Overlord
Yggdrasil ဆိုတဲ့ Virtual Reality ဂိမ်းမှာနောက်ဆုံးတော့ပိတ်သိမ်းပါတော့မယ်။ ဒါပေမယ့် Ainz Ooal Gown ဂိုဏ်းရဲ့ခေါင်းဆောင် Momonga ဆိုတဲ့စွမ်းအားမြင့်မားတဲ့မှော်ဆရာ ဂိမ်းဆာဗာပိတ်သိမ်းတဲ့နောက်ဆုံးအချိန်ထိနေသွားဖို့ဆုံးဖြတ်ထားပါတယ်။ ညသန်းခေါင်းရောက်လာတဲ့အခါမှာတော့သူ့ရဲ့ဇာတ်ကောင်ကဆက်ရှိနေပီး ကစားသမားမဟုတ်တဲ့ NPC တွေကလည်းအမိန့်မပေးဘဲသူတို့ကိုယ်ပိုင်လှုပ်နိုင်စွမ်းနဲ့ရှိနေကြပါတယ်။ ဒီသာမာန်မဟုတ်တဲ့အခြေအနေမှာMomonga ကသူ့ရဲ့တောင်၀င်အစေခံတွေကို သူ့ကိုယ်သူဘာဖြစ်နေသလဲဆိုတာသိဖို့နဲ့ လောကကြီးကိုလွမ်းမိုးဖို့အမိန့်ပေးလိုက်ပါတော့တယ်။ ဘာတွေဖြစ်နေသလဲဆိုတာရှာဖွေရင်း ဒီလိုအခြေနေပြသနာမျိုးနဲ့ကြုံနေရတဲ့တခြားကစားသမားတွေကောရှိနေသလားဆိုတာက…..
.
My Hero Academia
ကမ္ဘာ့လူဦးရေရဲ့ ၈၀% ကျော်ခန့် ဟာ သဘာဝလွန်အစွမ်းကိုယ်စီရှိလာကြပြီး အစွမ်းမရှိတဲ့ သာမန်လူဆိုတာ အလွန်ရှားပါးလာခဲ့ပါတယ်
ဒီလိုအစွမ်းရှိတဲ့လူတွေကြားမှာ အစွမ်းကို သုံးချင်တိုင်းသုံးပီး ဒုစရိုက်မှုကျူးလွန်နေတဲ့သူတွေလဲရှိလာပါတယ်…
ဒါတွေကိုဖြေရှင်းနိုင်ဖို့ အစွမ်းတွေကို အများကောင်းကျိုးအတွက်အသုံးချပြီး လူတွေကိုကယ်တင် ဒုစရိုက်မှုတွေကိုတိုက်ထုတ်တဲ့ အလုပ်အကိုင်တခုပေါ်ပေါက်လာခဲ့ပါတယ်
ဒါကတော့ Hero ဆိုတဲ့ အလုပ်ပါပဲ
ဒီ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Midoriya Izuku ဟာ ဘာအစွမ်းမပါ မွေးဖွားလာတဲ့ သာမန်ကလေးတယောက်ဖြစ်ပါတယ်
ဒါပေမဲ့သူမှာ အိမ်မက်တခုရှိပါတယ်
အဲ့တာကတော့ တနေ့မှာလူတွေကို ကယ်တင်မဲ့ Hero တယောက်ဖြစ်ချင်တာပါ
ငယ်ငယ်ထဲက အစွမ်းရှိတဲ့ သူငယ်ချင်းတွေ အနိုင်ကျင့်တာခံလာရတဲ့ Izuku ဟာ သူဖြစ်ချင်တဲ့ Hero တယောက်ဖြစ်လာနိုင်ဖို့ဘယ်လိုကြိုးစားသွားမလဲ?
ဘယ်သူတွေကကောသူ့ကို ကူညီပြီး ဘယ်လိုအစွမ်းထက်တဲ့ Hero တယောက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ်
.
Is This a Zombie? (or) Kore wa Zombie Desu ka?
