ဒီAnimeလေးက 2014မှာ ထုတ်လွှင့်ခဲ့တဲ့Serieလေးပါ။ Light novelကနေတစ်ဆင့် Animeအဖြစ်နဲ့အသက်သွင်းထားတာပဲဖြစ်ပါတယ်။စိတ်ကနေတစ်ဆင့်ဖြစ်ပေါ်လာတဲ့ပုံစံအမျိုးမျိုးစွမ်းအားအမျိုးမျိုးရှိတဲ့လက်နက်တွေကို Blazeလို့ခေါ်ကြပြီး Blazeကိုပိုင်ဆိုင်တဲ့သူ၊စွမ်းအားရှိတဲ့သူကိုတော့ Blazerလို့ခေါ်ဆိုပါတယ်။Blazerတွေဟာ သာမန်သူတွေထက် ခွန်အားအရာ၊လျင်မြန်မှုနဲ့ ကြံခိုင်မှုအပိုင်းမှာ ပိုသာကြပါတယ်။ ဒီဇာတ်လမ်းလေးကို ဖြစ်တည်လာရတာက Torဆိုတဲ့ကောင်လေးတစ်ယောက် Koryo Academyမှာ ပညာလာသင်တာကစပါတယ်။ Koryo Academyဆိုတာက တကယ့်ဒိတ်ဒိတ်ကြဲ နာမည်ကြီးလှတဲ့ကျောင်းတော်ပါ။ ကျောင်းသားတွေကို လေ့ကျင့်ပေးရာမှာ ကောင်းမွန်သလောက် ပြင်းလည်းပြင်းထန်လှပါတယ်။ကျောင်းကချမှတ်တဲ့အမိန့်အရ ကျောင်းသားအချင်းချင်း အရည်အချင်းစစ်စီးချင်းပြိုင်ပွဲမှာ တစ်ခြားသူအားလုံးရဲ့Blazeတွေက လက်နက်ပုံစံအသီးသီးဖြစ်နေကြပေမဲ့ Torရဲ့Blazeက တစ်မူကွဲပြားပြီး ဒိုင်းတစ်ခုအသွင်ဖြစ်နေတဲ့အတွက် Irregular(ပုံမှန်မဟုတ်သူ)ဆိုပြီး ကျော်ကြားသွားခဲ့ပါတယ်။ ဒီကျောင်းတော်ကိုမဖြစ်မနေတက်ရောက်ခွင့်ရအောင်ကြိုးစားပြီး သန်မာအောင်ကြိုးစားမယ်ဆိုတဲ့သူ့ရဲ့စကားအရ… ပြင်းပြတဲ့ဒီစိတ်ဆုံးဖြတ်ချက်ကိုဖြစ်ပေါ်လာစေခဲ့တာက ဘာအကြောင်းတရားလဲ။ ? Blazeဆိုတာက စိတ်ကတစ်ဆင့်ဖြစ်ပေါ်လာရတဲ့ ဆန္ဒအရ ဒိုင်းတစ်ခုကိုပိုင်ဆိုင်ထားတဲ့Torက ဘာဆန္ဒရှိခဲ့လို့လဲ။ ? အတိတ်မှာရော Torကာကွယ်ချင်ခဲ့တဲ့ ဘာအဖြစ်အပျက်ရှိခဲ့လို့လဲ။ ? Absolute Duo (ပြိုင်ဖက်ကင်းနှစ်ယောက်တွဲအဖွဲ့)ဆိုတာဖြစ်လာရအောင် Torရဲ့Continue reading “Absolute Duo”
Tag Archives: Fantasy
A Tale of Worst One
ဒီAnimeလေးက 2015မှာ ထုတ်လွှင့်ခဲ့တဲ့Serieလေးပါ။ Animeဇာတ်အိမ်တည်ရာကမ္ဘာကြီးက Alternate Earth လို့ခေါ်ဆိုပြီး သာမန်ထက်ထူးခြားတဲ့စွမ်းအင်ရှိကြသူတွေကိုBlazersတွေလို့ခေါ်ဆိုကြပါတယ်။ Blazerတွေက စိတ်ကနေတစ်ဆင့်ဖြစ်ပေါ်လာတဲ့ပုံစံအမျိုးမျိုးစွမ်းအားအမျိုးမျိုးရှိတဲ့ Blazeတွေကိုအသုံးပြုကြပါတယ်။ Blazersတိုင်းရဲ့အိမ်မက်က Magical