ဇာတ်အနာဆုံးanime အဖြစ် လူသိများခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာဟာ နာကျင်စရာတွေ ပြည့်နှက်နေတယ်။ လူတွေရဲ့ နှိမ့်ချ ဆက်ဆံမှုတွေ ၊ အရှက်ရစေမှု ၊ ထိန်းချုပ်မှု(manipulation )၊ မိသားစုတွင်း အကိုရင်းက နှမရင်းပေါ်မှာတောင် အနိုင်ထက်ပြုကျင့်မှူတွေ ဆိုက်ကိုဆန်ဆန် ဒီ anime မှာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ အနိုင်ကျင့်မှုတွေကို လက်သင့်ခံတဲ့ပုံစံနဲ့ တည်ဆောက် ထားတာမျိုး မဟုတ်ပါဘူး။ Magical girls တွေဟာ သူတို့ရဲ့ website အသီးသီးကရလာတဲ့ သူတို့ဆိုင်ရာလက်နက်တွေနဲ့ မတရားမှုတွေကို တွန်းလှန်မှာပါ Magical girl site ဆိုတဲ့ website ဆိုတာဘာလဲ ? တကယ်ပဲ သူတို့ကို ကူညီရုံသက်သက်ပဲလား? လောကမှာ အယူမရှိပဲ အပေးဆိုတာရော ရှိပါ့မလား? websiteContinue reading “Magical Girl Site (or) Mahou Shoujo Site”
Tag Archives: Horror
Ghost Hunt
နာမည်ကြည့်လိုက်တာနဲ့ သရဲကားဆိုတာ ခန့်မှန်းမိမှာပေါ့နော်။ သရဲကားဆိုပေမယ့် အရမ်းအရမ်းကို စိတ်၀င်စားဖို့ကောင်းတဲ့ anime လေးပါ။ ကြောက်ဖို့လည်းအဇမ်း…ကောင်း။ ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။ Mai Taniyama လို့ခေါ်တဲ့ ကျောင်းသူလေးတစ်ယောက်က သရဲအကြောင်းပြောရတာအရမ်းကြိုက်တဲ့ ကောင်မလေးတစ်ယောက်… ကျောင်းမှာဆိုသူ့ငယ်ချင်းတွေကို သရဲ အကြောင်းတွေအမြဲတမ်းပြောပြလေ့ရှိတဲ့ သရဲဝါသနာအိုးလေးပေါ့။ တစ်ရက်ကျတော့ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ သူတို့ကျောင်းက ကျောင်းဆောင်အဟောင်းတစ်ခုကို စုံစမ်းစစ်ဆေးဖို့လာတဲ့ Shibuya Psychic Research Centre က ၁၇ နှစ်အရွယ်ကောင်လေးချောချောလေး Kazuya Shibuya နဲ့တွေ့ရော။ တစ်နေ့၊ စပ်စုတဲ့ Mai တစ်ယောက် အဲဒီ ကျောင်းဆောင်အဟောင်းကိုဝင်ကြည့်ရင်း အန္တရာယ်ဖြစ်ခါနီး Kazuya ရဲ့လက်ထောက်က ကယ်လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့ကိုကယ်ရင်းဒဏ်ရာရသွားတဲ့ လက်ထောက်ရဲ့နေရာကို Mai က အစား၀င်လိုက်ရတာပေါ့နော်။ Mai တစ်ယောက် ShibuyaContinue reading “Ghost Hunt”
