Overlord

Yggdrasil ဆိုတဲ့ Virtual Reality ဂိမ်းမှာနောက်ဆုံးတော့ပိတ်သိမ်းပါတော့မယ်။ ဒါပေမယ့် Ainz Ooal Gown ဂိုဏ်းရဲ့ခေါင်းဆောင် Momonga ဆိုတဲ့စွမ်းအားမြင့်မားတဲ့မှော်ဆရာ ဂိမ်းဆာဗာပိတ်သိမ်းတဲ့နောက်ဆုံးအချိန်ထိနေသွားဖို့ဆုံးဖြတ်ထားပါတယ်။ ညသန်းခေါင်းရောက်လာတဲ့အခါမှာတော့သူ့ရဲ့ဇာတ်ကောင်ကဆက်ရှိနေပီး ကစားသမားမဟုတ်တဲ့ NPC တွေကလည်းအမိန့်မပေးဘဲသူတို့ကိုယ်ပိုင်လှုပ်နိုင်စွမ်းနဲ့ရှိနေကြပါတယ်။ ဒီသာမာန်မဟုတ်တဲ့အခြေအနေမှာMomonga ကသူ့ရဲ့တောင်၀င်အစေခံတွေကို သူ့ကိုယ်သူဘာဖြစ်နေသလဲဆိုတာသိဖို့နဲ့ လောကကြီးကိုလွမ်းမိုးဖို့အမိန့်ပေးလိုက်ပါတော့တယ်။ ဘာတွေဖြစ်နေသလဲဆိုတာရှာဖွေရင်း ဒီလိုအခြေနေပြသနာမျိုးနဲ့ကြုံနေရတဲ့တခြားကစားသမားတွေကောရှိနေသလားဆိုတာက….. . Watch (or) Download

Log Horizon

Elder Tales ဆိုတဲ့ game ဟာ တကမ္ဘာလုံးဆော့တဲ့သူ သန်းပေါင်းများစွာရှိတဲ့ နာမည်ကြီး MMROPG game တခုဖြစ်ပါတယ် … တနေ့မှာတော့ game ကို update လုပ်တဲ့အချိန်မှာ play နေကြတဲ့သူတွေအကုန်လုံးဟာ game ကမ္ဘာထဲကိုရုတ်တရက်ရောက်သွားကြပါတော့တယ် .. ဒီ series ရဲ့ main character ဖြစ်တဲ့ Shiroe ဟာလဲ game ကမ္ဘာထဲကိုရောက်လာခဲ့ပါတယ် …  game ကို အပြင်ကနေ play တာနဲ့ game ထဲကို ရောက်သွားတာနဲ့ လုံးဝမတူတဲ့ အခြေအနေမှာ ရောက်သွားတဲ့ players တွေအတွက် တိုက်ခိုက်တာတွေကအစ ကိုယ်တိုင်တိုက်ခိုက်ရတာတော့ အခက်အခဲတွေ ပြဿနာတွေ စတင်ပေါ်ပေါက်လာပါတော့တယ် … Shiroe က သူနဲ့အတူတူရောက်နေတဲ့Continue reading “Log Horizon”

Death March to the Parallel World Rhapsody (or) Death March kara Hajimaru Isekai Kyousoukyoku

Suzuki Ichirou ဟာ အသက် 29 နှစ် အရွယ်ရှိပြီဖြစ်တဲ့ Programmer တစ်ယောက်ပါ။ ဒီလိုနဲ့ Fantasy RPG Game  ထဲကို အိပ်မက်လိုလို တကယ်လိုလိုနဲ့ရောက်ရှိသွားတဲ့နောက်  Game ထဲမှာ အသက် 15 နှစ်အရွယ်ဖြစ်နေတာကို  သိလိုက်ရပါတယ်။ ပြီးတော့ သူမှာလဲ Lvl အမြင့်စားSpellတွေ ရှိတာကို သတိထားမိလိုက်ပါတယ်။ ထို့နောက် သူ့ဘဝကို  game ထဲမှာ တိတ်တိတ်လေးဖြတ်သန်းမလို့စဉ်းစားနေပေမဲ့ RPG စီးရီးတို့ ထုံးစံအတိုင်း Demon Kingထွက်ပေါ်လာတာ ကြောင့် သူ့အကြံအစည်တွေကို ဖျက်ပြီး Demon King ကို ဖိုက်ဖို့ခရီးရှည်ထွက်ခွာလာပါတော့တယ်။ . Watch (or) Download 

