“Urashima”ဆိုတာက ပင်မကုန်းမကြီးဆီကနေအလွန်ဝေးကွာတဲ့နေရာမှာရှိတဲ့ လူသူအရောက်အပေါက်နည်းတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ကျွန်းသူ၊ကျွန်းသားတွေကလည်း အပူအပင်ကင်းကင်းနဲ့နေထိုင်နိုင်တဲ့ သုခဘုံလေးပေါ့ဗျာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၅)နှစ်တုန်းကတော့ ကျွန်းရဲ့အကြယ်ဝဆုံးမိသားစု(၃)စုဟာ ကံဆိုးမိုးမှောင်ကျမှုတွေကြုံတွေ့လာရပြီး အထင်လွဲမှုတွေနဲ့ရင်ဆိုင်လာရတယ်။ကျွန်းပေါ်ကလူတွေကတော့ ပင်မကုန်းမြေနဲ့အဆက်အသွယ်ဖြတ်ပြီးနေတဲ့အတွက်ကြောင့် လက်တွေ့ကမ္ဘာကြီးနဲ့ကင်းကွာနေတဲ့အတွက် အခြေအနေအရပ်ရပ်က ပျက်စီးမှုဆီဦးတည်လာခဲ့တာပေါ့ဗျာ။ ကျွန်းကို ကယ်တင်နိုင်မယ့်အဖြေကတော့ ကျွန်းရဲ့အကြွယ်ဝဆုံးမိသားစုက ကောင်မလေး(၃)ယောက်ဆီမှာရှိနေပေမယ့် သူတို့တွေကိုယ်တိုင်က ရှေးရိုးစွဲအစဉ်အလာတွေကိုလက်ခံထားကြပြီး အချင်းချင်းလည်း သဘောထားတွေကွဲလွဲနေကြပါတယ်။တစ်နေ့မှာတော့ အဲ့ကျွန်းပေါ်ကို ကောင်လေးတစ်ယောက် မျောလာပြီးတော့ သူကအနာဂတ်ကလာတဲ့သူဖြစ်ပြီး ကျွန်းရဲ့ပျက်စီးမှုဆီဦးတည်နေတဲ့ကိစ္စရပ်တွေကိုပြောင်းလဲပေးနိုင်မယ့်သူဖြစ်ကြောင်းပြောဆိုလာတဲ့အခါ…. အဲ့ကောင်လေးရဲ့စကားက တကယ်မှန်ကန်တာလား။ ? ကျွန်းပေါ်မှာဖြစ်ပွားနေတဲ့ကိစ္စရပ်တွေရဲ့ အရင်းခံအကြောင်းကရော ဘာလဲ။ ? ပဟေဠိဆန်ဆန်ကိစ္စရပ်တွေကို Main Characterတစ်ယောက် ဘယ်လိုဖြေရှင်းမှာလဲ။ ? သမားရိုးကျဇာတ်လမ်းတွေကနေခွဲထွက်ပြီး Time Travelသဘောတရားတွေနဲ့ Plotကို တည်ဆောက်ထားတဲ့အတွက် စိတ်ဝင်စားစရာ Serieလို့ဆိုရမှာပါ။ . Watch (or) Download
Tag Archives: Sci-Fi
Inuyashiki
Inuyashikiတို့မိသားစုဟာ အိမ်ပြောင်းလာခဲ့ပြီး အိမ်အသစ်မှာအခြေကျအောင် လုပ်ခဲ့ပါတယ် တခုထူးခြားကတော့ mr.inuyashikiကို သူ့သားသမီး၂ယောက်ဟာအဖေတစ်ယောက်လို နွေးနွေးထွေးထွေးမဆက်ဆံပဲ အေးတိအေးဆက်ပဲ ဆက်ဆံခဲ့ပြီးအဖေအပေါ်ကိုကြင်ကြင်နာနာမရှိခဲ့ပါဘူး Mr.inuyashikiကတော့ နောက်ရက်မှာနေမကောင်းလို့ဆေးသွားစစ်ရာကနေ အစာအိမ်ကင်ဆာဖြစ်နေတာကိုသိခဲ့ရပြီးလပိုင်းပဲ အသက်ရှင်ရတော့မယ်ကိုသိခဲ့ရပါတယ် အိမ်က သူ့မိသားစုကလဲအဖေအပေါ်ကိုနွေးနွေးထွေးထွေးမရှိလို့ mr.inuyashikiဟာ သူ့ရဲ့ရောဂါကိုထုတ်မပြောခဲ့ပဲ တစ်ယောက်တည်းပန်းခြံထဲမှာ သူ့ရဲ့ခွေးလေးနဲ့ ငိုကြွေးနေခဲ့ပါတယ် အဲ့ဒီမှာပဲ ထူးခြားတဲ့အဖြစ်အပျက်တခုဖြစ်ပျက်ခဲ့ပြီး အမည်မသိ အလင်းတန်းကြီး