Deadman Wonderland
Rating အများကြီးရထားတဲ့ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းလေးကတော့ Igarashi Ganta ဆိုတဲ့ကောင်လေးက ကျောင်းသားလေးတယောက်ပါ သူ့မှာအရမ်းခင်ရတဲ့ ကောင်လေးတယောက်နဲ့ကောင်မလေးတယောက်ရှိပါတယ် သူတို့ စာသင်နေတုန်းမှာထူးဆန်းတဲ့ လူကြီးရောက်လာပြီး တိုက်ခိုက်ပါတော့တယ် အဲ့လူကြီးက တတန်းလုံးကိုသတ်သွားပြီး Ganta တယောက်ထဲသာအသက်ရှင်ကျန်ခဲ့တယ် Ganta အတန်းထဲမှာသတိရပြီးအဲ့လူကြီးသတ်တာကိုသိသွားတော့ Ganta ကိုသတိလစ်အောင်လုပ်ခဲ့တယ် Ganta နိုးလာတော့ ဆေးရုံမှာ သူ့ကို စုံထောက်နဲ့ရဲတွေက တတန်းလုံးကို သတ်မှုနဲ့ဖမ်းသွားကျတယ် Ganta ကငြင်းတော့သက်သေနဲ့တကွပြခဲ့တယ် Ganta ကိုတသက်တကျွန်းနဲ့ Deadman Wonderland လို့ခေါ်တဲ့ ထောင်ကြီးကိုပို့ခဲ့တယ် အဲ့ထောင်မှာ Shiro လို့ခေါ်တဲ့ကောင်မလေးနဲ့စုံခဲ့တယ် အဲ့ထောင်မှာ သူတို့ကိုမသေသေအောင်နှိပ်စက်တာတွေ game ကစားခိုင်းတာတွေ ထောင်သားအချင်းချင်း အကြမ်းဖက်တာတွေ Ganta တတန်းလုံးကိုမသတ်ခဲ့ပေမယ့် ဘာလို့သတ်သလိုဖစ်လဲ ရှေ့နေကို ဝန်ခံသယောင် ထေ့သလိုစကားတွေမပြောဘဲ ပြောသလိုဖြစ်တဲ့ video ကရောဘာလဲ တတန်းလုံးကိုသတ်သွားတဲ့သူကဘယ်သူလဲဆိုတာContinue reading “Deadman Wonderland”
Blood-C
ဆာရ ဆိုတဲ့ကောင်မလေးဟာ သာမာန်မိန်းကလေးတစ်ယောက်လို သူ့အဖေနဲ့အတူတူ နေထိုင်ပါတယ်။ ကျောင်းသွား/ကျောင်းပြန်/သူငယ်ချင်းတွေနဲ့ပျော်ပါး ပြီးသူ့ရဲ့အချိန်တွေကို ကုန်ဆုံးပါတယ်။ ဒါပေမယ့် ညအချိန်ရောက်တဲ့အခါမှာတော့ ဆာရ တစ်ယောက်ဟာ သူ့ရွာကိုကျရောက်လာတဲ့ ထူးဆန်းတဲ့မကောင်းဆိုးဝါးတွေကို သုတ်သင်ပြီး ကာကွယ်ပေးရပါတယ်။ ဒါဆိုရင် ဆာရ ရဲ့တကယ့်မူရင်းအစကဘာလဲ။ သူကိုယ်တိုင်ကရော မကောင်းဆိုးဝါးပဲလား…။ တစ်ခုပြောချင်တာက 18+ honor အမျိုးအစားပါ။ သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် မကြည့်ရဲတယ့်သူများ မကြည့်ကြပါနဲ့လို့ ပြောချင်ပါတယ်။🖤 . Watch (or) Download
Ajin – Demi Human