Blue Exorcist

Blue exocist ရဲ့ world မှာ two dimensions ရှိတယ် တစ်ခုက လူသားတွေနေတ့ဲ အာဆီယာ  နောက်တစ်ခုက စေတန်အုပ်စိုးတ့ဲ ဂယ်ဟယ်နာ နတ်ဆိုးတွေက လူ့ပြည် အာဆီယာမှာ လူတွေကိုဝင်ပူးပြီး နေလို့ရတယ်ပေါ့ အ့ဲနတ်ဆိုးတွေကို မြင်နိုင် ရှင်းလင်းနိုင်တ့ဲသူတွေကို  exocist ပ​ယောဂဆရာ လို့ခေါ်တယ် အိုကုမူရာ ရင် နဲ့ အိုကုမူရာ ယူကီအို ဆိုတ့ဲ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ  ရှီရို ဖူဂျီမိုတို ရဲ့မွေးစားသားတွေပေါ့ ရှီရိုက ပရောဂဆရာတစ်ယောက်ပါ (ဘယ်လောက်တော်သလဲဆိုတာ ဇာတ်လမ်းကြည့်နေရင်းသိပါလိမ့်မယ်) ရင်နဲ့ယူကီအိုက charactet ခြင်းတကယ်တခြားစီ ယူကီအိုက လိမ်မာသလောက် ရင်က ပြသနာအိုး ငဆိုးလေးပါ အ့ဲလိုဆိုးနေရတ့ဲအကြောင်းလဲရှိပါတယ် တစ်နေ့မှာ ရင်က သူမသိခ့ဲတ့ဲ သူ့ဘဝအမှန်အကြောင်းကို သိလိုက်ရတယ် စေတန်ရဲ့လက်က ရင့်ကိုအစွမ်းကုန်ကာကွယ်ရင်းContinue reading “Blue Exorcist”

The Rising of the Shield Hero

ဟိုးရှေးရှေးတုန်းက သူရဲကောင်း4ဦးရှိခဲ့တယ် သူတို့က ဓါး,လှံ,လေး(မြှား),ဒိုင်းကာ တို ့ကိုယ်စီကိုင်ပီး ဒုက္ခပေါင်းများစွာကို ခုခံတိုက်ခိုက်ခဲ့တယ် ဒီခေတ်ပိုင်းရောက်တဲ့အခါမှာ Melromarcလို ့ခေါ်တဲ့တိုင်းပြည်က အဲဒီ့သမိုင်းဝင် သူရဲကောင်း4ဦးပြန်ခေါ်ဖို ့လုပ်ခဲ့တယ် “Shield hero”ဆိုတဲ့ ဂုဏ်ပုဒ်ကို ဒိုင်​းကိုင်​တဲ့သူ Naofumi iwataniကိုပေးခဲ့တာ​ပေါ့။ ဒါပေမယ့် ဒိုင်းကို ကိုင်ဆောင်တဲ့လူက သူရဲကောင်း4ဦးထဲမှာ အားအနည်းဆုံးလို ့လူတွေက သတ်မှတ်ထားကြတယ်။ သူရဲကောင်းတွေ စစချင်းခရီးထွက်တဲ့အချိန်မှာပဲ Naofumiက မိန်​းက​လေးMalty Melromarcနဲ ့တူတူထွက်ခဲ့ပီး ပထမနေ့မှာတင် မိန်းက​ေ​လးက သူမကိုNaofumi ကမတော်မတရားကြံပါတယ်ဆိုပီး ဘုရင်ကြီးကိုပြောဆိုခဲ့ပီး သူ ့ကိုသစ္စာဖောက်လိုက်တယ်…ပစ္စည်​း​တွေလည်​းခိုးခံလိုက်​ရပါရော။ သူ့ရဲ့စွပ်​စွဲခံရတဲ့ပြစ်​မှု​တွေ​ကြောင်​့ Naofumiဟာ ရာဇဝတ်​သားအဖြစ်​သတ်​မှတ်​ခံရပြီး လူ့အဖွဲ့အစည်​းရဲ့အပယ်​ခံဖြစ်​ခဲ့ပါတယ်​၊ ရင်​ထဲမှာအမုန်​း​တရား​တွေအပြည်​့နဲ့ တစ်​​ယောက်​တည်​းရပ်​တည်​ပြီး သူ့အ​ပေါ်ကို​ချောက်​ချခဲ့တဲ့သူ​တွေကိုလက်​စား​ချေပါ​တော့တယ်​… ခရီးမှာဘယ်​သူ​တွေက ကူညီအားဖြည်​့​ပေးမလဲ…လက်​စား​ချေမှု​အောင်​မြင်​မှာလား…ဘယ်​လိုအခက်​အခဲ​တွေကြုံရမလဲဆိုတာ ​စောင်​့ကြည်​့ရမှာပါ…😁. Watch (or) Download 

