Re Zero

သာမန်အထက်တန်းကျောင်းသား Natsuki Subaruကတစ်နေ့မှာ convenient store ကနေအထွက် အိပ်ချင်မူးတူးဖြစ်နေချိန် မျက်စိတစ်မှိတ်ချင်းမှာပဲ အခြားကမ်ဘာတစ်ခုကိုရောက်သွားတယ်.ဘယ်ရောက်နေမှန်းမသိပေမဲ့ မြို့ထဲလျောက်သွားနေတယ်မြို့ရဲ့ချောင်တစ်ခုမှာနားနေချိန်မှာပဲ သူခိုးသုံးကောင်နဲ့တွေရော.ထွက်ပြေးမယ်ထင်လို့လား.အံမယ်ကိုပိန်ရိုးကပြန်ချတယ်ဗျ.အဲ့မှာစတွေ့တာပဲ. သူ့မှာ သေရာကပြန်ရှင်နိုင်တဲ့အစွမ်းရှိမှန်းသိလိုက်တယ်.ဒါပေမဲ့လည်းEmiliaနဲ့တွေ့တော့မှပဲပြသနာရှင်းသွားတယ်.Emiliaဆိုတာ ဘာညာဘာညာပါ့ဗျာ(animeကြည့်လိုက်ပါ)Subaruက သူ့ကိုကယ်ခဲ့တဲ့Emiliaကိုကြွေသွားတယ်.အမြဲတမ်းEmiliaဘက်ကဘဲနေတယ်.ဘယ်သူ့မှဂရုမစိုက်ဘူး.Emiliaအတွက်ဆိုရင် အသက်ပါပေးမဲ့အချစ်သူရဲကောင်းလေး(ခဏခဏသေတယ် သေပေါင်းလည်းထပ်နေပြီ😂)ဒါပေမဲ့SubaruကိုကြွေနေတာကRem.Rem Subaruကိုဘယ်လိုကြွေလဲတော့ animeလေးကိုကြည့်ပေးပါဗျာ😁.ဒါကတော့ Romanceအပိုင်းပေါ့နော်. Subaru ကEmiliaကိုအမြဲတမ်းကူညီတယ်(ချစ်တာကိုး)ကူညီလို့ပဲ ခဏခဏသေတာလေ.အဲ့လိုသေလိုပဲ နောက်တစ်ခါရန်သူကိုပြန်တိုက်ရင် ပြင်ဆင်လို့ရတာ.Emiliaတို့ကိုလိုက်သတ်နေတဲ့မကောင်းဆိုးဝါးတွေလည်းရှိတယ်ဗျ.အဲ့လိုမကောင်းဆိုးဝါးတွေရန်ကနေ အစွမ်းအစမရှိတဲ့Subaruက Emiliaကိုဘယ်လိုကာကွယ်မလဲ.Subaruကိုကြွေနေတဲ့ Remကကော ဘယ်လိုတွေSubaruကိုအဆုံးတိုင်ထိကာကွယ်ပေးနိုင်မှာလား?Subaru,Emiliaနဲ့ Remဆိုရဲ့ဇာတ်လမ်းလေးကရောဘယ်လိုဖြစ်လာမှာလဲဆိုတာကြည့်ရှုပေးကြပါဦးလို့

ဒီတစ်ခေါက်Reviewရေးရတာ လှို့ဝှက်ချက်တွေပါတယ်.ဒီanimeလေးက serieသဘောမျိုးဖြစ်တဲ့အတွက်အကုန်ပြောလို့မရလို့ပါ.ဒါပေမဲ့ဒီanimeလေးကရသမျိုးစုံပေးတဲ့အတွက် ကြည့်နေရင်းမပျင်းစေရပါဘူး.ဥပမာ Remဖွင့်ပြောတဲ့အခန်း ဒေါသထွက်ရတာမျိုး(ဘာလို့လဲကြည့်ပါ)Emiliaနဲ့Subaruတို့ပေါင်းပြီးတိုက်တဲ့အခန်းတို့ စသဖြစ်ရသမျိုးစုံပါပဲ.ဒီကားလေးက16+ပါ.ဟိုအခန်းဒီအခန်းတွေပါလို့ပါ(Ecchiမဟုတ်ပါ။ကြည့်ရင်းနဲ့သိလာပါလိမ့်မယ်)
.

Leave a comment

Design a site like this with WordPress.com
Get started