ရှင်သန်ခြင်းဆိုတာရှိရင် သေဆုံးခြင်းဆိုတာလည်း ရှိပါတယ်။ ဒါပေမယ့် တကယ်ရော အဲ့လိုဟုတ်ပါရဲ့လား? သင်သာ လုံးဝမသေနိုင်တဲ့လူဆိုဘယ်လိုလုပ်မလည်း? ဖြစ်နိုင်ခြေတွေကတော့ အများကြီးပါပဲ။ ဟိုးလွန်ခဲ့တဲ့ဆယ့်ခုနှစ်နှစ်တုန်းက အာဖရိကမှာ Ajin ဆိုတဲ့ ထူးခြားတဲ့မျိုးစိတ်တစ်မျိုးကိုတွေ့ရှိခဲ့ပါသတဲ့။ အဲ့မျိုးစိတ်ဟာ မအိုမနာမသေဘူးလို့ဆိုကြပြီး ထူးခြားတဲ့အစွမ်းတွေကိုပိုင်ဆိုင်တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ပုံပန်းသွင်ပြင်ဟာလည်း လူတွေလိုပဲဖြစ်ပါသတဲ့။ ဒီလို Ajin တွေဟာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပဲလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကများ ကမ်ဘာကြီးကိုဖျက်စီးဖို့ လွှတ်လိုက်တာလား? အဲ့လို Ajin တွေကို စတင်တွေ့ရှိကတည်းက ကမ်ဘာ့နေရာအနှံ့မှာ အခြားအခြားသော Ajin တွေလည်း ပေါ်လာခဲ့ပါသတဲ့။ သာမန်လူတွေအတွက်တော့ ဒီလိုမျိုးသတ္တဝါတွေအကြောင်းကို သတင်းမှာတို့၊ ကျောင်းဖတ်စာအုပ်တို့တွေမှာပဲ တွေ့နိုင်တာပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Kei အတွက်လည်း Ajin ဆိုတာဟာ ယုံတမ်းတစ်ခုဆိုတာကလွဲပြီး မပိုခဲ့ပါဘူး။ Kei က ကျောင်းကိုမှန်မှန်တက်ပြီး စာကိုကောင်းကောင်းကြိုးစားတဲ့ သာမန်ကျောင်းသားတစ်ယောက်ပါ။ ဒါပေမယ့်Continue reading “Ajin – Demi Human”
Hell Girl
သင်အနိုင်ကျင့်ခံရဖူးပါသလား သင့်ကိုအနိုင်ကျင့်တဲ့သူကိုရောသတ်ပြစ်ချင်လောက်အောင်မုန်းပါသလား ည၁၂နာရီတိတိ🕛🕛မှာHell Linkထဲဝင်pသင်မုန်းတဲ့သူရဲ့နာမည်ကိုပို့လိုက်ပါ Hell Girlကသင့်အစားလက်စားချေပေးpသင်မုန်းတဲ့သူကို ငရဲသို့ခေါ်ဆောင်ပေးသွားမှာပါ😈😈 အာ့အတွက်သင်ပြန်ပေးဆပ်ရမှာကတော့ သင်သေသွားတဲ့အခါ သင့်ဝိညာဉ်👻👻်ဟာလဲငရဲကိုဘဲသွားရမှာဖြစ်ပါတယ် 😅😅 Hell Girlဆိုပေမဲ့ Angelလေးလိုလှပါတယ်နော်😁😁. Watch (or) Download
Dusk Maiden Of Amnesia