Is It Wrong to Try to Pick Up Girls in a Dungeon? (or) DanMaChi

လွန်ခဲ့သော နှစ်ပေါင်းများစွာတုံးက ဘုရားသခင်လို့ခေါ်တ့ဲသူတွေဟာ လူပြည်ကိုဆင်းသက်လာခဲ့ပြီး သူတို့ရဲ့ နတ်ဘုရားအစွမ်းတွေကို Seal ပိတ်သိမ်းထားပြီးတော့ လူသားတွေနဲ့အတူနေထိုင်ဖို့လာခဲ့ကျတယ် နတ်ဘုရားတွေထဲကမှ Hestia လို့ခေါ်တဲ့ Loli Oppai နတ်ဘုရားမလေးနဲ့ Cranel, Bell ဆိုတဲ့ adventurer(စွန့်စားသူ)ဖြစ်ချင်တဲ့ကောင်လေးတို့တွေ့ဆုံကာ ဘာတွေဆက်ဖြစ်မလဲဆိုတာ…. . Watch (or) Download 

Code Realize

  Landonမြို့ကြီးရဲ့ လူသူပြတ်​တဲ့တစ်​​နေရာကအိမ်​​ဟောင်​းကြီးထဲမှာ မိန်​းက​လေးတစ်​​ယောက်​တည်​း အထီးကျန်​စွာ​နေ​နေပါတယ်​…တစ်​​နေ့​တော့ London​တော်ဝင်​​ရဲတပ်​ဖွဲ့က အဲ့ဒီ့မိန်​းက​လေးကို ဖမ်းဆီး​ခေါ်​ဆောင်​ဖို့ ​ရောက်​လာပါတယ်​… ​ မိန်​းက​​လေးက သူမကိုမ​ခေါ်ဖို့​တောင်​းပန်​​ပေမဲ့ တပ်​သားတစ်​​ယောက်​က သူမလက်​ကိုအတင်​းဆွဲ​ခေါ်လိုက်​​တဲ့အချိန်​မှာ… လက်အ​ရေပြား​တွေ ​လောက်​ကျွမ်​းကုန်​တယ်​…အဲ့ဒီ့မိန်​းက​လေးက “မ​သေဆုံးနိုင်​တဲ့နှလုံးသားပိုင်​ဆိုင်​ထားပြီး အဆိပ်​​တွေနဲ့ပြည်​့​နေတဲ့ မ​ကောင်​းဆိုးဝါးတစ်​​ယောက်​ဖြစ်​​နေတာပါ” …londonရဲ့ နာမည်​ကြီး Lupin​ခေါင်​း​ဆောင်​တဲ့ သူခိုးအုပ်​စုကလည်​း မိန်​းက​လေးကိုကာကွယ်​ဖို့ လာ​ခေါ်ကြပါ​တော့တယ်​…သူတို့က မိန်​းက​လေးကို ဘာလို့ကာကွယ်​ကြတာလဲ…? မိန်​းက​လေးက​ရော ဘာလို့ ဘယ်သူ​မှထိမရတဲ့အဆိပ်​​တွေရှိ​နေရတာလဲ…? London​တော်​ဝင်​ရဲတပ်​ဖွဲ့ကလည်​း သူ့ကိုဘာလို့လိုက်​​နေတာလဲ…? ဆိုတာရှုစားရမှာပါ။ Action, Fantasy, Romanceတို့​ပေါင်​းစပ်​တင်​ပြထားတာမို့ မလွတ်​တမ်​း​စောင်​့ကြည်​့ဖို့ တိုက်​တွန်​းချင်​ပါတယ်​။ မင်​းသား၊မင်​းသမီးကလည်​း အဆင်​​လေး​တွေမို့ ကြည်​့ရတာတန်​ပါတယ်​လို့ 😁. Watch (or) Download 

