ဟိုးရှေးရှေးတုန်းက သူရဲကောင်း4ဦးရှိခဲ့တယ် သူတို့က ဓါး,လှံ,လေး(မြှား),ဒိုင်းကာ တို ့ကိုယ်စီကိုင်ပီး ဒုက္ခပေါင်းများစွာကို ခုခံတိုက်ခိုက်ခဲ့တယ် ဒီခေတ်ပိုင်းရောက်တဲ့အခါမှာ Melromarcလို ့ခေါ်တဲ့တိုင်းပြည်က အဲဒီ့သမိုင်းဝင် သူရဲကောင်း4ဦးပြန်ခေါ်ဖို ့လုပ်ခဲ့တယ် “Shield hero”ဆိုတဲ့ ဂုဏ်ပုဒ်ကို ဒိုင်းကိုင်တဲ့သူ Naofumi iwataniကိုပေးခဲ့တာပေါ့။ ဒါပေမယ့် ဒိုင်းကို ကိုင်ဆောင်တဲ့လူက သူရဲကောင်း4ဦးထဲမှာ အားအနည်းဆုံးလို ့လူတွေက သတ်မှတ်ထားကြတယ်။ သူရဲကောင်းတွေ စစချင်းခရီးထွက်တဲ့အချိန်မှာပဲ Naofumiက မိန်းကလေးMalty Melromarcနဲ ့တူတူထွက်ခဲ့ပီး ပထမနေ့မှာတင် မိန်းကေလးက သူမကိုNaofumi ကမတော်မတရားကြံပါတယ်ဆိုပီး ဘုရင်ကြီးကိုပြောဆိုခဲ့ပီး သူ ့ကိုသစ္စာဖောက်လိုက်တယ်…ပစ္စည်းတွေလည်းခိုးခံလိုက်ရပါရော။ သူ့ရဲ့စွပ်စွဲခံရတဲ့ပြစ်မှုတွေကြောင့် Naofumiဟာ ရာဇဝတ်သားအဖြစ်သတ်မှတ်ခံရပြီး လူ့အဖွဲ့အစည်းရဲ့အပယ်ခံဖြစ်ခဲ့ပါတယ်၊ ရင်ထဲမှာအမုန်းတရားတွေအပြည့်နဲ့ တစ်ယောက်တည်းရပ်တည်ပြီး သူ့အပေါ်ကိုချောက်ချခဲ့တဲ့သူတွေကိုလက်စားချေပါတော့တယ်… ခရီးမှာဘယ်သူတွေက ကူညီအားဖြည့်ပေးမလဲ…လက်စားချေမှုအောင်မြင်မှာလား…ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာ စောင့်ကြည့်ရမှာပါ…😁. Watch (or) Download
Tag Archives: Romance
Nanbaka
Jyugo,Uno,Rock,Nico ဆိုတဲ့ရာဇဝတ်သား လေးယောက်ဟာ Nanba လို့ အမည်ရတဲ့ ကမ်ဘာ့ စည်းကမ်းအကြပ်ဆုံးထောင်ထဲသို့ ပို့ခြင်းခံလိုက်ရတယ်။ Jyugo ဟာ သူကျခဲ့ ထောင်မှန်သမျှထဲမှ ခဏခဏ ခိုးထွက်တာဝါသနာပါတယ်၊ Uno ကလောင်းကစားလုပ်ရင်းနဲ့ မိန်းမပွေတယ်၊ Rock က ရန်ဖြစ်ရတာကြိုက်တယ်၊ Nico က Anime နဲ့ game တွေကိုသဘောကျ တယ်။ သူတို့လေးယောက်ဟာ ထောင်ဖောက်ပြေးရတာ ကြိုက်ကြသလို နေ့တိုင်းလိုလို ထွက်ပြေးကြတယ်။ သို့သော် ထောင်ပြင်သို့မရောက်မှီ ပြန်ဖမ်းမိကြလေသည်။ ဒီလိုနဲ့ နေ့တိုင်းလိုလို ပြေးလိုက်ဖမ်းမိလိုက်နဲ့ ပျော်စရာနေ့များဖြတ်သန်းရာ သူတို့တကယ် ထွက်ပြေးနိုင်ခဲ့တဲ့ နေ့ရှိမလားလို့ ကြည့်ရှုပ်ခံစားလိုက်ကြပါ။ . Watch (or) Download
