Boarding School Juliet

Dahila Academy Boarding school မှာတော့ ကျောင်းသားအုပ်စု ၂ စုကွဲနေပါတယ်။ တစ်စုကတော့ အနောက်ဘက်ခြမ်းကလာတဲ့ “White Cats” ဖြစ်ပြီး တစ်စုကတော့ အရှေ့ဘက်ခြမ်းကလာတဲ့ “Black Dogs” ပါ။ ကျောင်းတစ်ကျောင်းမှာ ပေါင်းသင်နေရပေမဲ့ ရှေ့ကတည်းက လာတဲ့အစဉ်အလာအရ ဒီ ၂ စုက လုံးဝလုံးဝမတည့်ကြပါဘူး။ အချိန်တိုင်းလိုလို ရန်ပွဲတွေဖြစ်လေ့ရှိပြီး အဖွဲ့ ၂ ဖွဲ့ရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် သတ်ပုတ်ကြတာပါ။ အမြဲလိုလိုကျောင်းကောင်စီက ဝင်ဖြေရှင်းမှသာရန်ပွဲရပ်လေ့ရှိတာပါ။ White Cats ရဲ့ခေါင်းဆောင်က အရာရာမှာထူးချွန်ပြီး တိုက်ရည်ခိုက်ရည်လည်းအပြည့်ရှိတဲ့ ယောကျာ်းလေးတွေကိုတောင် အလဲထိုးနိုင်တဲ့ Juliet Persia ဆိုတဲ့ကောင်မလေးပါ။ Black Dogs ရဲ့ခေါင်းဆောင်ကတော့ အဖွဲ့ကိုသစ္စာရှိပြီးခေါင်းဆောင်ပီသတဲ့ Romio Inuzuka ဆိုတဲ့ကောင်လေးပါ။ ငယ်စဉ်မူကြိုလောက်တည်းက မတည့်ဘဲ အချင်းချင်းContinue reading “Boarding School Juliet”

Inuyashiki

Inuyashikiတို့မိသားစုဟာ အိမ်ပြောင်းလာခဲ့ပြီး အိမ်အသစ်မှာအခြေကျအောင် လုပ်ခဲ့ပါတယ် တခုထူးခြားကတော့ mr.inuyashikiကို သူ့သားသမီး၂ယောက်ဟာအဖေတစ်ယောက်လို နွေးနွေးထွေးထွေးမဆက်ဆံပဲ အေးတိအေးဆက်ပဲ ဆက်ဆံခဲ့ပြီးအဖေအပေါ်ကိုကြင်ကြင်နာနာမရှိခဲ့ပါဘူး Mr.inuyashikiကတော့ နောက်ရက်မှာနေမကောင်းလို့ဆေးသွားစစ်ရာကနေ အစာအိမ်ကင်ဆာဖြစ်နေတာကိုသိခဲ့ရပြီးလပိုင်းပဲ အသက်ရှင်ရတော့မယ်ကိုသိခဲ့ရပါတယ် အိမ်က သူ့မိသားစုကလဲအဖေအပေါ်ကိုနွေးနွေးထွေးထွေးမရှိလို့ mr.inuyashikiဟာ သူ့ရဲ့ရောဂါကိုထုတ်မပြောခဲ့ပဲ တစ်ယောက်တည်းပန်းခြံထဲမှာ သူ့ရဲ့ခွေးလေးနဲ့ ငိုကြွေးနေခဲ့ပါတယ် အဲ့ဒီမှာပဲ ထူးခြားတဲ့အဖြစ်အပျက်တခုဖြစ်ပျက်ခဲ့ပြီး အမည်မသိ အလင်းတန်းကြီး တခုဟာသူ့အပေါ်ကိုရိုက်ကျလာခဲ့ပါတယ် မနက်လဲရောက်ရော mr.inuyashiki ဟာသူ့ကိုသူထူးခြားမှုတွေကို ကြုံတွေ့ခဲ့ရပြီး ဘာစားစားအရသာမရှိတာ မျက်စိလဲမမှုန်တော့တာရယ် ပိုပြီးထူးခြားတာကတော့ ဆေးလဲပြန်စစ်ကြည့်ရော သူ့ရဲ့ကင်ဆာရောဂါဟာလုံးဝပျောက်ကင်းသွားပြီး ဓာတ်မှန်မှာ လူရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းပုံတွေပါမလာတာ ကဆရာဝန်တွေကိုပါအံအားသင့်စေခဲ့ပါတယ် အိမ်လဲပြန်ရောက်ရော သူ့ရဲ့ပြောင်းလဲသွားတဲ့ပုံစံကိုသူမြင်ခဲ့ရပါတယ် သူ့ရဲ့ခန္ဓာကိုယ်ဟာ လူရဲ့ခန္ဓာကိုယ်လိုမဟုတ်တော့ပဲ စက်ရုပ်တရုပ်ရဲ့ကိုယ်လို ပြောင်းသွားတာကိုကြောက်ခမန်းလိလိ ပြောင်းသွားတာကိုတွေ့လိုက်ရပါတယ် အဲ့ဒီနောက် mr.inuyashikiဟာ သူ့ရဲ့ရရှိလာတဲ့အစွမ်းတွေကိုတစတစနဲ့ကောင်းကျိုးတွေလူတွေကို ကယ်တင်တဲ့နေရာတွေဟာအသုံးပြုခဲ့ပါတယ် ဒါပေမယ့် တခုရှိတာက ဖြစ်ပျက်သွားခဲ့တဲ့အဖြစ်အပျက်ထဲမှာ သူတစ်ယောက်တည်းရှိခဲ့တာမဟုတ်ပဲ shishigamiဆိုတဲ့လူငယ်လေးတစ်ယောက်ပါရှိနေခဲ့တာဖြစ်ပြီး သူပါအဲ့လိုအစွမ်းတွေကိုရရှိခဲ့တာလဲဖြစ်ပါတယ်Continue reading “Inuyashiki”

