နာမည်ကြည့်လိုက်တာနဲ့ သရဲကားဆိုတာ ခန့်မှန်းမိမှာပေါ့နော်။ သရဲကားဆိုပေမယ့် အရမ်းအရမ်းကို စိတ်၀င်စားဖို့ကောင်းတဲ့ anime လေးပါ။ ကြောက်ဖို့လည်းအဇမ်း…ကောင်း။ ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။ Mai Taniyama လို့ခေါ်တဲ့ ကျောင်းသူလေးတစ်ယောက်က သရဲအကြောင်းပြောရတာအရမ်းကြိုက်တဲ့ ကောင်မလေးတစ်ယောက်… ကျောင်းမှာဆိုသူ့ငယ်ချင်းတွေကို သရဲ အကြောင်းတွေအမြဲတမ်းပြောပြလေ့ရှိတဲ့ သရဲဝါသနာအိုးလေးပေါ့။ တစ်ရက်ကျတော့ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ သူတို့ကျောင်းက ကျောင်းဆောင်အဟောင်းတစ်ခုကို စုံစမ်းစစ်ဆေးဖို့လာတဲ့ Shibuya Psychic Research Centre က ၁၇ နှစ်အရွယ်ကောင်လေးချောချောလေး Kazuya Shibuya နဲ့တွေ့ရော။ တစ်နေ့၊ စပ်စုတဲ့ Mai တစ်ယောက် အဲဒီ ကျောင်းဆောင်အဟောင်းကိုဝင်ကြည့်ရင်း အန္တရာယ်ဖြစ်ခါနီး Kazuya ရဲ့လက်ထောက်က ကယ်လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့ကိုကယ်ရင်းဒဏ်ရာရသွားတဲ့ လက်ထောက်ရဲ့နေရာကို Mai က အစား၀င်လိုက်ရတာပေါ့နော်။ Mai တစ်ယောက် ShibuyaContinue reading “Ghost Hunt”
Tag Archives: Comedy
Taboo Tattoo
ကိုယ်ခံပညာတတ်တဲ့ အလယ်တန်းကျောင်းသားလေး, Seigi ဟာ သူ့အနားက အားနွဲ့တဲ့သူတွေဆို ကာကွယ်ပေးချင်စိတ်ရှိတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာ အိမ်ခြေမဲ့လူတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေကြတာတွေ့လို့ ကူညီလိုက်ရင်းက အဲ့လူဟာ ကျေးဇူးတင်တဲ့အနေနဲ့ ထူးခြားတဲ့တက်တူးတစ်ခု လက်ဖဝါးမှာကပ်ပေးလိုက်တယ်။ အဲ့တက်တူးဟာ US နဲ့ Serinistan Kingdom ကအပြိုင်ထုတ်လုပ်နေကြတဲ့ လျှို့ဝှက်လက်နက်ဆန်း ဆိုတာ… ။ Seigi တစ်ယောက်, သူ့လိုတက်တူးနဲ့ သူ့ထက်လဲ တက်တူးအကြောင်းပိုနားလည်ပြီး ကမ္ဘာအသစ်ပြန်တည်ဆောက်ချင်တဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့တော့… သူတတ်စွမ်းတဲ့ ကိုယ်ခံပညာအစွမ်းနဲ့ပဲ အသက်ရှင်အောင် ကြိုးစားနိုင်မလား, ဒါမှမဟုတ် တက်တူးရဲ့အစွမ်းတွေကိုပဲ အချိန်မှီ ထုတ်သုံးနိုင်မလားဆိုတာ…… . Watch (or) Download
How not to Summon A Demon Lord