Log Horizon
Elder Tales ဆိုတဲ့ game ဟာ တကမ္ဘာလုံးဆော့တဲ့သူ သန်းပေါင်းများစွာရှိတဲ့ နာမည်ကြီး MMROPG game တခုဖြစ်ပါတယ် … တနေ့မှာတော့ game ကို update လုပ်တဲ့အချိန်မှာ play နေကြတဲ့သူတွေအကုန်လုံးဟာ game ကမ္ဘာထဲကိုရုတ်တရက်ရောက်သွားကြပါတော့တယ် ..
ဒီ series ရဲ့ main character ဖြစ်တဲ့ Shiroe ဟာလဲ game ကမ္ဘာထဲကိုရောက်လာခဲ့ပါတယ် …
game ကို အပြင်ကနေ play တာနဲ့ game ထဲကို ရောက်သွားတာနဲ့ လုံးဝမတူတဲ့ အခြေအနေမှာ ရောက်သွားတဲ့ players တွေအတွက် တိုက်ခိုက်တာတွေကအစ ကိုယ်တိုင်တိုက်ခိုက်ရတာတော့ အခက်အခဲတွေ ပြဿနာတွေ စတင်ပေါ်ပေါက်လာပါတော့တယ် … Shiroe က သူနဲ့အတူတူရောက်နေတဲ့ Naotsugu ရယ် Akatsuki ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ ဒီအခြေအနေကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲ? တူသယောင်ယောင်ရှိနေပေမဲ့ သူတို့ရောက်နေတဲ့ game ကမ္ဘာကြီးက ဘယ်နေရာတွေမှာ ပြောင်းလဲနေသလဲ ?
အကုန်လုံးကို အကွက်စေ့စေ့ plan ချနိုင်တဲ့ Shiroe ရဲ့ skill တွေကိုလဲ မြင်ရမှာပါ … အရင်ကနဲ့မတူပဲ ပြောင်းလဲမှုတွေ စဖြစ်နေတဲ့ Elder Tales game ကမ္ဘာကြီးကို Shiroe တို့ ဘယ်လိုပြန်ပြောင်းလဲမလဲ ?
တိုက်ခိုက်တာတွေတင်မဟုတ်ပဲ နိုင်ငံရေး, စီးပွားရေး စတဲ့ အခြေအနေတွေကိုပါ ထည့်ထားလို့ plot က အတော်လန်းပါတယ် …
Mamare Touno ရေးထားတဲ့ light novel ကို animate လုပ်ထားတာဖြစ်ပြီး Season 2 ခုရှိပါတယ် … နာမည်ကြီး series တွေထဲကတခုလဲဖြစ်ပါတယ် ..
.
Kamisama Kiss
နာနာမီ မိုမို ဇိုနိုဆိုတဲ့ကောင်မလေးကပုံမှန် အထက်တန်း ကျောင်းသူ
တွေလိုပါပဲ ပုံမှန် အိပ်မက်တွေ စိတ်ကူတွေနဲ့ ဘ၀ကို ရိုးရိုးရှင်းရှင်း
ဖြတ်သန်းနေတာပေါ့ ဒါပေမဲ့ သူမဘ၀ရဲ့ တစ်ချိုးမှာတော့ သူမရဲ့
အဖေဟာလောင်းကစား အကြွေးတွေ ပိပြီး အိမ်နဲ့ သူမကိုပစ်ကာ
ထွက်ပြေးသွားပါတော့တယ်။ အထက်တန်းပဲ ရှိသေးတဲ့
နာနာမီလေးဟာ အိမ်က အကြွေးဆပ်လိုက်ရတဲ့ နောက်
အိမ်ခြေရာမဲ့ဖြစ်ပြီး လမ်းပေါ်ရောက်လာပါတော့တယ်။ ကံကြမ္မာရဲ့