Overlord

Yggdrasil ဆိုတဲ့ Virtual Reality ဂိမ်းမှာနောက်ဆုံးတော့ပိတ်သိမ်းပါတော့မယ်။ ဒါပေမယ့် Ainz Ooal Gown ဂိုဏ်းရဲ့ခေါင်းဆောင် Momonga ဆိုတဲ့စွမ်းအားမြင့်မားတဲ့မှော်ဆရာ ဂိမ်းဆာဗာပိတ်သိမ်းတဲ့နောက်ဆုံးအချိန်ထိနေသွားဖို့ဆုံးဖြတ်ထားပါတယ်။ ညသန်းခေါင်းရောက်လာတဲ့အခါမှာတော့သူ့ရဲ့ဇာတ်ကောင်ကဆက်ရှိနေပီး ကစားသမားမဟုတ်တဲ့ NPC တွေကလည်းအမိန့်မပေးဘဲသူတို့ကိုယ်ပိုင်လှုပ်နိုင်စွမ်းနဲ့ရှိနေကြပါတယ်။ ဒီသာမာန်မဟုတ်တဲ့အခြေအနေမှာMomonga ကသူ့ရဲ့တောင်၀င်အစေခံတွေကို သူ့ကိုယ်သူဘာဖြစ်နေသလဲဆိုတာသိဖို့နဲ့ လောကကြီးကိုလွမ်းမိုးဖို့အမိန့်ပေးလိုက်ပါတော့တယ်။ ဘာတွေဖြစ်နေသလဲဆိုတာရှာဖွေရင်း ဒီလိုအခြေနေပြသနာမျိုးနဲ့ကြုံနေရတဲ့တခြားကစားသမားတွေကောရှိနေသလားဆိုတာက….. . Watch (or) Download

My Hero Academia

ကမ္ဘာ့လူဦးရေရဲ့ ၈၀% ကျော်ခန့် ဟာ သဘာဝလွန်အစွမ်းကိုယ်စီရှိလာကြပြီး အစွမ်းမရှိတဲ့ သာမန်လူဆိုတာ အလွန်ရှားပါးလာခဲ့ပါတယ် ဒီလိုအစွမ်းရှိတဲ့လူတွေကြားမှာ အစွမ်းကို သုံးချင်တိုင်းသုံးပီး ဒုစရိုက်မှုကျူးလွန်နေတဲ့သူတွေလဲရှိလာပါတယ်… ဒါတွေကိုဖြေရှင်းနိုင်ဖို့ အစွမ်းတွေကို အများကောင်းကျိုးအတွက်အသုံးချပြီး လူတွေကိုကယ်တင် ဒုစရိုက်မှုတွေကိုတိုက်ထုတ်တဲ့ အလုပ်အကိုင်တခုပေါ်ပေါက်လာခဲ့ပါတယ် ဒါကတော့ Hero ဆိုတဲ့ အလုပ်ပါပဲ ဒီ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Midoriya Izuku ဟာ ဘာအစွမ်းမပါ မွေးဖွားလာတဲ့ သာမန်ကလေးတယောက်ဖြစ်ပါတယ်  ဒါပေမဲ့သူမှာ အိမ်မက်တခုရှိပါတယ်  အဲ့တာကတော့ တနေ့မှာလူတွေကို ကယ်တင်မဲ့ Hero တယောက်ဖြစ်ချင်တာပါ ငယ်ငယ်ထဲက အစွမ်းရှိတဲ့ သူငယ်ချင်းတွေ အနိုင်ကျင့်တာခံလာရတဲ့ Izuku ဟာ သူဖြစ်ချင်တဲ့ Hero တယောက်ဖြစ်လာနိုင်ဖို့ဘယ်လိုကြိုးစားသွားမလဲ? ဘယ်သူတွေကကောသူ့ကို ကူညီပြီး ဘယ်လိုအစွမ်းထက်တဲ့ Hero တယောက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ် . WatchContinue reading “My Hero Academia”

Design a site like this with WordPress.com
Get started