Knightတစ်ယောက်ဖြစ်လာဖို့ပါ။ ဇာတ်လမ်းလေးစလာတာက Hagun Academyကို Vermillion Empire ရဲ့ဒုတ်ိယမင်းသမီး Stella Vermillionပြောင်းလာရာကနေစပါတယ်။ အရာရာတိုင်းမှာထူးချွန်တဲ့ Rank Aအဆင့်ရှိတဲ့သူမက Ikki Kuroganeဆိုတဲ့ Rank Fတစ်ယောက်နဲ့အခန်းဖော်အတူတူကျလာရာကနေ အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေကြောင့် ရှုံးသူအစေခံဖြစ်ကြေး Duelယှဉ်ရပါတော့တယ်။ ဒီDuelမှာ နိုင်ခဲ့တဲ့သူက ဘယ်သူလဲ ? သူတို့နှစ်ယောက် အခန်းဖော်တွေရောဖြစ်လာကြမှာလား ? တခြားBlazersတွေအတိုင်း သူတို့လည်း Magical Knight ဖြစ်လာမှာလား ? Ecchi Typeခပ်ပါးပါးလေးမို့ Boyတွေအကြိုက်ပါ။ ခပ်ပေါ့ပေါ့ပါးပါးကြည့်ရကောင်းသလို တစ်ချို့နေရာတွေမှာတော့မမျှော်လင့်ထားတဲ့အချိုးအကွေ့လေးတွေက စိတ်ကိုဆွဲဆောင်သွားပါလိမ့်မယ်လို့ပြောကြားရင်း….. Watch (or) Download
The Rising of the Shield Hero
ဟိုးရှေးရှေးတုန်းက သူရဲကောင်း4ဦးရှိခဲ့တယ် သူတို့က ဓါး,လှံ,လေး(မြှား),ဒိုင်းကာ တို ့ကိုယ်စီကိုင်ပီး ဒုက္ခပေါင်းများစွာကို ခုခံတိုက်ခိုက်ခဲ့တယ် ဒီခေတ်ပိုင်းရောက်တဲ့အခါမှာ Melromarcလို ့ခေါ်တဲ့တိုင်းပြည်က အဲဒီ့သမိုင်းဝင် သူရဲကောင်း4ဦးပြန်ခေါ်ဖို ့လုပ်ခဲ့တယ် “Shield hero”ဆိုတဲ့ ဂုဏ်ပုဒ်ကို ဒိုင်းကိုင်တဲ့သူ Naofumi iwataniကိုပေးခဲ့တာပေါ့။ ဒါပေမယ့် ဒိုင်းကို ကိုင်ဆောင်တဲ့လူက သူရဲကောင်း4ဦးထဲမှာ အားအနည်းဆုံးလို ့လူတွေက သတ်မှတ်ထားကြတယ်။ သူရဲကောင်းတွေ စစချင်းခရီးထွက်တဲ့အချိန်မှာပဲ Naofumiက မိန်းကလေးMalty Melromarcနဲ ့တူတူထွက်ခဲ့ပီး ပထမနေ့မှာတင် မိန်းကေလးက သူမကိုNaofumi ကမတော်မတရားကြံပါတယ်ဆိုပီး ဘုရင်ကြီးကိုပြောဆိုခဲ့ပီး သူ ့ကိုသစ္စာဖောက်လိုက်တယ်…ပစ္စည်းတွေလည်းခိုးခံလိုက်ရပါရော။ သူ့ရဲ့စွပ်စွဲခံရတဲ့ပြစ်မှုတွေကြောင့် Naofumiဟာ ရာဇဝတ်သားအဖြစ်သတ်မှတ်ခံရပြီး လူ့အဖွဲ့အစည်းရဲ့အပယ်ခံဖြစ်ခဲ့ပါတယ်၊ ရင်ထဲမှာအမုန်းတရားတွေအပြည့်နဲ့ တစ်ယောက်တည်းရပ်တည်ပြီး သူ့အပေါ်ကိုချောက်ချခဲ့တဲ့သူတွေကိုလက်စားချေပါတော့တယ်… ခရီးမှာဘယ်သူတွေက ကူညီအားဖြည့်ပေးမလဲ…လက်စားချေမှုအောင်မြင်မှာလား…ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာ စောင့်ကြည့်ရမှာပါ…😁. Watch (or) Download
