Dahila Academy Boarding school မှာတော့ ကျောင်းသားအုပ်စု ၂ စုကွဲနေပါတယ်။ တစ်စုကတော့ အနောက်ဘက်ခြမ်းကလာတဲ့ “White Cats” ဖြစ်ပြီး တစ်စုကတော့ အရှေ့ဘက်ခြမ်းကလာတဲ့ “Black Dogs” ပါ။ ကျောင်းတစ်ကျောင်းမှာ ပေါင်းသင်နေရပေမဲ့ ရှေ့ကတည်းက လာတဲ့အစဉ်အလာအရ ဒီ ၂ စုက လုံးဝလုံးဝမတည့်ကြပါဘူး။ အချိန်တိုင်းလိုလို ရန်ပွဲတွေဖြစ်လေ့ရှိပြီး အဖွဲ့ ၂ ဖွဲ့ရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် သတ်ပုတ်ကြတာပါ။ အမြဲလိုလိုကျောင်းကောင်စီက ဝင်ဖြေရှင်းမှသာရန်ပွဲရပ်လေ့ရှိတာပါ။ White Cats ရဲ့ခေါင်းဆောင်က အရာရာမှာထူးချွန်ပြီး တိုက်ရည်ခိုက်ရည်လည်းအပြည့်ရှိတဲ့ ယောကျာ်းလေးတွေကိုတောင် အလဲထိုးနိုင်တဲ့ Juliet Persia ဆိုတဲ့ကောင်မလေးပါ။ Black Dogs ရဲ့ခေါင်းဆောင်ကတော့ အဖွဲ့ကိုသစ္စာရှိပြီးခေါင်းဆောင်ပီသတဲ့ Romio Inuzuka ဆိုတဲ့ကောင်လေးပါ။ ငယ်စဉ်မူကြိုလောက်တည်းက မတည့်ဘဲ အချင်းချင်းContinue reading “Boarding School Juliet”
Tag Archives: Shounen
Sword Art Online
. Watch (or) Download
Twin Star Exorcists (or) Sousei no Onmyouji
. Watch (or) Download
My Hero Academia
ကမ္ဘာ့လူဦးရေရဲ့ ၈၀% ကျော်ခန့် ဟာ သဘာဝလွန်အစွမ်းကိုယ်စီရှိလာကြပြီး အစွမ်းမရှိတဲ့ သာမန်လူဆိုတာ အလွန်ရှားပါးလာခဲ့ပါတယ် ဒီလိုအစွမ်းရှိတဲ့လူတွေကြားမှာ အစွမ်းကို သုံးချင်တိုင်းသုံးပီး ဒုစရိုက်မှုကျူးလွန်နေတဲ့သူတွေလဲရှိလာပါတယ်… ဒါတွေကိုဖြေရှင်းနိုင်ဖို့ အစွမ်းတွေကို အများကောင်းကျိုးအတွက်အသုံးချပြီး လူတွေကိုကယ်တင် ဒုစရိုက်မှုတွေကိုတိုက်ထုတ်တဲ့ အလုပ်အကိုင်တခုပေါ်ပေါက်လာခဲ့ပါတယ် ဒါကတော့ Hero ဆိုတဲ့ အလုပ်ပါပဲ ဒီ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Midoriya Izuku ဟာ ဘာအစွမ်းမပါ မွေးဖွားလာတဲ့ သာမန်ကလေးတယောက်ဖြစ်ပါတယ် ဒါပေမဲ့သူမှာ အိမ်မက်တခုရှိပါတယ် အဲ့တာကတော့ တနေ့မှာလူတွေကို ကယ်တင်မဲ့ Hero တယောက်ဖြစ်ချင်တာပါ ငယ်ငယ်ထဲက အစွမ်းရှိတဲ့ သူငယ်ချင်းတွေ အနိုင်ကျင့်တာခံလာရတဲ့ Izuku ဟာ သူဖြစ်ချင်တဲ့ Hero တယောက်ဖြစ်လာနိုင်ဖို့ဘယ်လိုကြိုးစားသွားမလဲ? ဘယ်သူတွေကကောသူ့ကို ကူညီပြီး ဘယ်လိုအစွမ်းထက်တဲ့ Hero တယောက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ် . WatchContinue reading “My Hero Academia”