အလှည့်အပြောင်းတွေ ကြားမှာ သူပိုင်တာဆိုလို့ လှပနူးညံ့တဲ့
စိတ်နှလုံးသားလေးပဲ ကျန်ပါတော့တယ်။ တွေတွေဝေ၀နဲ့ ပန်းခြံထဲ
ထွက်လာရင်း ခွေးကြောက်လို့ သစ်ပင်ပေါ်က မဆင်းရဲတဲ့
သူစိမ်းဖြစ်သူ မီကာခဲကို ကူညီမးလိုက်ပါတယ်။ မီကာခဲလဲ နာနာမီဘ၀
အမှန်တွေ သိတော ကူညီမယ်ဆိုပြီး မီကာခဲအိမ်ကို သွားလို့ရတယ်
ဆိုတဲ့ အမှတ်သားလေးပေးပြီး
ပျောက်ကွယ်သွားပါတယ်။ နာနာမီလဲ မယုံတစ်၀က်ယုံတစ်၀က်နဲ့
မီကာခဲအိမ်ကို လိုက်သွားကြိုက်တော့ ဘုရားကျောင်းမှာ တိုမိုအဲဆိုတဲ့
ကောင်လေးနဲ့ တွေ့ဆုံပြီး သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ဘယ်လို
ရင်ခုန်စရာလေးတွေ ဆက်ဖြစ်မလဲ နာနာမီရခဲ့တဲ့
အမှတ်အသားလေးကရော ဘယ်လို အာနိသင်တေ
ွရှိမလဲ ဆိုတာဆက်ပြီး စောင့်ကြည့်လိုက်ပါဦးနော် ဒီကာတွန်းလေးရဲ့
အဓီက အမာခံ ပရိသတ်တွေက ဣတ္ထိယသော မိန်းကလေးအပေါင်း
တို့ဖြစ်ပါတယ် တိုမိုအဲရဲ့ ရုပ်တည်ကြီးနေတတ်ပေမဲ့ နာနာမီနဲ့
ပတ်သက်ရင် ဘယ်လိုမှနေမရထိုင်မရဖြစ်လာပုံတွေ ထမင်းဟင်း
လေးတွေကိုတောင် သေချာဂရုတစိုက် ခူးခပ်လို့ချက်ကျွေးပုံလေးတွေ
ကကြည့်ရှုသူ မိန်းကလေးပရိသတ်တို့ရဲ့ နှလုံးသားတစ်နေရာကို
ယူငင်သွားပါတယ်။
.
Noragami (လေလွင့်နတ်ဘုရား) (Yato)
Yato (ယတို) လို့ခေါ်တဲ့ နတ်ဘုရားတစ်ပါး
သူက သူများတွေလို နာမည်ကြီးတဲ့ နတ်တော့မဟုတ်ဘူး..
လူတွေရဲ့ဆုတောင်းကြောင့်ဖြစ်လာရတဲ့ စစ်နတ်ဘုရား။
မထင်မရှား နတ်တစ်ပါးဖြစ်တဲ့ အတွက် လောဆယ်သူ့အခြေအနေက
ဆင်းရဲမွဲတေလျက်.နေစရာနတ်နန်းတောင်မရှိတဲ့ ခြေသလုံးအိမ်တိုင်ဘဝလေး…
လူတွေရဲ့ ဆုတောင်းကို ယန်းငါးပြားထဲနဲ့ လိုက်ဖြည့်ဆည်းပေးနေရတဲ့ကာလပေါ့
နတ်ဘုရားတွေမှာ Shinki လို့ခေါ်တဲ့ လက်သုံးတော်(သေဆုံးပြီးသားဝိဥာဉ်)တွေရှိတယ်..
တစ်နည်းအားဖြင့် သူတို့တိုက်ခိုက်နိုင်တဲ့ လက်နက်တော်ပေါ့…
အဲ့လက်သုံးတော်မရှိရင် နတ်ဘုရားတွေက တစ္ဆေတွေကို မနှိမ်နင်းနိုင်ဘူး။
တစ်နေ့မှာ ကြောင်လေးတစ်ကောင်ပျောက်လို့ရှာပေးပါဆိုပြီးကလေးတစ်ယောက်ကဆုတောင်းတယ်..