Seven Mortal Sins
Warning – Adult (18+) Luciferလို့ဆိုလိုက်တာနဲ့ မိစာၦဆိုတဲ့စကားလုံးနဲ့ တွဲမြင်ရလောက်အောင် ထင်ရှားတဲ့မိစာၦတစ်ပါးဖြစ်ပါတယ်။ တစ်ခါတစ်ရံ မိစာၦဘုရင်အဖြစ်၊စစ်သူကြီးအဖြစ် မကြာခဏမြင်တွေ့နေကြဖြစ်မှာပါ။တကယ်တမ်း Lucifer က Fallen Angel(နတ်သက်ကြွေနတ်တစ်ပါး)ဖြစ်ပါတယ်။ ဒီ Animeမှာ Luciferက ကောင်းကင်ဘုံမှာ အပြစ်တစ်ခုလုပ်မိတဲ့အတွက် ငရဲပြည်သို့ နယ်နှင်ခံလိုက်ရပါတယ်။Luciferတစ်ယောက် ငရဲပြည်အရောက်မှာတော့ Seven Mortal Sinsတွေနဲ့ ပြသနာတက်ကာ Luciferရဲ့ စွမ်းအားတွေအားလုံး Seal(ချိပ်ပိတ်)ခံလိုက်ပြီး လူ့ပြည်လူ့လောကမှာ Mariaဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံခဲ့ရကာနေ အဆိုပါ Sealကိုပြန်ဖြေဖို့အတွက် ကြိုးစားပါတော့တယ်။ Lucifer အနေနဲ့ Sealကိုပြန်ဖွင့်နိုင်ပါ့မလား။ ? ကောင်းကင်ဘုံကနေနယ်နှင်ခံလိုက်ရအောင် Luciferရဲ့အပြစ်ကဘာလဲ။ ? ကျွန်တော်တို့သိနေကြတဲ့သမိုင်းအရဆို Luciferက မိစာၦဘုရင်ဖြစ်တယ်ဆိုတဲ့အတွက် ဒီAnimeမှာရော ဘယ်လိုပုံစံနဲ့ပါဝင်နေမှာလဲ။ ? Luciferအနေနဲ့ ကောင်းကင်ဘုံနဲ့ရှိခဲ့တဲ့ရန်ကြွေးတစ်ခုကို လက်စားချေနိုင်မှာလားဆိုတာကတော့….. 🖤🖤🖤. Watch (or)Continue reading “Seven Mortal Sins”
Re Zero
သာမန်အထက်တန်းကျောင်းသား Natsuki Subaruကတစ်နေ့မှာ convenient store ကနေအထွက် အိပ်ချင်မူးတူးဖြစ်နေချိန် မျက်စိတစ်မှိတ်ချင်းမှာပဲ အခြားကမ်ဘာတစ်ခုကိုရောက်သွားတယ်.ဘယ်ရောက်နေမှန်းမသိပေမဲ့ မြို့ထဲလျောက်သွားနေတယ်မြို့ရဲ့ချောင်တစ်ခုမှာနားနေချိန်မှာပဲ သူခိုးသုံးကောင်နဲ့တွေရော.ထွက်ပြေးမယ်ထင်လို့လား.အံမယ်ကိုပိန်ရိုးကပြန်ချတယ်ဗျ.အဲ့မှာစတွေ့တာပဲ. သူ့မှာ သေရာကပြန်ရှင်နိုင်တဲ့အစွမ်းရှိမှန်းသိလိုက်တယ်.ဒါပေမဲ့လည်းEmiliaနဲ့တွေ့တော့မှပဲပြသနာရှင်းသွားတယ်.Emiliaဆိုတာ ဘာညာဘာညာပါ့ဗျာ(animeကြည့်လိုက်ပါ)Subaruက သူ့ကိုကယ်ခဲ့တဲ့Emiliaကိုကြွေသွားတယ်.အမြဲတမ်းEmiliaဘက်ကဘဲနေတယ်.