Food Wars
မြို့လေးတစ်ခု မှာ ရှိတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ဆိုမာ ဆိုတဲ့ကောင်လေးတစ်ယောက် က သူ့ရဲ့ အဖေနဲ့အတူတူ အဲ့ဆိုင်လေးမှာ ဟင်းတွေချက်ပြုတ်ပြီးရောင်းပါတယ် ။ တစ်နေ့တော့ သူ့တို့ဆိုင်လေး ပိတ်ရမယ့်အခြေအနေတစ်ခုနဲ့ ကြုံတွေ့ရပြီးတော့ ဆိုင်လေးပိတ်လိုက်ရပါတော့တယ် ။ အဲ့နောက်မှာ ဆိုမာ အလယ်တန်းပြီးတော့ အထက်တန်းကျောင်းကို ဂျပန်နိုင်ငံရဲ့အကောင်းဆုံး ဟင်းချက်သင်တဲ့ကျောင်းမှာ တတ်ရောက်သင်ကြားဖို့ဖြစ် လာတဲ့အခါမှာတော့ …… Watch (or) Download
Demon Slayer
လွန်ခဲ့သောနှစ်များစွာကတည်းက လူတွေကိုသတ်ဖြတ်စားသောက်တဲ့ Demon (မကောင်းဆိုးဝါး) တွေဟာ တောတွေထဲမှာ နေထိုင်ကျက်စားကြတယ် ဆိုတဲ့ ကောလဟာလတချို့ရှိခဲ့ပါတယ် သူတို့ရန်ကိုကြောက်လန့်ရတဲ့လူတွေဟာ ညဘက်ဆိုအပြင်မထွက်ရလောက်အောင်ပါပဲ ဒဏ္႑ာရီတွေအရ အဲ့ဒီ မကောင်းဆိုးဝါးတွေ ကိုညဘက်တွေမှာအမဲလိုက် နှိမ်နင်း နေတဲ့ Demon slayer တစ်ယောက် ရှိတယ်လို့လဲ ဆိုကြပါတယ်……….. Tanjiro Kamado ဆိုတဲ့ လူငယ်လေးဟာ ရိုးသားပြီး ကြင်နာတတ်ရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ် သူ့ရဲ့ ဖခင်မရှိတော့ ပေမဲ့ သူဟာ သူ့ရဲ့ မိသားစုနဲ့အတူ တောင်ပေါ်ကအိမ်လေးမှာ နေထိုင်ကြပာတယ် သူကိုယ်တိုင်ကတော့ တောင်အောက်က ရွာတွေ မှာ မီသွေးဆင်းရောင်းပြီး မိသားစုဝမ်းစာအတွက်ရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ် သူ့မိသားစုရဲ့နွေးထွေးငြိမ်းချမ်းတဲ့ဘဝက တစ်နေ့သောအခါမှာ အရာရာပြောင်းလဲဖို့အကြောင်းဖန်လာပါတော့တယ် တနေ့ တောင်အောက်က ရွာမှာ မီးသွေးသွားရောင်းပြီး ပြန်အလာမှာ သူ့မိသားစုဟာ Demon တွေရဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းကို ခံခဲ့ရပါတယ်Continue reading “Demon Slayer”
Dusk Maiden Of Amnesia