Inari Konkon Koi Iroha
အမြဲတန်း ထုံထုံအအနဲ့ရှက်ပြာရှက်ပြာနိုင်တဲ့ အလယ်တန်းကျောင်းသူလေး Inari Fushimi က သူတစ်ပါးအပေါ်အမြဲဂရုစိုက်တတ်ပြီး တစ်ရောက်ရောက်အကူအညီလိုနေရင်မကူညီပဲမနေနိုင်တဲ့လူမျိုးဖြစ်ပြီး အလုတ်အရမ်းကြိုးစားတဲ့ kojui tababashi ဆိုတဲ့ကောင်လေးကို တစ်ဖက်သက်ကြိတ်ကြွေနေသူလေးပါ။ သူကြိတ်ကြွေနေတဲ့ kouji က အတန်းထဲကယောကျာ်းလေးတိုင်းသဘောကျတဲ့ Sumizome ဆီကနေအဖြေတောင်းဆိုနေတဲ့မြင်ကွင်းကိုတွေ့ခဲ့ပါတယ် ့် INARI ဘုရားကျောင်းကြီးမှာ ဝမ်းနည်းစွာငိုကြွေးရင်း kami-sama လို့ဟစ်ခေါ်လိုက်တဲ့အချိန်မှာတော့……… Watch (or) Download
Dusk Maiden Of Amnesia
ခင်ဗျားတို့မဖဲဝါကိုကြားဖူးကြမှာပါ ဝတၳုတိုင်းကမဖဲဝါကိုကြောက်စရာကောင်းတယ်ပဲရေးကြပါတယ် လမ်းတွေ့သမျှလူတိုင်းကိုမေးလည်းရုပ်ဆိုးပန်းဆိုးလျှာတစ်လစ် ခေါင်းပြတ် ရှေ့သွားနှစ်ချောင်းကတစ်တောင်လောက် စသဖြင့်ပေါက်ကရလေးဆယ်ထင်သမျှလျှောက်ပြောမှာပါ ကျွန်တော့်မှာမေးခွန်းတစ်ခုရှိပါတယ် မဖဲဝါကိုသူတို့တကယ်မြင်ဖူးကြတယ်ထားပါတော့ မဖဲဝါရဲ့ရုပ်အမှန်ပါလို့ဘယ်သူအာမခံနိုင်သလဲ? မဖဲဝါကချစ်စရာသရဲမလေးတစ်ယောက်လို့ဘယ်သူမှမတွေးဖူးကြဖူးလား? ကျွန်တော့်ကိုအဲ့လိုမေးခွန်းတွေမေးလာစေတဲ့တရားခံကိုမိတ်ဆက်ပေးပါမယ် Niiya Teiichi ကအလယ်တန်းဒုတိယနှစ်စတက်မယ့်ကျောင်းသားလေးပါ ကျောင်းပိတ်ရက်တစ်ရက်မှာသူတက်ရတဲ့ကျောင်းကြီးရဲ့အခန်းတွေကိုလိုက်စူးစမ်းနေပါတယ် သူလမ်းပျောက်သွားချိန်မှာသူ့ခေါင်းထဲပေါ်လာတဲ့အတွေးတွေကတော့အပြင်မှာလူတိုင်းပါးစပ်ဖျားပြောနေကြတဲ့သရဲမတစ်ယောက်အကြောင်းပါ သရဲမကခုနကျွန်တော်ပြောသလိုပေါက်ပန်းလေးဆယ်ပုံလူတိုင်းကပြောကြပါတယ် သရဲကမှန်ထဲကထွက်လာပြီးလူတွေကိုဖမ်းတတ်တယ်လို့ပြောတာကိုသူ့နားထဲကြားယောင်နေပါတယ် အခန်းတစ်ခုအရောက်မှာမှန်ရှည်တစ်ချပ်ကိုသူတွေ့လိုက်ပါတယ် အဲ့အချိန်သူ့ရဲ့နောက်ကနေTeiichiဆိုတဲ့ခေါ်သံကြားလိုက်တာကြောင့်လှည့်ကြည့်လိုက်မိတဲ့အခါ ကျောင်းသူမလေးတစ်ယောက်ကိုတွေ့လိုက်ပါတယ် ရုတ််တရက်လန့်ပြီးဖင်ထိုင်ကျသွားပါတယ် ကျောင်းသူကNiiyaလမ်းပျောက်နေမှန်းသိလိုက်တာကြောင့်သူ့ခေါ်ပြီးလျှောက်လမ်းဆီသို့အတူလမ်းလျှောက်ပါတယ် လမ်းလျှောက်နေရင်းကျောင်းသူကနောက်လှည့်ပြီး သူမကသရဲတစ်ယောက်ဖြစ်ကြောင်းပြောပါတယ် ပြီးနောက်ရှေ့ကိုဆက်လျှောက်သွားပါတယ် Niiyaရဲ့အသိစိတ်ကလက်မခံတာကြောင့်သရဲဆိုတာထိတွေ့လို့မရဘူးဆိုတဲ့အချက်ကိုစဉ်းစားမိပြီး ကျောင်းသူကိုလက်ဖြင့်လှမ်းကိုင်လိုက်တဲ့အခါမှာတော့Niiyaတစ်ယောက်ထွက်ပြေးချင်စိတ်ပေါက်သွားခဲ့ပါတယ် ဒီanimeလေးကြည့်ပြီးခင်ဗျားတို့တွေသရဲတွေကိုအကောင်းမြင်လာမှာပါ သရဲဆိုတာကြောက်စရာမဟုတ်ပါဘူး သနားစရာသတ္တဝါတွေပါ Ep12ပိုင်းနဲ့SpecialEp1ပိုင်းထွက်ရှိထားပါတယ် horrorဆန်ပေမယ့်ဇာတ်ကောင်နေရာကနေခံစားမိပြီးသာကြောက်ရွံမိမှာပါ romanceအသားပေးထားပါတယ် ခံစားမှုရသကောင်းကောင်းရရှိမှာပါ မျက်ရည်ကိုအသာတကြည်ထုတ်ပေးနိုင်တဲ့animeပါ ဇာတ်သိမ်းကခင်ဗျားစိတ်တိုင်းကျစေရပါမယ် သရဲတွေကိုမကြောက်ပါနဲ့ သူတို့မကြိုက်ပါဘူး. Watch (or) Download
Is It Wrong to Try to Pick Up Girls in a Dungeon? (or) DanMaChi
လွန်ခဲ့သော နှစ်ပေါင်းများစွာတုံးက ဘုရားသခင်လို့ခေါ်တ့ဲသူတွေဟာ လူပြည်ကိုဆင်းသက်လာခဲ့ပြီး သူတို့ရဲ့ နတ်ဘုရားအစွမ်းတွေကို Seal ပိတ်သိမ်းထားပြီးတော့ လူသားတွေနဲ့အတူနေထိုင်ဖို့လာခဲ့ကျတယ် နတ်ဘုရားတွေထဲကမှ Hestia လို့ခေါ်တဲ့ Loli Oppai နတ်ဘုရားမလေးနဲ့ Cranel, Bell ဆိုတဲ့ adventurer(စွန့်စားသူ)ဖြစ်ချင်တဲ့ကောင်လေးတို့တွေ့ဆုံကာ ဘာတွေဆက်ဖြစ်မလဲဆိုတာ…. . Watch (or) Download
Code Realize