^ MMORPG Cross Reverie,အရ Sakamoto Takuma ရဲ့အဆင့်မြှင့်ထားတဲ့ တစ်ဖက်ကမ်း skill တွေကြောင့် အခြားကစားသမားတွေကသူကို မိစာၦဘုရင် လို့ခေါ်ကြတယ်. တစ်နေ့မှာ, ဂိမ်းထဲကအခြားကမ္ဘာကို ဆင့်ခေါ်ခံခဲ့ရတယ်. အဲ့ဒီမှာ မိန်းကလေးနှစ်ယောက်က “ငါက ဆင့်ခေါ်ခဲ့တာ”ဆိုနှစ်ယောက်အငြင်းပွားနေကြတယ်. Takuma ကိုကျွန်ထိမ်း ချုပ်ရေးမှော်ပညာနဲ့ မိန်းကလေး နှစ်ယောက်ကဖမ်းဖို့ကြိုးစားခဲ့တယ်. ဒါပေမယ် “မှော်တန်ပြန်ခြင်း” မှော်ပညာကကြားဝင်ရောက်ခဲ့ပြီး! မိန်းကလေးတွေ ကိုယ်တိုင်ကကျွန်အဖြစ်ပြောင်းသွားခဲ့တယ်! စကားပြောရတာ Takuma လည်းစိတ်ရှုပ်သွားခဲ့တယ်. သူကအသန်မာဆုံး မှော်ဆရာပါ ဒါပေမယ့် သူ့မှာအသုံးဝင်တဲ့အရည်အချင်းတစ်ခုမှမရှိပါဘူး. အရေးပေါ်ပြသနာကြုံလာတဲ့အခါ ဂိမ်းကစားတဲ့ထဲကအတိုင်း ဟန်လုပ်ပြောခဲ့တယ် ငါက မိစာၦဘုရင်. “မိစာၦဘုရင်”?! ငါကမယုံနိုင်စရာလို့ပြောလိုက်တာလား?အရူးတွေ, ငါက Diablo အများကကြောက်ရွံ့တဲ့ မိစာပှဘုရင်ပဲ!!” . Watch (or) Download
Charlotte
Charlotte Anime ဇာတ်အိမ်တည်ထားတဲ့ ကမ္ဘာနား ကို ၇၅နှစ်ကြာ တစ်ခါ ဥက္ကာပျံတစ်ခု က ဖြတ်သွားတတ်ပါတယ်။ အဲ့ဥက္ကာပျံ ဖြတ်သွားတဲ့ အခါမှာ အမှုန်လေးတွေ ကျန်ခဲ့ပြီး အဲ့အမှုန်လေးတွေက ဆယ်ကျော်သက် ကလေးတွေ ရှူမိရင် သဘာဝလွန်စွမ်းအားတွေ ပေးပါတယ်။ အထက်တန်းကျောင်းတစ်ခု က ကျောင်းသားတစ်စု ဟာ နောက်ကြောင်းကံမကောင်းပါဘူး။ ရက်စက်တဲ့ အဖွဲ့အစည်းတွေ ကံတရားတွေရဲ့ နှိပ်စက်မှုတွေကို ရုန်းထွက်ပြီး ကြီးပြင်းလာကြရတာပါ။ အစကတော့ သူတို့အချင်းချင်း မတည့်ကြပေမယ့် အချိန်ကြာလာတော့လည်း ခင်သွားကြပါတယ်။ တစ်ချို့တွေဆို ချစ်သူတွေပါ ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ ရက်စက်တဲ့ ကမ္ဘာကြီးရဲ့ လှည့်စားမှုတွေကြောင့် ဒီလိုအဖြစ်ဆိုးတွေကို ခံစားကြရတာပါ။ သူတို့ဘယ်လို အစွမ်းတွေရလာကြမယ် ၊ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့……. . Watch (or) Download
Campione
Watch (or) Download
Assassination Classroom
လကို လခြမ်းပုံသဏ္ဌာန် ဖြစ်သွားအောင် ၇၀%ဖျက်ဆီးခဲ့ပြီး အသံထက်အဆ၂၀မြန်တဲ့ စွမ်းအားကြီးလွန်းတဲ့ သတ္တဝါဆန်း၊ အဲ့ဒီ့သတ္တဝါဆန်းကဘဲ နောက်ထပ်၁နှစ်ကြာတဲ့အခါမှာ ကမ္ဘာကိုဖျက်ဆီးပစ်မယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့်သူက အစိုးရကိုကမ်းလှမ်းမှု၁ခု လုပ်ခဲဲ့တယ်၊ အဲ့ဒါကတော့ သူ့ကိုKUNUGIGAOKAအလယ်တန်းကျောင်းရဲ့ CLASS 3-Eမှာ အတန်းပိုင်ဆရာအနေနဲ့လုပ်ရဖို့ဘဲ၊ အပြန်အလှန်အနေနဲ့ နောက်ထပ်၁နှစ်မပြည့်မချင်း အတန်ထဲကကျောင်းသူကျောင်းသူ/သားတွေ သူ့ကိုစိတ်ကြိုက်လုပ်ကြံခွင့်ပေးပြီးေတာ့ ကျောင်း/သူသားတွေကိုထိခိုက်အောင်ပြန်မလုပ်ဘူးဆိုပြီး ကမ်းလှမ်းမှု၁ခုလုပ်ခဲ့တယ်။ အစိုးရကသဘောတူခဲ့ပြီးတော့ CLASS 3-Eကကျောင်းသူ/သားတွေကို သတင်းအပြင်ကိုမပေါက်ကြားစေဖို့ တောင်းဆိုခဲ့ပြီးတော့ လုပ်ကြံဖို့အတွက်လက်နက်တွေပေးခဲ့တယ်။ အဲ့ဒီ့သတ္တဝါဆန်းကို CLASS 3-Eကကျောင်းသူ/သားတွေက KORO SENSEI(သတ်ဖြတ်၍မရသောဆရာ)ဆိုပြီး နာမည်ပေးခဲ့တယ်။ KORO SENSEIက သူ့ရဲ့တပည့်တွေကို စေတနာအပြည့်နဲ့ သင်ကြားပေးခဲ့ပြီးတော့ အနာဂတ်အတွက်ပါ သေချာပြင်ဆင်ပေးခဲ့တယ်၊ KORO SENSEIကိုကျောင်းသူ/သားတွေလုပ်ကြံနိုင်ပါ့မလား ဆိုတာကတော့….. Watch (or) Download
The Rising of the Shield Hero
ဟိုးရှေးရှေးတုန်းက သူရဲကောင်း4ဦးရှိခဲ့တယ် သူတို့က ဓါး,လှံ,လေး(မြှား),ဒိုင်းကာ တို ့ကိုယ်စီကိုင်ပီး ဒုက္ခပေါင်းများစွာကို ခုခံတိုက်ခိုက်ခဲ့တယ် ဒီခေတ်ပိုင်းရောက်တဲ့အခါမှာ Melromarcလို ့ခေါ်တဲ့တိုင်းပြည်က အဲဒီ့သမိုင်းဝင် သူရဲကောင်း4ဦးပြန်ခေါ်ဖို ့လုပ်ခဲ့တယ် “Shield hero”ဆိုတဲ့ ဂုဏ်ပုဒ်ကို ဒိုင်းကိုင်တဲ့သူ Naofumi iwataniကိုပေးခဲ့တာပေါ့။ ဒါပေမယ့် ဒိုင်းကို ကိုင်ဆောင်တဲ့လူက သူရဲကောင်း4ဦးထဲမှာ အားအနည်းဆုံးလို ့လူတွေက သတ်မှတ်ထားကြတယ်။ သူရဲကောင်းတွေ စစချင်းခရီးထွက်တဲ့အချိန်မှာပဲ Naofumiက မိန်းကလေးMalty Melromarcနဲ ့တူတူထွက်ခဲ့ပီး ပထမနေ့မှာတင် မိန်းကေလးက သူမကိုNaofumi ကမတော်မတရားကြံပါတယ်ဆိုပီး ဘုရင်ကြီးကိုပြောဆိုခဲ့ပီး သူ ့ကိုသစ္စာဖောက်လိုက်တယ်…ပစ္စည်းတွေလည်းခိုးခံလိုက်ရပါရော။ သူ့ရဲ့စွပ်စွဲခံရတဲ့ပြစ်မှုတွေကြောင့် Naofumiဟာ ရာဇဝတ်သားအဖြစ်သတ်မှတ်ခံရပြီး