဘာလို့ Titan တွေက လူတွေကိုအန္တရာယ်ပေးတာလဲ?
Titan တွေကရော .. ဘယ်ကရောက်လာကြတာလဲ ဆိုတာ
ကတော့ စောင့်ကြည့်ရမှာပါ …
ကျွန်တော်အဓိကပြောချင်တဲ့အချက်က ဒီ Anime မှာ ပေးထားတဲ့ Message ကထိရောက်ပါတယ် …
လူတစ်ယောက်ကဘယ်လိုအောင်မြင်မှုရသလဲ.. အမှားအမှန်ဘယ်လိုဆုံးဖြတ်မလဲ..ဒွိဟဖြစ်နေတဲ့အချိန်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးချသင့်သလဲ.. ကိုယ်လုံးဝယုံကြည်
ထားတဲ့သူတွေကရော မိတ်ဆွေအစစ်ဟုတ်သလား..
ပြထားတာတကယ်ကိုထိရောက်ပါတယ်
ကျွန်တော်တို့သိတဲ့အတိုင်း Anime ဆိုတာ just japanese animation မဟုတ်ပါဘူး … လေ့လာစရာ… သင်ယူစရာ ..
မှတ်သားစရာတွေအများကြီးပါတဲ့ animation ပါ
.
.