အဲ့မှာ Yato က ဆုတောင်းဖြည့်ပေးဖို့ကြောင်ပျောက်ရှာနေတဲ့အချိန်မှာ
ကားတိုက်ခံရမလိုဖြစ်တယ်..(တကယ်က တိုက်ခံရလဲမသေဘူး Yato က နတ်ကိုး)
အဲ့ဒါကိုမြင်လိုက်တဲ့ Hiyori (ဟီယိုရီ) လို့ခေါ်တဲ့ ကောင်မလေးက
Yato ကိုကယ်ဖို့ကြိုးစားရာကနေ ကားအက်ဆီးဒင့်ဖြစ်သွားရော…
Accidient နောက်ပိုင်းမှာကောင်မလေးက လိပ်ပြာခဏခဏလွင့်လေ့ရှိပြီး
တမလွန်နဲ့ လူ့ဘုံနှစ်ခုနှစ်ခုကြားကို တစ်ချိန်တည်းမှာ တည်ရှိနေနိုင်တဲ့ ဝိဥာဉ်တစ်ခုဖြစ်လာတယ်…
ငမွဲနတ်ဘုရား Yato နဲ့ပတ်သတ်မိတဲ့ ဟီယိုရီလေးရယ် နောက်ထပ်ရောက်လာမဲ့ Yukine (ယူကီနဲ) လို့ခေါ်တဲ့ လက်သုံးတော်ကောင်လေးရယ်
သူတို့သုံးယောက်ကြားက သံယောဇဉ်ကြိုးလေးတွေအကြောင်း
စိတ်၀င်စားစရာ ဟာသတွေနဲ့ကြည့်ရမှာပါ။တိုက်ခန်းခိုက်ခန်းတွေလဲပါပါတယ်။
မြန်မာဘာသာပြန်ကို Heisei Hana Tokusatsu and Anime Myanmar sub channel ကပြန်ပေးထားပါတယ်။။
ဒီကားကိုကြည့်ပီးသားသူတွေလဲ mmsub နဲ့ပြန်ကြည့်ဖို့ပြောချင်ပါတယ်
ကြည့်လို့တော်တော်ကောင်းတာပါ။
ဘာသာပြန်တာတကယ်တော်ပါတယ်။။။ (တကယ်ရယ်နေရတယ်စကေးအကြမ်း)
.
Grand Blue
လူရိုးကလေး အီအိုရီ ဟာ ကျောင်းတက်ဖို့အတွက်
ရေငုတ်ပစ္စည်းအငှားဆိုင် နဲ့ ဘား ဖွင့်ထားတဲ့ ဦးလေးဖြစ်သူထံ
ရောက်ရှိခဲ့ပါတယ်…
လူရိုးကလေး အီအိုရီ တစ်ယောက် သူ့ရဲ့ စီနီယာ ဖြစ်လာမယ့် ကွီး ၂ ယောက်နဲ့
စတင်တွေ့ရှိခဲ့တဲ့ အပြင် ငယ်ငယ်တုန်းကပဲ တွေ့ခဲ့ဖူးတဲ့
အရမ်းလှတဲ့ အစ်မ ၀မ်းကွဲ နဲ့ ညီမ၀မ်းကွဲ ချိစ တို့နဲ့ပါ
တစ်အိမ်ထဲ နေဖို့ အကြောင်းဖန်လာပါတော့တယ်…
လူရိုးကလေး ဖြစ်ပေမဲ့ ဖွန်လဲ ကြောင်ချင်တဲ့ အီအိုရီ တစ်ယောက်
ကျောင်းမှာ အဆင်မပြေပေမဲ့ သူ့လိုပဲ အူကြောင်ကြား ငတိ တစ်ဦးဖြစ်တဲ့
ကိုဟေး နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်…
ဒီလို နဲ့ လူပျိုသဘာ၀ အလွဲတွေ ဟာသတွေ နဲ့
အစ်မ ၀မ်းကွဲ ညီမ၀မ်းကွဲတွေ ကြားမှာ စီနီယာ အကို ၂ ယောက်ရဲ့
ချောက်တွန်းမှုတွေ နဲ့ ဘယ်လိုတွေ ရယ်ရမယ် ဆိုတာက တော
.
.
