ကိုယ်ခံပညာတတ်တဲ့ အလယ်တန်းကျောင်းသားလေး, Seigi ဟာ သူ့အနားက အားနွဲ့တဲ့သူတွေဆို ကာကွယ်ပေးချင်စိတ်ရှိတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာ အိမ်ခြေမဲ့လူတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေကြတာတွေ့လို့ ကူညီလိုက်ရင်းက အဲ့လူဟာ ကျေးဇူးတင်တဲ့အနေနဲ့ ထူးခြားတဲ့တက်တူးတစ်ခု လက်ဖဝါးမှာကပ်ပေးလိုက်တယ်။ အဲ့တက်တူးဟာ US နဲ့ Serinistan Kingdom ကအပြိုင်ထုတ်လုပ်နေကြတဲ့ လျှို့ဝှက်လက်နက်ဆန်း ဆိုတာ… ။ Seigi တစ်ယောက်, သူ့လိုတက်တူးနဲ့ သူ့ထက်လဲ တက်တူးအကြောင်းပိုနားလည်ပြီး ကမ္ဘာအသစ်ပြန်တည်ဆောက်ချင်တဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့တော့… သူတတ်စွမ်းတဲ့ ကိုယ်ခံပညာအစွမ်းနဲ့ပဲ အသက်ရှင်အောင် ကြိုးစားနိုင်မလား, ဒါမှမဟုတ် တက်တူးရဲ့အစွမ်းတွေကိုပဲ အချိန်မှီ
ထုတ်သုံးနိုင်မလားဆိုတာ……
.






