တခုဟာသူ့အပေါ်ကိုရိုက်ကျလာခဲ့ပါတယ် မနက်လဲရောက်ရော mr.inuyashiki ဟာသူ့ကိုသူထူးခြားမှုတွေကို ကြုံတွေ့ခဲ့ရပြီး ဘာစားစားအရသာမရှိတာ မျက်စိလဲမမှုန်တော့တာရယ် ပိုပြီးထူးခြားတာကတော့ ဆေးလဲပြန်စစ်ကြည့်ရော သူ့ရဲ့ကင်ဆာရောဂါဟာလုံးဝပျောက်ကင်းသွားပြီး ဓာတ်မှန်မှာ လူရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းပုံတွေပါမလာတာ ကဆရာဝန်တွေကိုပါအံအားသင့်စေခဲ့ပါတယ် အိမ်လဲပြန်ရောက်ရော သူ့ရဲ့ပြောင်းလဲသွားတဲ့ပုံစံကိုသူမြင်ခဲ့ရပါတယ် သူ့ရဲ့ခန္ဓာကိုယ်ဟာ လူရဲ့ခန္ဓာကိုယ်လိုမဟုတ်တော့ပဲ စက်ရုပ်တရုပ်ရဲ့ကိုယ်လို ပြောင်းသွားတာကိုကြောက်ခမန်းလိလိ ပြောင်းသွားတာကိုတွေ့လိုက်ရပါတယ် အဲ့ဒီနောက် mr.inuyashikiဟာ သူ့ရဲ့ရရှိလာတဲ့အစွမ်းတွေကိုတစတစနဲ့ကောင်းကျိုးတွေလူတွေကို ကယ်တင်တဲ့နေရာတွေဟာအသုံးပြုခဲ့ပါတယ် ဒါပေမယ့် တခုရှိတာက ဖြစ်ပျက်သွားခဲ့တဲ့အဖြစ်အပျက်ထဲမှာ သူတစ်ယောက်တည်းရှိခဲ့တာမဟုတ်ပဲ shishigamiဆိုတဲ့လူငယ်လေးတစ်ယောက်ပါရှိနေခဲ့တာဖြစ်ပြီး သူပါအဲ့လိုအစွမ်းတွေကိုရရှိခဲ့တာလဲဖြစ်ပါတယ်Continue reading “Inuyashiki”
Btooom
သင်ကိုယ်တိုင်တစ်ခါလောက်များ ROSတို့ PUBGတို့ Free Fire တို့ကို ကိုယ်တိုင်ဆော့ချင်တယ်လို့စိတ်မကူးဖူးဘူးလား? တကယ့်အပြင်ကမ္ဘာမှာရှိရင်ကောင်းမှာဘဲလို့ကော မစဉ်းစားမိဘူးလား? ကယ်! စဉ်းစားဖူးတယ်ဆိုရင်တော့ ဒီ Anime Series လေးက သင့်အတွက်အံကိုက်ပါဘဲခင်ဗျ~~ Sakamoto ဆိုတဲ့ကောင်လေးတစ်ယောက်ဟာဆိုရင်အသက် ၂၂ နှစ်အရွယ်အထိ အလုပ်မရနိုင်သေးပါဘူး. သူဘာလို့အလုပ်မရတာလဲ? သူတကယ်အလုပ်လုပ်ချင်ပါတယ်ဆိုတဲ့ Game ကုမ္ပဏီကသူ့ကိုလက်မခံသေးလို့ပါ. သူအလုပ်မရှိတော့ဘာလုပ်လဲ? သေချာတာပေါ့ဗျာ သူဂိမ်းကိုဘဲဆော့တာပေါ့. သူဘာဂိမ်းဆော့လည်းဆိုရင် Btooom လို့ခေါ်တဲ့ နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ Game တစ်ခုကိုသူဆက်တိုက်ဆိုသလိုဆော့ပါတယ်. အဲ့လိုဆော့လွန်းလို့သူဟာဆိုရင် Japan Local မှာ Top Player ဖြစ်လာပြီး Global Top Player List မှာဆိုရင် Top 10 အဆင့်ထိကိုရောက်လာနိုင်ခဲ့ပါတယ်~~ တစ်နေ့မှာတော့မထင်ထားခဲ့တဲ့အရာတစ်ခုဖြစ်ပွားခဲ့ပါတယ်(ဘာလဲဆိုတာမ Spoil ပါ) သူဟာကျွန်းတစ်ကျွန်းကိုအပို့ခံလိုက်ရပါတယ်. ဘာလို့ပို့ခံလိုက်ရတယ်?Continue reading “Btooom”
Aldnoah.Zero