လူ့အဖွဲ့အစည်းရဲ့အပယ်ခံဖြစ်ခဲ့ပါတယ်၊ ရင်ထဲမှာအမုန်းတရားတွေအပြည့်နဲ့ တစ်ယောက်တည်းရပ်တည်ပြီး သူ့အပေါ်ကိုချောက်ချခဲ့တဲ့သူတွေကိုလက်စားချေပါတော့တယ်… ခရီးမှာဘယ်သူတွေက ကူညီအားဖြည့်ပေးမလဲ…လက်စားချေမှုအောင်မြင်မှာလား…ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာ စောင့်ကြည့်ရမှာပါ…😁. Watch (or) Download
Servamp
ဇာတ်လမ်းကတော့ မင်းသားကကြောင်တစ်ကောင်ကိုအိမ်ခေါ ်လာတယ် ခေါ ်လာတဲ့ကြောင်က vampire ဖြစ်နေတယ် vampire ဖစ်ပြီးတခြားvampireတွေနဲ့fightကြတယ်ဒါပဲ ကျန်တာဆက်မရေးချင်တော့ဘူးကိုယ့်ပါသာကိုယ်ဆက်ကြည့်တော့ ;p ဒီကားကိုတော်တော်များများတော့ကြည့်ပြီးကြပြီထင်တယ် 🙂. Watch (or) Download
Nanbaka
Jyugo,Uno,Rock,Nico ဆိုတဲ့ရာဇဝတ်သား လေးယောက်ဟာ Nanba လို့ အမည်ရတဲ့ ကမ်ဘာ့ စည်းကမ်းအကြပ်ဆုံးထောင်ထဲသို့ ပို့ခြင်းခံလိုက်ရတယ်။ Jyugo ဟာ သူကျခဲ့ ထောင်မှန်သမျှထဲမှ ခဏခဏ ခိုးထွက်တာဝါသနာပါတယ်၊ Uno ကလောင်းကစားလုပ်ရင်းနဲ့ မိန်းမပွေတယ်၊ Rock က ရန်ဖြစ်ရတာကြိုက်တယ်၊ Nico က Anime နဲ့ game တွေကိုသဘောကျ တယ်။ သူတို့လေးယောက်ဟာ ထောင်ဖောက်ပြေးရတာ ကြိုက်ကြသလို နေ့တိုင်းလိုလို ထွက်ပြေးကြတယ်။ သို့သော် ထောင်ပြင်သို့မရောက်မှီ ပြန်ဖမ်းမိကြလေသည်။ ဒီလိုနဲ့ နေ့တိုင်းလိုလို ပြေးလိုက်ဖမ်းမိလိုက်နဲ့ ပျော်စရာနေ့များဖြတ်သန်းရာ သူတို့တကယ် ထွက်ပြေးနိုင်ခဲ့တဲ့ နေ့ရှိမလားလို့ ကြည့်ရှုပ်ခံစားလိုက်ကြပါ။ . Watch (or) Download
Inari Konkon Koi Iroha
အမြဲတန်း ထုံထုံအအနဲ့ရှက်ပြာရှက်ပြာနိုင်တဲ့ အလယ်တန်းကျောင်းသူလေး Inari Fushimi က သူတစ်ပါးအပေါ်အမြဲဂရုစိုက်တတ်ပြီး တစ်ရောက်ရောက်အကူအညီလိုနေရင်မကူညီပဲမနေနိုင်တဲ့လူမျိုးဖြစ်ပြီး အလုတ်အရမ်းကြိုးစားတဲ့ kojui tababashi ဆိုတဲ့ကောင်လေးကို တစ်ဖက်သက်ကြိတ်ကြွေနေသူလေးပါ။ သူကြိတ်ကြွေနေတဲ့ kouji က အတန်းထဲကယောကျာ်းလေးတိုင်းသဘောကျတဲ့ Sumizome ဆီကနေအဖြေတောင်းဆိုနေတဲ့မြင်ကွင်းကိုတွေ့ခဲ့ပါတယ် ့် INARI ဘုရားကျောင်းကြီးမှာ ဝမ်းနည်းစွာငိုကြွေးရင်း kami-sama လို့ဟစ်ခေါ်လိုက်တဲ့အချိန်မှာတော့……… Watch (or) Download