ခင်ဗျားတို့မဖဲဝါကိုကြားဖူးကြမှာပါ ဝတၳုတိုင်းကမဖဲဝါကိုကြောက်စရာကောင်းတယ်ပဲရေးကြပါတယ် လမ်းတွေ့သမျှလူတိုင်းကိုမေးလည်းရုပ်ဆိုးပန်းဆိုးလျှာတစ်လစ် ခေါင်းပြတ် ရှေ့သွားနှစ်ချောင်းကတစ်တောင်လောက် စသဖြင့်ပေါက်ကရလေးဆယ်ထင်သမျှလျှောက်ပြောမှာပါ ကျွန်တော့်မှာမေးခွန်းတစ်ခုရှိပါတယ် မဖဲဝါကိုသူတို့တကယ်မြင်ဖူးကြတယ်ထားပါတော့ မဖဲဝါရဲ့ရုပ်အမှန်ပါလို့ဘယ်သူအာမခံနိုင်သလဲ? မဖဲဝါကချစ်စရာသရဲမလေးတစ်ယောက်လို့ဘယ်သူမှမတွေးဖူးကြဖူးလား? ကျွန်တော့်ကိုအဲ့လိုမေးခွန်းတွေမေးလာစေတဲ့တရားခံကိုမိတ်ဆက်ပေးပါမယ် Niiya Teiichi ကအလယ်တန်းဒုတိယနှစ်စတက်မယ့်ကျောင်းသားလေးပါ ကျောင်းပိတ်ရက်တစ်ရက်မှာသူတက်ရတဲ့ကျောင်းကြီးရဲ့အခန်းတွေကိုလိုက်စူးစမ်းနေပါတယ် သူလမ်းပျောက်သွားချိန်မှာသူ့ခေါင်းထဲပေါ်လာတဲ့အတွေးတွေကတော့အပြင်မှာလူတိုင်းပါးစပ်ဖျားပြောနေကြတဲ့သရဲမတစ်ယောက်အကြောင်းပါ သရဲမကခုနကျွန်တော်ပြောသလိုပေါက်ပန်းလေးဆယ်ပုံလူတိုင်းကပြောကြပါတယ် သရဲကမှန်ထဲကထွက်လာပြီးလူတွေကိုဖမ်းတတ်တယ်လို့ပြောတာကိုသူ့နားထဲကြားယောင်နေပါတယ် အခန်းတစ်ခုအရောက်မှာမှန်ရှည်တစ်ချပ်ကိုသူတွေ့လိုက်ပါတယ် အဲ့အချိန်သူ့ရဲ့နောက်ကနေTeiichiဆိုတဲ့ခေါ်သံကြားလိုက်တာကြောင့်လှည့်ကြည့်လိုက်မိတဲ့အခါ ကျောင်းသူမလေးတစ်ယောက်ကိုတွေ့လိုက်ပါတယ် ရုတ််တရက်လန့်ပြီးဖင်ထိုင်ကျသွားပါတယ် ကျောင်းသူကNiiyaလမ်းပျောက်နေမှန်းသိလိုက်တာကြောင့်သူ့ခေါ်ပြီးလျှောက်လမ်းဆီသို့အတူလမ်းလျှောက်ပါတယ် လမ်းလျှောက်နေရင်းကျောင်းသူကနောက်လှည့်ပြီး သူမကသရဲတစ်ယောက်ဖြစ်ကြောင်းပြောပါတယ် ပြီးနောက်ရှေ့ကိုဆက်လျှောက်သွားပါတယ် Niiyaရဲ့အသိစိတ်ကလက်မခံတာကြောင့်သရဲဆိုတာထိတွေ့လို့မရဘူးဆိုတဲ့အချက်ကိုစဉ်းစားမိပြီး ကျောင်းသူကိုလက်ဖြင့်လှမ်းကိုင်လိုက်တဲ့အခါမှာတော့Niiyaတစ်ယောက်ထွက်ပြေးချင်စိတ်ပေါက်သွားခဲ့ပါတယ် ဒီanimeလေးကြည့်ပြီးခင်ဗျားတို့တွေသရဲတွေကိုအကောင်းမြင်လာမှာပါ သရဲဆိုတာကြောက်စရာမဟုတ်ပါဘူး သနားစရာသတ္တဝါတွေပါ Ep12ပိုင်းနဲ့SpecialEp1ပိုင်းထွက်ရှိထားပါတယ် horrorဆန်ပေမယ့်ဇာတ်ကောင်နေရာကနေခံစားမိပြီးသာကြောက်ရွံမိမှာပါ romanceအသားပေးထားပါတယ် ခံစားမှုရသကောင်းကောင်းရရှိမှာပါ မျက်ရည်ကိုအသာတကြည်ထုတ်ပေးနိုင်တဲ့animeပါ ဇာတ်သိမ်းကခင်ဗျားစိတ်တိုင်းကျစေရပါမယ် သရဲတွေကိုမကြောက်ပါနဲ့ သူတို့မကြိုက်ပါဘူး. Watch (or) Download