Akame Ga Kill

ဘုရင်ခေတ်တော်လှန်ရေးကားတချို့ကြည့်ဖူးကြမှာပါ အသုံးမကျတဲ့ဘုရင်ရဲ့စနစ်ဆိုးကြောင့်ပြည်သူတွေဒုက္ခရောက်ကြတာကြောင့်ပြည်တွင်းစစ်တွေဖြစ်ကြပြီးဘုရင်ကိုတော်လှန်ကြတာတွေပေါ့ အခုanimeကလည်းတော်လှန်ရေးကားတစ်ကားပါ နယ်စွန်နယ်ဖြားမှာနေထိုင်တဲ့Tatsumiဆိုတဲ့ကောင်လေးက ရွာကောင်ကျိုးအတွက်သူငယ်ချင်းနှစ်ယောက်နဲ့အတူ Capitalဆိုတဲ့ဘုရင်နေထိုင်တဲ့မြို့ဆီထွက်ခွာလာခဲ့ပါတယ် လမ်းမှာTatsumiကသူငယ်ချင်းနှစ်ယောက်နဲ့မျက်ခြေပြတ်သွားခဲ့ပါတယ် လမ်းမှာအခက်အခဲတွေကိုတစ်ယောက်တည်းရင်ဆိုင်ရင်း Capitalထဲသို့ရောက်ရှိလာပါတော့တယ် မြို့ထဲဝင်စမှာမိန်းကလေးတစ်ယောက်ကလှည့်ဖျားကာ Tatsumiရဲ့ရွှေပြားတွေအကုန်ယူသွားလေတယ် ညမှောင်ချိန်နေစရာမရှိတာကြောင့်လမ်းဘေးထိုင်နေချိန် လှည်းတစ်လုံးပေါ်ကကလေးမတစ်ယောက်က Tatsumiကိုသူ့အိမ်လာတည်းဖို့ခေါ်လေတယ် ချမ်းသာတဲ့အိမ်ကြီးမှာTatsumiနွေးထွေးတဲ့ညတစ်ခုပိုင်ဆိုင်ခဲ့တယ် နောက်နေ့ကလေးမပစ္စည်းထွက်ချိန်လိုက်ပါလာခဲ့ပြီးနံရံတွေမှာ wantedဆိုပြီးကပ်ထားတဲ့သူတွေက Night Raid ဆိုတဲ့ကြေးစားသူပုန်အဖွဲ့အစည်းတစ်ခုကလူတွေမှန်းသိသွားတယ် ကလေးမရဲ့ကိုယ်ရံတော်ပြောစကားအရCapitalကိုအုပ်စိုးနေတဲ့ဘုရင်ကကလေးတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေကြိုးကိုင်နေသူရှိမှန်းသိခဲ့ရတယ် ညရောက်တဲ့အခါမှာTatsumiမှန်တွေအနားလမ်းလျှောက်နေချိန် Night Raidရောက်ရှိလာတာကိုမျက်ဝါးထင်ထင်မြင်လိုက်ရတယ် ထွက်လာသမျှလူအကုန်ကိုသတ်နေတာကြောင့်Tatsumiက ကလေးမလက်ကိုဆွဲပြီးသစ်ပင်တွေကြားဆီထွက်ပြေးတယ် အဆောက်အအုံတစ်ခုရောက်ချိန် Night Raid အဖွဲ့ဝင်အမျိုးသမီးတစ်ယောက်ကမှီလာတာကြောင့် Tatsumiတစ်ယောက်ဓားထုတ်ရပါတော့တယ် အမျိုးသမီးကTatsumiကိုမသတ်ပဲထွက်ပြေးခိုင်းသော်လည်း ကလေးမကိုကာကွယ်ချင်သောTatsumiက ထိုအမျိုးသမီးနဲ့ဓားရေးယှဉ်ရပါတော့တယ် Tatsumiသတိတစ်ချက်လွတ်ချိန်အမျိုးသမီးရဲ့ဓားက Tatsumiနှလုံးဆီဆိုက်ရောက်လာပါတော့တယ် ဒီanimeကဘုရင်ခေတ်စနစ်ဆိုးရဲ့ရက်စက်ပုံတွေကိုသေချာဖော်ပြထားပါတယ် သတ်မလားသေမလားရွေးချယ်ရပုံတွေကိုလည်းတွေ့ရမှာပါ ကိုယ့်အဖွဲ့သားတွေကိုယ့်ရှေ့မှာရက်ရက်စက်စက်အသတ်ခံရတာတွေကိုလည်းခံစားရခက်စွာတွေ့မြင်ရမှာပါ စစ်မှာမတရားတာမရှိဘူးဆိုတာတွေ့မြင်ရမှာပါ လူသတ်တာကလူဆိုးလား မကောင်းတာလုပ်တာလူဆိုးလား လူကောင်းကောလူမသတ်ဘူးလား စိတ်ထားကောင်းတိုင်းလူကောင်းလား စသဖြင့်မေးခွန်းများစွာမေးမိမှာပါ တော်လှန်ရေးကားဖြစ်တာကြောင့်စိတ်အပန်းပြေ အာသာပြေအနေနဲ့မကြည့်ဖို့ပြောချင်ပါတယ် ကြည့်ပါကလည်းစိတ်ခိုင်ခိုင်ထားစေလိုပါတယ် စိတ်မခိုင်ရင်ခေါင်းအုံးတစ်လုံးနဲ့တစ်သျှူးတစ်လိပ်ဘေးယူထားပါ ကြည့်ပြီးစိတ်ဆင်းရဲတယ််မပြောပါနဲ့ စိတ်မဆင်းရဲချင်ကmangaဖတ်ပါ but manga endingထက်စာရင်animeContinue reading “Akame Ga Kill”

Design a site like this with WordPress.com
Get started