ဘယ်သူ့မှဂရုမစိုက်ဘူး.Emiliaအတွက်ဆိုရင် အသက်ပါပေးမဲ့အချစ်သူရဲကောင်းလေး(ခဏခဏသေတယ် သေပေါင်းလည်းထပ်နေပြီ😂)ဒါပေမဲ့SubaruကိုကြွေနေတာကRem.Rem Subaruကိုဘယ်လိုကြွေလဲတော့ animeလေးကိုကြည့်ပေးပါဗျာ😁.ဒါကတော့ Romanceအပိုင်းပေါ့နော်. Subaru ကEmiliaကိုအမြဲတမ်းကူညီတယ်(ချစ်တာကိုး)ကူညီလို့ပဲ ခဏခဏသေတာလေ.အဲ့လိုသေလိုပဲ နောက်တစ်ခါရန်သူကိုပြန်တိုက်ရင် ပြင်ဆင်လို့ရတာ.Emiliaတို့ကိုလိုက်သတ်နေတဲ့မကောင်းဆိုးဝါးတွေလည်းရှိတယ်ဗျ.အဲ့လိုမကောင်းဆိုးဝါးတွေရန်ကနေ အစွမ်းအစမရှိတဲ့Subaruက Emiliaကိုဘယ်လိုကာကွယ်မလဲ.Subaruကိုကြွေနေတဲ့ Remကကော ဘယ်လိုတွေSubaruကိုအဆုံးတိုင်ထိကာကွယ်ပေးနိုင်မှာလား?Subaru,Emiliaနဲ့ Remဆိုရဲ့ဇာတ်လမ်းလေးကရောဘယ်လိုဖြစ်လာမှာလဲဆိုတာကြည့်ရှုပေးကြပါဦးလို့ ဒီတစ်ခေါက်Reviewရေးရတာ လှို့ဝှက်ချက်တွေပါတယ်.ဒီanimeလေးက serieသဘောမျိုးဖြစ်တဲ့အတွက်အကုန်ပြောလို့မရလို့ပါ.ဒါပေမဲ့ဒီanimeလေးကရသမျိုးစုံပေးတဲ့အတွက် ကြည့်နေရင်းမပျင်းစေရပါဘူး.ဥပမာ Remဖွင့်ပြောတဲ့အခန်း ဒေါသထွက်ရတာမျိုး(ဘာလို့လဲကြည့်ပါ)Emiliaနဲ့Subaruတို့ပေါင်းပြီးတိုက်တဲ့အခန်းတို့ စသဖြစ်ရသမျိုးစုံပါပဲ.ဒီကားလေးက16+ပါ.ဟိုအခန်းဒီအခန်းတွေပါလို့ပါ(Ecchiမဟုတ်ပါ။ကြည့်ရင်းနဲ့သိလာပါလိမ့်မယ်). Watch (or) Download
Darling in the Franxx
အနာဂတ်မှာ ကမ္ဘာကြီးပျက်သုဉ်းလာခဲ့တဲ့နောက် လူသားတွေဟာ ရွေ့လျားသွားလာလို့ရတဲ့ မြို့ကြီးတွေနဲ့ နေထိိုင်ကြပါတယ်။ မြို့တိုင်းမှာလဲ ဌက်လှောင်အိမ်လို့ လူသိများတဲ့Mistilteinn လို့ခေါ်တဲ့ လေတပ်စခန်းတစ်ခုစီ တည်ရှိပါတယ်။ ထိုဌက်လှောင်အိမ် တွေဆီမှာလဲ အရွယ်ရောက်ခါစ လူငယ်တွေသာရှိပြီး သူတိို့အတွက် တခုတည်းသောအရာက တိုက်ခိုက်ဖို့ပါပဲ။ Kyoryu ဆိုတဲ့ ခေတ်လွန်ကာလသတ္တဝါကြီးတွေကို နှိမ်နှင်းဖို့ Franxx ဆိုတဲ့ စက်ရုပ်တွေကို မောင်းနှင်ပြီး တိုက်ခိုက်ကြပါတယ်။ ဒီကလေးတွေထဲကြားထဲက တစ်ယောက်ကတော့ Code 016 လို့ သိထားတဲ့ Hiroပါ။ Hiro ကို ငယ်ငယ်တုန်းက အနာဂတ်ရဲ့ သူရဲကောင်းလို့ ခန့်မှန်းထားကြပေမဲ့ Franxx ကိုမမောင်းနှင်နိုင်လို့ ကျရှုံးတဲ့သူတစ်ယောက် လောကကြီးမှာ ရှိမနေသင့်တဲ့သူအဖြစ် သတ်မှတ်ထားတာပါ။ တစ်နေ့မှာ Code 02 နာမည်နဲ့ ခေါင်းမှာလဲ ဂြိုလ်နှစ်ခုပါတဲ့ ပန်းရောင်ဆံပင်နဲ့ မိန်းကလေးContinue reading “Darling in the Franxx”
