Yato (ယတို) လို့ခေါ်တဲ့ နတ်ဘုရားတစ်ပါး
သူက သူများတွေလို နာမည်ကြီးတဲ့ နတ်တော့မဟုတ်ဘူး..
လူတွေရဲ့ဆုတောင်းကြောင့်ဖြစ်လာရတဲ့ စစ်နတ်ဘုရား။
မထင်မရှား နတ်တစ်ပါးဖြစ်တဲ့ အတွက် လောဆယ်သူ့အခြေအနေက
ဆင်းရဲမွဲတေလျက်.နေစရာနတ်နန်းတောင်မရှိတဲ့ ခြေသလုံးအိမ်တိုင်ဘဝလေး…
လူတွေရဲ့ ဆုတောင်းကို ယန်းငါးပြားထဲနဲ့ လိုက်ဖြည့်ဆည်းပေးနေရတဲ့ကာလပေါ့
နတ်ဘုရားတွေမှာ Shinki လို့ခေါ်တဲ့ လက်သုံးတော်(သေဆုံးပြီးသားဝိဥာဉ်)တွေရှိတယ်..
တစ်နည်းအားဖြင့် သူတို့တိုက်ခိုက်နိုင်တဲ့ လက်နက်တော်ပေါ့…
အဲ့လက်သုံးတော်မရှိရင် နတ်ဘုရားတွေက တစ္ဆေတွေကို မနှိမ်နင်းနိုင်ဘူး။
တစ်နေ့မှာ ကြောင်လေးတစ်ကောင်ပျောက်လို့ရှာပေးပါဆိုပြီးကလေးတစ်ယောက်ကဆုတောင်းတယ်..
အဲ့မှာ Yato က ဆုတောင်းဖြည့်ပေးဖို့ကြောင်ပျောက်ရှာနေတဲ့အချိန်မှာ
ကားတိုက်ခံရမလိုဖြစ်တယ်..(တကယ်က တိုက်ခံရလဲမသေဘူး Yato က နတ်ကိုး)
အဲ့ဒါကိုမြင်လိုက်တဲ့ Hiyori (ဟီယိုရီ) လို့ခေါ်တဲ့ ကောင်မလေးက
Yato ကိုကယ်ဖို့ကြိုးစားရာကနေ ကားအက်ဆီးဒင့်ဖြစ်သွားရော…
Accidient နောက်ပိုင်းမှာကောင်မလေးက လိပ်ပြာခဏခဏလွင့်လေ့ရှိပြီး
တမလွန်နဲ့ လူ့ဘုံနှစ်ခုနှစ်ခုကြားကို တစ်ချိန်တည်းမှာ တည်ရှိနေနိုင်တဲ့ ဝိဥာဉ်တစ်ခုဖြစ်လာတယ်…
ငမွဲနတ်ဘုရား Yato နဲ့ပတ်သတ်မိတဲ့ ဟီယိုရီလေးရယ် နောက်ထပ်ရောက်လာမဲ့ Yukine (ယူကီနဲ) လို့ခေါ်တဲ့ လက်သုံးတော်ကောင်လေးရယ်
သူတို့သုံးယောက်ကြားက သံယောဇဉ်ကြိုးလေးတွေအကြောင်း
စိတ်၀င်စားစရာ ဟာသတွေနဲ့ကြည့်ရမှာပါ။တိုက်ခန်းခိုက်ခန်းတွေလဲပါပါတယ်။
မြန်မာဘာသာပြန်ကို Heisei Hana Tokusatsu and Anime Myanmar sub channel ကပြန်ပေးထားပါတယ်။။
ဒီကားကိုကြည့်ပီးသားသူတွေလဲ mmsub နဲ့ပြန်ကြည့်ဖို့ပြောချင်ပါတယ်
ကြည့်လို့တော်တော်ကောင်းတာပါ။
ဘာသာပြန်တာတကယ်တော်ပါတယ်။။။ (တကယ်ရယ်နေရတယ်စကေးအကြမ်း)
.
