ဟိုးရှေးရှေးတုန်းက သူရဲကောင်း4ဦးရှိခဲ့တယ် သူတို့က ဓါး,လှံ,လေး(မြှား),ဒိုင်းကာ တို ့ကိုယ်စီကိုင်ပီး ဒုက္ခပေါင်းများစွာကို ခုခံတိုက်ခိုက်ခဲ့တယ်
ဒီခေတ်ပိုင်းရောက်တဲ့အခါမှာ Melromarcလို ့ခေါ်တဲ့တိုင်းပြည်က အဲဒီ့သမိုင်းဝင် သူရဲကောင်း4ဦးပြန်ခေါ်ဖို ့လုပ်ခဲ့တယ်
“Shield hero”ဆိုတဲ့ ဂုဏ်ပုဒ်ကို ဒိုင်းကိုင်တဲ့သူ Naofumi iwataniကိုပေးခဲ့တာပေါ့။ ဒါပေမယ့် ဒိုင်းကို ကိုင်ဆောင်တဲ့လူက သူရဲကောင်း4ဦးထဲမှာ အားအနည်းဆုံးလို ့လူတွေက သတ်မှတ်ထားကြတယ်။ သူရဲကောင်းတွေ စစချင်းခရီးထွက်တဲ့အချိန်မှာပဲ Naofumiက မိန်းကလေးMalty Melromarcနဲ ့တူတူထွက်ခဲ့ပီး ပထမနေ့မှာတင် မိန်းကေလးက သူမကိုNaofumi
ကမတော်မတရားကြံပါတယ်ဆိုပီး ဘုရင်ကြီးကိုပြောဆိုခဲ့ပီး သူ ့ကိုသစ္စာဖောက်လိုက်တယ်…ပစ္စည်းတွေလည်းခိုးခံလိုက်ရပါရော။ သူ့ရဲ့စွပ်စွဲခံရတဲ့ပြစ်မှုတွေကြောင့် Naofumiဟာ ရာဇဝတ်သားအဖြစ်သတ်မှတ်ခံရပြီး လူ့အဖွဲ့အစည်းရဲ့အပယ်ခံဖြစ်ခဲ့ပါတယ်၊ ရင်ထဲမှာအမုန်းတရားတွေအပြည့်နဲ့ တစ်ယောက်တည်းရပ်တည်ပြီး သူ့အပေါ်ကိုချောက်ချခဲ့တဲ့သူတွေကိုလက်စားချေပါတော့တယ်… ခရီးမှာဘယ်သူတွေက ကူညီအားဖြည့်ပေးမလဲ…လက်စားချေမှုအောင်မြင်မှာလား…ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာ စောင့်ကြည့်ရမှာပါ…😁
.
.


