My Hero Academia

ကမ္ဘာ့လူဦးရေရဲ့ ၈၀% ကျော်ခန့် ဟာ သဘာဝလွန်အစွမ်းကိုယ်စီရှိလာကြပြီး အစွမ်းမရှိတဲ့ သာမန်လူဆိုတာ အလွန်ရှားပါးလာခဲ့ပါတယ် ဒီလိုအစွမ်းရှိတဲ့လူတွေကြားမှာ အစွမ်းကို သုံးချင်တိုင်းသုံးပီး ဒုစရိုက်မှုကျူးလွန်နေတဲ့သူတွေလဲရှိလာပါတယ်… ဒါတွေကိုဖြေရှင်းနိုင်ဖို့ အစွမ်းတွေကို အများကောင်းကျိုးအတွက်အသုံးချပြီး လူတွေကိုကယ်တင် ဒုစရိုက်မှုတွေကိုတိုက်ထုတ်တဲ့ အလုပ်အကိုင်တခုပေါ်ပေါက်လာခဲ့ပါတယ် ဒါကတော့ Hero ဆိုတဲ့ အလုပ်ပါပဲ ဒီ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Midoriya Izuku ဟာ ဘာအစွမ်းမပါ မွေးဖွားလာတဲ့ သာမန်ကလေးတယောက်ဖြစ်ပါတယ်  ဒါပေမဲ့သူမှာ အိမ်မက်တခုရှိပါတယ်  အဲ့တာကတော့ တနေ့မှာလူတွေကို ကယ်တင်မဲ့ Hero တယောက်ဖြစ်ချင်တာပါ ငယ်ငယ်ထဲက အစွမ်းရှိတဲ့ သူငယ်ချင်းတွေ အနိုင်ကျင့်တာခံလာရတဲ့ Izuku ဟာ သူဖြစ်ချင်တဲ့ Hero တယောက်ဖြစ်လာနိုင်ဖို့ဘယ်လိုကြိုးစားသွားမလဲ? ဘယ်သူတွေကကောသူ့ကို ကူညီပြီး ဘယ်လိုအစွမ်းထက်တဲ့ Hero တယောက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ် . WatchContinue reading “My Hero Academia”

Taboo Tattoo

ကိုယ်ခံပညာတတ်တဲ့ အလယ်တန်းကျောင်းသားလေး, Seigi ဟာ သူ့အနားက အားနွဲ့တဲ့သူတွေဆို ကာကွယ်ပေးချင်စိတ်ရှိတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာ အိမ်ခြေမဲ့လူတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေကြတာတွေ့လို့ ကူညီလိုက်ရင်းက အဲ့လူဟာ ကျေးဇူးတင်တဲ့အနေနဲ့ ထူးခြားတဲ့တက်တူးတစ်ခု လက်ဖဝါးမှာကပ်ပေးလိုက်တယ်။ အဲ့တက်တူးဟာ US နဲ့ Serinistan Kingdom ကအပြိုင်ထုတ်လုပ်နေကြတဲ့ လျှို့ဝှက်လက်နက်ဆန်း ဆိုတာ… ။ Seigi တစ်ယောက်, သူ့လိုတက်တူးနဲ့ သူ့ထက်လဲ တက်တူးအကြောင်းပိုနားလည်ပြီး ကမ္ဘာအသစ်ပြန်တည်ဆောက်ချင်တဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့တော့… သူတတ်စွမ်းတဲ့ ကိုယ်ခံပညာအစွမ်းနဲ့ပဲ အသက်ရှင်အောင် ကြိုးစားနိုင်မလား, ဒါမှမဟုတ် တက်တူးရဲ့အစွမ်းတွေကိုပဲ အချိန်မှီ  ထုတ်သုံးနိုင်မလားဆိုတာ…… . Watch (or) Download 

Nanbaka

  Jyugo,Uno,Rock,Nico ဆိုတဲ့ရာဇဝတ်သား လေးယောက်ဟာ Nanba လို့ အမည်ရတဲ့ ကမ်ဘာ့ စည်းကမ်းအကြပ်ဆုံးထောင်ထဲသို့ ပို့ခြင်းခံလိုက်ရတယ်။ Jyugo ဟာ သူကျခဲ့ ထောင်မှန်သမျှထဲမှ ခဏခဏ ခိုးထွက်တာဝါသနာပါတယ်၊ Uno ကလောင်းကစားလုပ်ရင်းနဲ့ မိန်းမပွေတယ်၊ Rock က ရန်ဖြစ်ရတာကြိုက်တယ်၊ Nico က Anime နဲ့ game တွေကိုသဘောကျ တယ်။ သူတို့လေးယောက်ဟာ ထောင်ဖောက်ပြေးရတာ ကြိုက်ကြသလို နေ့တိုင်းလိုလို ထွက်ပြေးကြတယ်။ သို့သော် ထောင်ပြင်သို့မရောက်မှီ ပြန်ဖမ်းမိကြလေသည်။ ဒီလိုနဲ့ နေ့တိုင်းလိုလို ပြေးလိုက်ဖမ်းမိလိုက်နဲ့ ပျော်စရာနေ့များဖြတ်သန်းရာ သူတို့တကယ် ထွက်ပြေးနိုင်ခဲ့တဲ့ နေ့ရှိမလားလို့ ကြည့်ရှုပ်ခံစားလိုက်ကြပါ။ . Watch (or) Download 

Attack on Titan

Eren Jaegar ဆိုတဲ့လူငယ်လေးနဲ့ သူ့မိသားစုနေထိုင်တဲ့ မြို့ကို Titan တွေဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ငယ်ငယ် ကတည်းက မဟုတ်ရင်မခံ၊အမှန်တွေကိုဘဲပြောပြီး အရာရာကိုသိလိုစိတ်ပြင်းပြတဲ့ Eren တစ်ယောက် သူ့အမေကို Titan တစ်ကောင်က စားသွားတဲ့အခါမှာတော့ သူဘယ်လိုခံစားရမလဲ၊အခြေအနေတွေကိုဘယ်လို ရင်ဆိုင်မလဲ၊ဘယ်လိုကြိုးစားရုန်းကန်မလဲ၊ဘယ်လို အနာဂတ်ကိုပုံဖော်မလဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့် ရမှာပါ။Eren နဲ့အတူ သူ့သူငယ်ချင်းနှစ်ယောက်ကတော့ အရမ်းတော်တဲ့ Mikasa Ackerman,ဗဟုသုတကြွယ် ပြီးအတွေးအခေါ်ကောင်းတဲ့ Armin Arlert😍 တို့ပါ။ ဒီဇာတ် လမ်းရဲ့ခေတ်ကလူတွေကတံတိုင်းကြီးသုံးခုဖြစ်တဲ့ Maria, Rose နဲ့ Sina ထဲမှာနေကြပါတယ်။ဒီလောက်မြင့်တဲ့ တံတိုင်းကြီးတွေကို ဘယ်သူတွေကဆောက်သွားခဲ့တာလဲ? ဘာလို့ Titan တွေက လူတွေကိုအန္တရာယ်ပေးတာလဲ? Titan တွေကရော .. ဘယ်ကရောက်လာကြတာလဲ ဆိုတာ ကတော့ စောင့်ကြည့်ရမှာပါ … ကျွန်တော်အဓိကပြောချင်တဲ့အချက်က ဒီ Anime မှာContinue reading “Attack on Titan”

Design a site like this with WordPress.com
Get started