ခင်ဗျားတို့မဖဲဝါကိုကြားဖူးကြမှာပါ ဝတၳုတိုင်းကမဖဲဝါကိုကြောက်စရာကောင်းတယ်ပဲရေးကြပါတယ် လမ်းတွေ့သမျှလူတိုင်းကိုမေးလည်းရုပ်ဆိုးပန်းဆိုးလျှာတစ်လစ် ခေါင်းပြတ် ရှေ့သွားနှစ်ချောင်းကတစ်တောင်လောက် စသဖြင့်ပေါက်ကရလေးဆယ်ထင်သမျှလျှောက်ပြောမှာပါ ကျွန်တော့်မှာမေးခွန်းတစ်ခုရှိပါတယ် မဖဲဝါကိုသူတို့တကယ်မြင်ဖူးကြတယ်ထားပါတော့ မဖဲဝါရဲ့ရုပ်အမှန်ပါလို့ဘယ်သူအာမခံနိုင်သလဲ? မဖဲဝါကချစ်စရာသရဲမလေးတစ်ယောက်လို့ဘယ်သူမှမတွေးဖူးကြဖူးလား? ကျွန်တော့်ကိုအဲ့လိုမေးခွန်းတွေမေးလာစေတဲ့တရားခံကိုမိတ်ဆက်ပေးပါမယ် Niiya Teiichi ကအလယ်တန်းဒုတိယနှစ်စတက်မယ့်ကျောင်းသားလေးပါ ကျောင်းပိတ်ရက်တစ်ရက်မှာသူတက်ရတဲ့ကျောင်းကြီးရဲ့အခန်းတွေကိုလိုက်စူးစမ်းနေပါတယ် သူလမ်းပျောက်သွားချိန်မှာသူ့ခေါင်းထဲပေါ်လာတဲ့အတွေးတွေကတော့အပြင်မှာလူတိုင်းပါးစပ်ဖျားပြောနေကြတဲ့သရဲမတစ်ယောက်အကြောင်းပါ သရဲမကခုနကျွန်တော်ပြောသလိုပေါက်ပန်းလေးဆယ်ပုံလူတိုင်းကပြောကြပါတယ် သရဲကမှန်ထဲကထွက်လာပြီးလူတွေကိုဖမ်းတတ်တယ်လို့ပြောတာကိုသူ့နားထဲကြားယောင်နေပါတယ် အခန်းတစ်ခုအရောက်မှာမှန်ရှည်တစ်ချပ်ကိုသူတွေ့လိုက်ပါတယ် အဲ့အချိန်သူ့ရဲ့နောက်ကနေTeiichiဆိုတဲ့ခေါ်သံကြားလိုက်တာကြောင့်လှည့်ကြည့်လိုက်မိတဲ့အခါ ကျောင်းသူမလေးတစ်ယောက်ကိုတွေ့လိုက်ပါတယ် ရုတ််တရက်လန့်ပြီးဖင်ထိုင်ကျသွားပါတယ် ကျောင်းသူကNiiyaလမ်းပျောက်နေမှန်းသိလိုက်တာကြောင့်သူ့ခေါ်ပြီးလျှောက်လမ်းဆီသို့အတူလမ်းလျှောက်ပါတယ် လမ်းလျှောက်နေရင်းကျောင်းသူကနောက်လှည့်ပြီး သူမကသရဲတစ်ယောက်ဖြစ်ကြောင်းပြောပါတယ် ပြီးနောက်ရှေ့ကိုဆက်လျှောက်သွားပါတယ် Niiyaရဲ့အသိစိတ်ကလက်မခံတာကြောင့်သရဲဆိုတာထိတွေ့လို့မရဘူးဆိုတဲ့အချက်ကိုစဉ်းစားမိပြီး ကျောင်းသူကိုလက်ဖြင့်လှမ်းကိုင်လိုက်တဲ့အခါမှာတော့Niiyaတစ်ယောက်ထွက်ပြေးချင်စိတ်ပေါက်သွားခဲ့ပါတယ် ဒီanimeလေးကြည့်ပြီးခင်ဗျားတို့တွေသရဲတွေကိုအကောင်းမြင်လာမှာပါ သရဲဆိုတာကြောက်စရာမဟုတ်ပါဘူး သနားစရာသတ္တဝါတွေပါ Ep12ပိုင်းနဲ့SpecialEp1ပိုင်းထွက်ရှိထားပါတယ် horrorဆန်ပေမယ့်ဇာတ်ကောင်နေရာကနေခံစားမိပြီးသာကြောက်ရွံမိမှာပါ romanceအသားပေးထားပါတယ် ခံစားမှုရသကောင်းကောင်းရရှိမှာပါ မျက်ရည်ကိုအသာတကြည်ထုတ်ပေးနိုင်တဲ့animeပါ ဇာတ်သိမ်းကခင်ဗျားစိတ်တိုင်းကျစေရပါမယ် သရဲတွေကိုမကြောက်ပါနဲ့ သူတို့မကြိုက်ပါဘူး. Watch (or) Download
Attack on Titan
