Eren Jaegar ဆိုတဲ့လူငယ်လေးနဲ့ သူ့မိသားစုနေထိုင်တဲ့ မြို့ကို Titan တွေဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ငယ်ငယ် ကတည်းက မဟုတ်ရင်မခံ၊အမှန်တွေကိုဘဲပြောပြီး အရာရာကိုသိလိုစိတ်ပြင်းပြတဲ့ Eren တစ်ယောက် သူ့အမေကို Titan တစ်ကောင်က စားသွားတဲ့အခါမှာတော့ သူဘယ်လိုခံစားရမလဲ၊အခြေအနေတွေကိုဘယ်လို ရင်ဆိုင်မလဲ၊ဘယ်လိုကြိုးစားရုန်းကန်မလဲ၊ဘယ်လို အနာဂတ်ကိုပုံဖော်မလဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့် ရမှာပါ။Eren နဲ့အတူ သူ့သူငယ်ချင်းနှစ်ယောက်ကတော့ အရမ်းတော်တဲ့ Mikasa Ackerman,ဗဟုသုတကြွယ် ပြီးအတွေးအခေါ်ကောင်းတဲ့ Armin Arlert😍 တို့ပါ။ ဒီဇာတ် လမ်းရဲ့ခေတ်ကလူတွေကတံတိုင်းကြီးသုံးခုဖြစ်တဲ့ Maria, Rose နဲ့ Sina ထဲမှာနေကြပါတယ်။ဒီလောက်မြင့်တဲ့ တံတိုင်းကြီးတွေကို ဘယ်သူတွေကဆောက်သွားခဲ့တာလဲ? ဘာလို့ Titan တွေက လူတွေကိုအန္တရာယ်ပေးတာလဲ? Titan တွေကရော .. ဘယ်ကရောက်လာကြတာလဲ ဆိုတာ ကတော့ စောင့်ကြည့်ရမှာပါ … ကျွန်တော်အဓိကပြောချင်တဲ့အချက်က ဒီ Anime မှာContinue reading “Attack on Titan”
Tag Archives: Drama
Akame Ga Kill
ဘုရင်ခေတ်တော်လှန်ရေးကားတချို့ကြည့်ဖူးကြမှာပါ အသုံးမကျတဲ့ဘုရင်ရဲ့စနစ်ဆိုးကြောင့်ပြည်သူတွေဒုက္ခရောက်ကြတာကြောင့်ပြည်တွင်းစစ်တွေဖြစ်ကြပြီးဘုရင်ကိုတော်လှန်ကြတာတွေပေါ့ အခုanimeကလည်းတော်လှန်ရေးကားတစ်ကားပါ နယ်စွန်နယ်ဖြားမှာနေထိုင်တဲ့Tatsumiဆိုတဲ့ကောင်လေးက ရွာကောင်ကျိုးအတွက်သူငယ်ချင်းနှစ်ယောက်နဲ့အတူ Capitalဆိုတဲ့ဘုရင်နေထိုင်တဲ့မြို့ဆီထွက်ခွာလာခဲ့ပါတယ် လမ်းမှာTatsumiကသူငယ်ချင်းနှစ်ယောက်နဲ့မျက်ခြေပြတ်သွားခဲ့ပါတယ် လမ်းမှာအခက်အခဲတွေကိုတစ်ယောက်တည်းရင်ဆိုင်ရင်း Capitalထဲသို့ရောက်ရှိလာပါတော့တယ် မြို့ထဲဝင်စမှာမိန်းကလေးတစ်ယောက်ကလှည့်ဖျားကာ Tatsumiရဲ့ရွှေပြားတွေအကုန်ယူသွားလေတယ် ညမှောင်ချိန်နေစရာမရှိတာကြောင့်လမ်းဘေးထိုင်နေချိန် လှည်းတစ်လုံးပေါ်ကကလေးမတစ်ယောက်က