1972 ခုနှစ်မှာ လကမ္ဘာပေါ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ဂြိုလ်သားတွေက နည်းပညာတစ်ခုကို အသုံးပြုပြီး အင်္ဂါဂြိုလ်ပေါ် ဆင်းသက်ကာ လူသားမျိုးနွယ်ပုံစံ စတင်မွေးဖွားပြီး အဲ့ဒီမှာ အခြေချခဲ့ကြတယ် အဲ့ဒီအဆင့်မြင့်နည်းပညာနဲ့အတူ ဗာစ်အင်ပါကို တည်ထောင်ခဲ့တယ် လျှို့ဝှက်စွာ အင်္ဂါဂြိုလ်က မသိအောင် နေခဲ့ကြတယ် ၁၉၉၉ မှညတေညါ လကမ္ဘာ အစိတ်စိတ်အမွှာမွှာပြိုကွဲမှုကြောင့် ဗားစ်အင်ပါယာက ကမ္ဘာကို စစ်ကြေငြာခဲ့တယ် အဂ်ါဂြိုလ်နဲ့ အဆက်အသွယ်ဖြတ်တောက်ပြီးနေလာတဲ့ ဗားစ်အင်ပါယာဟာ ၁၅ နှစ်ကြတဲ့အခါ ဗားစ်အင်ပါယာ မင်းသမီးလေးကို ချစ်ကြည်ရေးအလည်အပတ်လွှတ်ပြီး ငြိမ်းချမ်းရေးယူဖို့ ကြိုးစားနေချိန်မှာပဲ နောက်ထပ် ပြဿနာတစ်ခု ထပ်တက်လာတဲ့အခါ ဘယ်လို စစ်ပြေငြိမ်းအောင်ကြိုးစားမလဲ တိုက်ခိုက်မှုအသစ်ကို စတည်လိုက်တဲ့အခါ စစ်ပြေငြိမ်းခွင့်ယူနိုင်ပါ့မလား ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါ.. Watch (or) Download
SSS Gridman
Yuta Hibaki ဆိုတဲ့ကောင်လေးဟာ ရုတ်တရတ် အတိတ်မေ့ရောဂါ ရပြီးတခြားသူတွေမမြင်နိုင်တဲ့ အရာတွေ မြင်နိုင်တဲ့စွမ်းရည်နဲ့အတူ နိုးထလာပါတယ် သူပထမဆုံး ကြုံတွေ့ရတာ ကတော့ သူ့သူငယ်ချင်း Rikka ရဲ့ အိမ်က computer အဟောင်းတစ်လုံးကနေ Gridman ဆိုတဲ့သူက ” မင်းရဲ့တာဝန်ကိုသတိရပါ” ဆိုပြီး စပြောတာပေမဲ့ သူကတော့နားမလည်ပါဘူး ဒီလိုနဲ့ လမ်းမှာ kaiju ဆိုတဲ့မကောင်းဆိုးဝါးကြီးပေါ်လာပြီး မြို့ကိုဖျက်ဆီးနေချိန်မှာတော့…… Watch (or) Download
Darling in the Franxx
အနာဂတ်မှာ ကမ္ဘာကြီးပျက်သုဉ်းလာခဲ့တဲ့နောက် လူသားတွေဟာ ရွေ့လျားသွားလာလို့ရတဲ့ မြို့ကြီးတွေနဲ့ နေထိိုင်ကြပါတယ်။ မြို့တိုင်းမှာလဲ ဌက်လှောင်အိမ်လို့ လူသိများတဲ့Mistilteinn လို့ခေါ်တဲ့ လေတပ်စခန်းတစ်ခုစီ တည်ရှိပါတယ်။ ထိုဌက်လှောင်အိမ် တွေဆီမှာလဲ အရွယ်ရောက်ခါစ လူငယ်တွေသာရှိပြီး သူတိို့အတွက် တခုတည်းသောအရာက တိုက်ခိုက်ဖို့ပါပဲ။ Kyoryu ဆိုတဲ့ ခေတ်လွန်ကာလသတ္တဝါကြီးတွေကို နှိမ်နှင်းဖို့ Franxx ဆိုတဲ့ စက်ရုပ်တွေကို မောင်းနှင်ပြီး တိုက်ခိုက်ကြပါတယ်။ ဒီကလေးတွေထဲကြားထဲက တစ်ယောက်ကတော့ Code 016 လို့ သိထားတဲ့ Hiroပါ။ Hiro ကို ငယ်ငယ်တုန်းက အနာဂတ်ရဲ့ သူရဲကောင်းလို့ ခန့်မှန်းထားကြပေမဲ့ Franxx ကိုမမောင်းနှင်နိုင်လို့ ကျရှုံးတဲ့သူတစ်ယောက် လောကကြီးမှာ ရှိမနေသင့်တဲ့သူအဖြစ် သတ်မှတ်ထားတာပါ။ တစ်နေ့မှာ Code 02 နာမည်နဲ့ ခေါင်းမှာလဲ ဂြိုလ်နှစ်ခုပါတဲ့ ပန်းရောင်ဆံပင်နဲ့ မိန်းကလေးContinue reading “Darling in the Franxx”