Ghost Hunt
နာမည်ကြည့်လိုက်တာနဲ့ သရဲကားဆိုတာ
ခန့်မှန်းမိမှာပေါ့နော်။
သရဲကားဆိုပေမယ့် အရမ်းအရမ်းကို
စိတ်၀င်စားဖို့ကောင်းတဲ့ anime လေးပါ။
ကြောက်ဖို့လည်းအဇမ်း…ကောင်း။
ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။
Mai Taniyama လို့ခေါ်တဲ့
ကျောင်းသူလေးတစ်ယောက်က
သရဲအကြောင်းပြောရတာအရမ်းကြိုက်တဲ့
ကောင်မလေးတစ်ယောက်…
ကျောင်းမှာဆိုသူ့ငယ်ချင်းတွေကို
သရဲ အကြောင်းတွေအမြဲတမ်းပြောပြလေ့ရှိတဲ့
သရဲဝါသနာအိုးလေးပေါ့။
တစ်ရက်ကျတော့
သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့
သူတို့ကျောင်းက
ကျောင်းဆောင်အဟောင်းတစ်ခုကို
စုံစမ်းစစ်ဆေးဖို့လာတဲ့ Shibuya Psychic Research Centre က
၁၇ နှစ်အရွယ်ကောင်လေးချောချောလေး Kazuya Shibuya နဲ့တွေ့ရော။
တစ်နေ့၊ စပ်စုတဲ့ Mai တစ်ယောက်
အဲဒီ ကျောင်းဆောင်အဟောင်းကိုဝင်ကြည့်ရင်း
အန္တရာယ်ဖြစ်ခါနီး Kazuya ရဲ့လက်ထောက်က
ကယ်လိုက်ရပါတယ်။
ဒီလိုနဲ့ သူ့ကိုကယ်ရင်းဒဏ်ရာရသွားတဲ့
လက်ထောက်ရဲ့နေရာကို Mai က
အစား၀င်လိုက်ရတာပေါ့နော်။
Mai တစ်ယောက်
Shibuya Psychic Research ကို
ရောက်သွားပြီးနောက်
Kazuya နဲ့အတူ ကြောက်စရာကောင်းတဲ့
အခြေအနေတွေကို
ဖြေရှင်းကြပုံတွေ၊ မမြင်ရတဲ့လောက က
နာနာဘာဝတွေရဲ့အစွဲအလမ်း၊
သနားစရာဘဝတွေနဲ့
ချောက်ချားစရာတွေကို
ပီပီပြင်ပြင်တွေ့ရမှာပါ။
ဒီထဲမှာ ထူးခြားတာက သရဲနှင်တဲ့အခါ
လုံး၀ကို အသေအချာ နည်းစနစ်တကျ
တစ်ဆင့်ချင်းလုပ်တာတွေက စုံထောက်ဆန်ပြီး
စိတ်လှုပ်ရှားစရာပါ။
Horror ရုပ်ရှင်တွေမကြည့်ရဲတဲ့
စကီတွေ Horror feel လေးခံစားချင်တယ်ဆိုရင်
ဒီ anime လေးကကွက်တိပါပဲ
ပြီးတော့ Kazuya နဲ့ Mai ရဲ့ relation
ကလည်းဟာသလေးတွေနှောထားလို့ ကြည့်ရတာ
ပျော်စရာလေးပေါ့နော်။
Graphic လည်း လှပါတယ်။
Anime မကြည့်ဖူးတဲ့သူတွေတောင်
အရမ်းကြိုက်ကြတယ်နော် 😗😗
.
Death March to the Parallel World Rhapsody (or) Death March kara Hajimaru Isekai Kyousoukyoku
Suzuki Ichirou ဟာ အသက် 29 နှစ် အရွယ်ရှိပြီဖြစ်တဲ့
Programmer တစ်ယောက်ပါ။ ဒီလိုနဲ့ Fantasy RPG Game
ထဲကို အိပ်မက်လိုလို တကယ်လိုလိုနဲ့ရောက်ရှိသွားတဲ့နောက်
Game ထဲမှာ အသက် 15 နှစ်အရွယ်ဖြစ်နေတာကို
သိလိုက်ရပါတယ်။ ပြီးတော့ သူမှာလဲ Lvl အမြင့်စားSpellတွေ
ရှိတာကို သတိထားမိလိုက်ပါတယ်။ ထို့နောက် သူ့ဘဝကို
game ထဲမှာ တိတ်တိတ်လေးဖြတ်သန်းမလို့စဉ်းစားနေပေမဲ့
RPG စီးရီးတို့ ထုံးစံအတိုင်း Demon Kingထွက်ပေါ်လာတာ
ကြောင့် သူ့အကြံအစည်တွေကို ဖျက်ပြီး Demon King ကို
ဖိုက်ဖို့ခရီးရှည်ထွက်ခွာလာပါတော့တယ်။
.




