Tatsumiကိုသူ့အိမ်လာတည်းဖို့ခေါ်လေတယ် ချမ်းသာတဲ့အိမ်ကြီးမှာTatsumiနွေးထွေးတဲ့ညတစ်ခုပိုင်ဆိုင်ခဲ့တယ် နောက်နေ့ကလေးမပစ္စည်းထွက်ချိန်လိုက်ပါလာခဲ့ပြီးနံရံတွေမှာ wantedဆိုပြီးကပ်ထားတဲ့သူတွေက Night Raid ဆိုတဲ့ကြေးစားသူပုန်အဖွဲ့အစည်းတစ်ခုကလူတွေမှန်းသိသွားတယ် ကလေးမရဲ့ကိုယ်ရံတော်ပြောစကားအရCapitalကိုအုပ်စိုးနေတဲ့ဘုရင်ကကလေးတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေကြိုးကိုင်နေသူရှိမှန်းသိခဲ့ရတယ် ညရောက်တဲ့အခါမှာTatsumiမှန်တွေအနားလမ်းလျှောက်နေချိန် Night Raidရောက်ရှိလာတာကိုမျက်ဝါးထင်ထင်မြင်လိုက်ရတယ် ထွက်လာသမျှလူအကုန်ကိုသတ်နေတာကြောင့်Tatsumiက ကလေးမလက်ကိုဆွဲပြီးသစ်ပင်တွေကြားဆီထွက်ပြေးတယ် အဆောက်အအုံတစ်ခုရောက်ချိန် Night Raid အဖွဲ့ဝင်အမျိုးသမီးတစ်ယောက်ကမှီလာတာကြောင့် Tatsumiတစ်ယောက်ဓားထုတ်ရပါတော့တယ် အမျိုးသမီးကTatsumiကိုမသတ်ပဲထွက်ပြေးခိုင်းသော်လည်း ကလေးမကိုကာကွယ်ချင်သောTatsumiက ထိုအမျိုးသမီးနဲ့ဓားရေးယှဉ်ရပါတော့တယ် Tatsumiသတိတစ်ချက်လွတ်ချိန်အမျိုးသမီးရဲ့ဓားက Tatsumiနှလုံးဆီဆိုက်ရောက်လာပါတော့တယ် ဒီanimeကဘုရင်ခေတ်စနစ်ဆိုးရဲ့ရက်စက်ပုံတွေကိုသေချာဖော်ပြထားပါတယ် သတ်မလားသေမလားရွေးချယ်ရပုံတွေကိုလည်းတွေ့ရမှာပါ ကိုယ့်အဖွဲ့သားတွေကိုယ့်ရှေ့မှာရက်ရက်စက်စက်အသတ်ခံရတာတွေကိုလည်းခံစားရခက်စွာတွေ့မြင်ရမှာပါ စစ်မှာမတရားတာမရှိဘူးဆိုတာတွေ့မြင်ရမှာပါ လူသတ်တာကလူဆိုးလား မကောင်းတာလုပ်တာလူဆိုးလား လူကောင်းကောလူမသတ်ဘူးလား စိတ်ထားကောင်းတိုင်းလူကောင်းလား စသဖြင့်မေးခွန်းများစွာမေးမိမှာပါ တော်လှန်ရေးကားဖြစ်တာကြောင့်စိတ်အပန်းပြေ အာသာပြေအနေနဲ့မကြည့်ဖို့ပြောချင်ပါတယ် ကြည့်ပါကလည်းစိတ်ခိုင်ခိုင်ထားစေလိုပါတယ် စိတ်မခိုင်ရင်ခေါင်းအုံးတစ်လုံးနဲ့တစ်သျှူးတစ်လိပ်ဘေးယူထားပါ ကြည့်ပြီးစိတ်ဆင်းရဲတယ််မပြောပါနဲ့ စိတ်မဆင်းရဲချင်ကmangaဖတ်ပါ but manga endingထက်စာရင်animeContinue reading “Akame Ga Kill”