Charlotte

Charlotte Anime ဇာတ်အိမ်တည်ထားတဲ့ ကမ္ဘာနား ကို ၇၅နှစ်ကြာ တစ်ခါ ဥက္ကာပျံတစ်ခု က ဖြတ်သွားတတ်ပါတယ်။
အဲ့ဥက္ကာပျံ ဖြတ်သွားတဲ့ အခါမှာ အမှုန်လေးတွေ ကျန်ခဲ့ပြီး အဲ့အမှုန်လေးတွေက ဆယ်ကျော်သက် ကလေးတွေ ရှူမိရင် သဘာဝလွန်စွမ်းအားတွေ ပေးပါတယ်။
အထက်တန်းကျောင်းတစ်ခု က ကျောင်းသားတစ်စု ဟာ နောက်ကြောင်းကံမကောင်းပါဘူး။
ရက်စက်တဲ့ အဖွဲ့အစည်းတွေ ကံတရားတွေရဲ့ နှိပ်စက်မှုတွေကို ရုန်းထွက်ပြီး ကြီးပြင်းလာကြရတာပါ။
အစကတော့ သူတို့အချင်းချင်း မတည့်ကြပေမယ့် အချိန်ကြာလာတော့လည်း ခင်သွားကြပါတယ်။
တစ်ချို့တွေဆို ချစ်သူတွေပါ ဖြစ်သွားကြပါတယ်။
သူတို့တွေဟာ ရက်စက်တဲ့ ကမ္ဘာကြီးရဲ့ လှည့်စားမှုတွေကြောင့် ဒီလိုအဖြစ်ဆိုးတွေကို ခံစားကြရတာပါ။
သူတို့ဘယ်လို အစွမ်းတွေရလာကြမယ် ၊ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…….
.

Leave a comment

Design a site like this with WordPress.com
Get started