Landonမြို့ကြီးရဲ့ လူသူပြတ်တဲ့တစ်နေရာကအိမ်ဟောင်းကြီးထဲမှာ မိန်းကလေးတစ်ယောက်တည်း အထီးကျန်စွာနေနေပါတယ်…တစ်နေ့တော့ Londonတော်ဝင်ရဲတပ်ဖွဲ့က အဲ့ဒီ့မိန်းကလေးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ရောက်လာပါတယ်… မိန်းကလေးက သူမကိုမခေါ်ဖို့တောင်းပန်ပေမဲ့ တပ်သားတစ်ယောက်က သူမလက်ကိုအတင်းဆွဲခေါ်လိုက်တဲ့အချိန်မှာ… လက်အရေပြားတွေ လောက်ကျွမ်းကုန်တယ်…အဲ့ဒီ့မိန်းကလေးက “မသေဆုံးနိုင်တဲ့နှလုံးသားပိုင်ဆိုင်ထားပြီး အဆိပ်တွေနဲ့ပြည့်နေတဲ့ မကောင်းဆိုးဝါးတစ်ယောက်ဖြစ်နေတာပါ” …londonရဲ့ နာမည်ကြီး Lupinခေါင်းဆောင်တဲ့ သူခိုးအုပ်စုကလည်း မိန်းကလေးကိုကာကွယ်ဖို့ လာခေါ်ကြပါတော့တယ်…သူတို့က မိန်းကလေးကို ဘာလို့ကာကွယ်ကြတာလဲ…? မိန်းကလေးကရော ဘာလို့ ဘယ်သူမှထိမရတဲ့အဆိပ်တွေရှိနေရတာလဲ…? Londonတော်ဝင်ရဲတပ်ဖွဲ့ကလည်း သူ့ကိုဘာလို့လိုက်နေတာလဲ…? ဆိုတာရှုစားရမှာပါ။ Action, Fantasy, Romanceတို့ပေါင်းစပ်တင်ပြထားတာမို့ မလွတ်တမ်းစောင့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မင်းသား၊မင်းသမီးကလည်း အဆင်လေးတွေမို့ ကြည့်ရတာတန်ပါတယ်လို့ 😁. Watch (or) Download
3D Kanojo Real Girl
Tsutsui Hikari ဟာ Otaku တစ်ယောက်ဖြစ်ပါတယ်။ Otaku ဆိုတာနဲ့အညီ လူသူကြားထဲမှာ အံမဝင် အများကလဲစိတ်ပျက်စရာလူလို့သတ်မှတ်ခံထားရသူတစ်ယောက်ပါ။ အထက်တန်းတက်နေတယ်ဆိုပေမယ့် သူ့မှာသူ့လိုမျိုး Otaku သူငယ်ချင်းတစ်ယောက်သာရှိပါတယ်။ တစ်နေ့မှာ Tsutsui Hikari ဟာ Igarashi Iroha ဆိုတဲ့ အရမ်းလှပြီးနာမည်ကြီးတဲ့ ကောင်မလေးတစ်ယောက်နဲ့ အတူ ကျောင်းရေကန်ကို သန့်ရှင်းရေးအတူလုပ်ရဖို့ ခိုင်းခြင်းခံရပါတယ်။ တကယ်တော့ Tsutsui Hikari ဟာ သူ့ရဲ့ virtual world ဖြစ်တဲ့ manga, game, anime တွေထဲက မိန်းကလေးများမှလွဲ၍ လက်တွေ့လောက က မိန်းကလေးများကို မုန်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လဲ မိန်းကလေးတွေကသူ့ကို ရွံစရာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် Igarashi Iroha ရဲ့ဟန်ဆောင်မှုကင်းတ့ဲ လုပ်ရပ်တွေ၊ နားလည်ကူညီပေးမှုတွေကြောင့့်် OtakuContinue reading “3D Kanojo Real Girl”