Is It Wrong to Try to Pick Up Girls in a Dungeon? (or) DanMaChi
လွန်ခဲ့သော နှစ်ပေါင်းများစွာတုံးက ဘုရားသခင်လို့ခေါ်တ့ဲသူတွေဟာ လူပြည်ကိုဆင်းသက်လာခဲ့ပြီး သူတို့ရဲ့ နတ်ဘုရားအစွမ်းတွေကို Seal ပိတ်သိမ်းထားပြီးတော့ လူသားတွေနဲ့အတူနေထိုင်ဖို့လာခဲ့ကျတယ် နတ်ဘုရားတွေထဲကမှ Hestia လို့ခေါ်တဲ့ Loli Oppai နတ်ဘုရားမလေးနဲ့ Cranel, Bell ဆိုတဲ့ adventurer(စွန့်စားသူ)ဖြစ်ချင်တဲ့ကောင်လေးတို့တွေ့ဆုံကာ ဘာတွေဆက်ဖြစ်မလဲဆိုတာ…. . Watch (or) Download
Code Realize
Landonမြို့ကြီးရဲ့ လူသူပြတ်တဲ့တစ်နေရာကအိမ်ဟောင်းကြီးထဲမှာ မိန်းကလေးတစ်ယောက်တည်း အထီးကျန်စွာနေနေပါတယ်…တစ်နေ့တော့ Londonတော်ဝင်ရဲတပ်ဖွဲ့က အဲ့ဒီ့မိန်းကလေးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ရောက်လာပါတယ်… မိန်းကလေးက သူမကိုမခေါ်ဖို့တောင်းပန်ပေမဲ့ တပ်သားတစ်ယောက်က သူမလက်ကိုအတင်းဆွဲခေါ်လိုက်တဲ့အချိန်မှာ… လက်အရေပြားတွေ လောက်ကျွမ်းကုန်တယ်…အဲ့ဒီ့မိန်းကလေးက “မသေဆုံးနိုင်တဲ့နှလုံးသားပိုင်ဆိုင်ထားပြီး အဆိပ်တွေနဲ့ပြည့်နေတဲ့ မကောင်းဆိုးဝါးတစ်ယောက်ဖြစ်နေတာပါ” …londonရဲ့ နာမည်ကြီး Lupinခေါင်းဆောင်တဲ့ သူခိုးအုပ်စုကလည်း မိန်းကလေးကိုကာကွယ်ဖို့ လာခေါ်ကြပါတော့တယ်…သူတို့က မိန်းကလေးကို ဘာလို့ကာကွယ်ကြတာလဲ…? မိန်းကလေးကရော ဘာလို့ ဘယ်သူမှထိမရတဲ့အဆိပ်တွေရှိနေရတာလဲ…? Londonတော်ဝင်ရဲတပ်ဖွဲ့ကလည်း သူ့ကိုဘာလို့လိုက်နေတာလဲ…? ဆိုတာရှုစားရမှာပါ။ Action, Fantasy, Romanceတို့ပေါင်းစပ်တင်ပြထားတာမို့ မလွတ်တမ်းစောင့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မင်းသား၊မင်းသမီးကလည်း အဆင်လေးတွေမို့ ကြည့်ရတာတန်ပါတယ်လို့ 😁. Watch (or) Download
Attack on Titan