Eren Jaegar ဆိုတဲ့လူငယ်လေးနဲ့ သူ့မိသားစုနေထိုင်တဲ့ မြို့ကို Titan တွေဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ငယ်ငယ် ကတည်းက မဟုတ်ရင်မခံ၊အမှန်တွေကိုဘဲပြောပြီး အရာရာကိုသိလိုစိတ်ပြင်းပြတဲ့ Eren တစ်ယောက် သူ့အမေကို Titan တစ်ကောင်က စားသွားတဲ့အခါမှာတော့ သူဘယ်လိုခံစားရမလဲ၊အခြေအနေတွေကိုဘယ်လို ရင်ဆိုင်မလဲ၊ဘယ်လိုကြိုးစားရုန်းကန်မလဲ၊ဘယ်လို အနာဂတ်ကိုပုံဖော်မလဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့် ရမှာပါ။Eren နဲ့အတူ သူ့သူငယ်ချင်းနှစ်ယောက်ကတော့ အရမ်းတော်တဲ့ Mikasa Ackerman,ဗဟုသုတကြွယ် ပြီးအတွေးအခေါ်ကောင်းတဲ့ Armin Arlert😍 တို့ပါ။ ဒီဇာတ် လမ်းရဲ့ခေတ်ကလူတွေကတံတိုင်းကြီးသုံးခုဖြစ်တဲ့ Maria, Rose နဲ့ Sina ထဲမှာနေကြပါတယ်။ဒီလောက်မြင့်တဲ့ တံတိုင်းကြီးတွေကို ဘယ်သူတွေကဆောက်သွားခဲ့တာလဲ? ဘာလို့ Titan တွေက လူတွေကိုအန္တရာယ်ပေးတာလဲ? Titan တွေကရော .. ဘယ်ကရောက်လာကြတာလဲ ဆိုတာ ကတော့ စောင့်ကြည့်ရမှာပါ … ကျွန်တော်အဓိကပြောချင်တဲ့အချက်က ဒီ Anime မှာContinue reading “Attack on Titan”
Black Butler
မိဘနှစ်ပါးသာမက စည်းစိမ်ဥစ္စာအားလုံးကို တစ်ပြိုင်နက်ထဲဆုံးရံှုးလိုက်ရတ့ဲ Ciel Phantomhive ဟာ အကူအညီ တောင်းပေမယ့်ရောက်မလာတ့ဲဘုရားကိုစိတ်နာလျက် ။ သူ့ရဲ့ နာကျည်းနေတ့ဲအကူအညီတောင်းသံကို ကြားသွားသူကတော့ မိစၧာတစ်ကောင် ။ Ciel ဟာ သူ့ရင်ထဲက လက်စားချေချင်စိတ်မပျောက်မချင်း ထိုမိစၧာကကူညီပေးမှာဖြစ်ပြီး သူစိတ်ကျေနပ်သွားတ့ဲနေ့မှာတော့ သူ့ရဲ့ဝိဉာဉ်ကိုမိစၧာအားစားသုံးခွင့်ပေးဖို့ စာချုပ်ချုပ်လိုက်ပါတယ် ထို့နောက် ဘဏ္႑ာစိုးအသွင်ဆောင်ထားသောထိုမိစၧာနဲ့အတူ သူ့ရဲ့လက်တုန့်ပြန်မှုကို စတင်လိုက်ပါတယ် ။ ဒီဇာတ်လမ်းမှာဆိုရင် Ciel လေးရဲ့ Phantomhive မိသားစုခေါင်းဆောင် အမွေဆက်ခံသူတစ်ဖြစ်လဲ ဘုရင်မရဲ့ သစ္စာခံ ”ဘုရင်မရဲ့အစောင့်ခွေး” တစ်ဖြစ်လဲ အမှုပေါင်း သောင်းခြောက်ထောင်ကို သစ္စာရှိဘဏ္႑ာစိုးနဲ့အတူ ဖြေရှင်းရင်း သုံးစားမရပါသောအစေခံများ၏ ဟာသဖြစ်ရပ်များနဲ့အတူ အကောင်းနဲ့အဆိုးသာမက မကောင်းတစ်ကောင်းသူတွေပါ ဝင်ရောသော အရှုပ်တော်ပုံတိုက်ပွဲကို ခံစားရမှာဖြစ်ပါတယ်ဗျ. Watch (or) Download