Eren Jaegar ဆိုတဲ့လူငယ်လေးနဲ့ သူ့မိသားစုနေထိုင်တဲ့ မြို့ကို Titan တွေဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ငယ်ငယ် ကတည်းက မဟုတ်ရင်မခံ၊အမှန်တွေကိုဘဲပြောပြီး အရာရာကိုသိလိုစိတ်ပြင်းပြတဲ့ Eren တစ်ယောက် သူ့အမေကို Titan တစ်ကောင်က စားသွားတဲ့အခါမှာတော့ သူဘယ်လိုခံစားရမလဲ၊အခြေအနေတွေကိုဘယ်လို ရင်ဆိုင်မလဲ၊ဘယ်လိုကြိုးစားရုန်းကန်မလဲ၊ဘယ်လို အနာဂတ်ကိုပုံဖော်မလဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့် ရမှာပါ။Eren နဲ့အတူ သူ့သူငယ်ချင်းနှစ်ယောက်ကတော့ အရမ်းတော်တဲ့ Mikasa Ackerman,ဗဟုသုတကြွယ် ပြီးအတွေးအခေါ်ကောင်းတဲ့ Armin Arlert😍 တို့ပါ။ ဒီဇာတ် လမ်းရဲ့ခေတ်ကလူတွေကတံတိုင်းကြီးသုံးခုဖြစ်တဲ့ Maria, Rose နဲ့ Sina ထဲမှာနေကြပါတယ်။ဒီလောက်မြင့်တဲ့ တံတိုင်းကြီးတွေကို ဘယ်သူတွေကဆောက်သွားခဲ့တာလဲ? ဘာလို့ Titan တွေက လူတွေကိုအန္တရာယ်ပေးတာလဲ? Titan တွေကရော .. ဘယ်ကရောက်လာကြတာလဲ ဆိုတာ ကတော့ စောင့်ကြည့်ရမှာပါ … ကျွန်တော်အဓိကပြောချင်တဲ့အချက်က ဒီ Anime မှာContinue reading “Attack on Titan”
Black Butler
မိဘနှစ်ပါးသာမက စည်းစိမ်ဥစ္စာအားလုံးကို တစ်ပြိုင်နက်ထဲဆုံးရံှုးလိုက်ရတ့ဲ Ciel Phantomhive ဟာ အကူအညီ တောင်းပေမယ့်ရောက်မလာတ့ဲဘုရားကိုစိတ်နာလျက် ။ သူ့ရဲ့ နာကျည်းနေတ့ဲအကူအညီတောင်းသံကို ကြားသွားသူကတော့ မိစၧာတစ်ကောင် ။ Ciel ဟာ သူ့ရင်ထဲက လက်စားချေချင်စိတ်မပျောက်မချင်း ထိုမိစၧာကကူညီပေးမှာဖြစ်ပြီး သူစိတ်ကျေနပ်သွားတ့ဲနေ့မှာတော့ သူ့ရဲ့ဝိဉာဉ်ကိုမိစၧာအားစားသုံးခွင့်ပေးဖို့ စာချုပ်ချုပ်လိုက်ပါတယ် ထို့နောက် ဘဏ္႑ာစိုးအသွင်ဆောင်ထားသောထိုမိစၧာနဲ့အတူ သူ့ရဲ့လက်တုန့်ပြန်မှုကို စတင်လိုက်ပါတယ် ။ ဒီဇာတ်လမ်းမှာဆိုရင် Ciel လေးရဲ့ Phantomhive မိသားစုခေါင်းဆောင် အမွေဆက်ခံသူတစ်ဖြစ်လဲ ဘုရင်မရဲ့ သစ္စာခံ ”ဘုရင်မရဲ့အစောင့်ခွေး” တစ်ဖြစ်လဲ အမှုပေါင်း သောင်းခြောက်ထောင်ကို သစ္စာရှိဘဏ္႑ာစိုးနဲ့အတူ ဖြေရှင်းရင်း သုံးစားမရပါသောအစေခံများ၏ ဟာသဖြစ်ရပ်များနဲ့အတူ အကောင်းနဲ့အဆိုးသာမက မကောင်းတစ်ကောင်းသူတွေပါ ဝင်ရောသော အရှုပ်တော်ပုံတိုက်ပွဲကို ခံစားရမှာဖြစ်ပါတယ်ဗျ. Watch (or) Download