Btooom

သင်ကိုယ်တိုင်တစ်ခါလောက်များ ROSတို့ PUBGတို့ Free Fire တို့ကို ကိုယ်တိုင်ဆော့ချင်တယ်လို့စိတ်မကူးဖူးဘူးလား? တကယ့်အပြင်ကမ္ဘာမှာရှိရင်ကောင်းမှာဘဲလို့ကော မစဉ်းစားမိဘူးလား? ကယ်! စဉ်းစားဖူးတယ်ဆိုရင်တော့ ဒီ Anime Series လေးက သင့်အတွက်အံကိုက်ပါဘဲခင်ဗျ~~ Sakamoto ဆိုတဲ့ကောင်လေးတစ်ယောက်ဟာဆိုရင်အသက် ၂၂ နှစ်အရွယ်အထိ အလုပ်မရနိုင်သေးပါဘူး. သူဘာလို့အလုပ်မရတာလဲ? သူတကယ်အလုပ်လုပ်ချင်ပါတယ်ဆိုတဲ့ Game ကုမ္ပဏီကသူ့ကိုလက်မခံသေးလို့ပါ. သူအလုပ်မရှိတော့ဘာလုပ်လဲ? သေချာတာပေါ့ဗျာ သူဂိမ်းကိုဘဲဆော့တာပေါ့. သူဘာဂိမ်းဆော့လည်းဆိုရင် Btooom လို့ခေါ်တဲ့ နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ Game တစ်ခုကိုသူဆက်တိုက်ဆိုသလိုဆော့ပါတယ်. အဲ့လိုဆော့လွန်းလို့သူဟာဆိုရင် Japan Local မှာ Top Player ဖြစ်လာပြီး Global Top Player List မှာဆိုရင် Top 10 အဆင့်ထိကိုရောက်လာနိုင်ခဲ့ပါတယ်~~ တစ်နေ့မှာတော့မထင်ထားခဲ့တဲ့အရာတစ်ခုဖြစ်ပွားခဲ့ပါတယ်(ဘာလဲဆိုတာမ Spoil ပါ) သူဟာကျွန်းတစ်ကျွန်းကိုအပို့ခံလိုက်ရပါတယ်. ဘာလို့ပို့ခံလိုက်ရတယ်?Continue reading “Btooom”

Re Zero

သာမန်အထက်တန်းကျောင်းသား Natsuki Subaruကတစ်နေ့မှာ convenient store ကနေအထွက် အိပ်ချင်မူးတူးဖြစ်နေချိန် မျက်စိတစ်မှိတ်ချင်းမှာပဲ အခြားကမ်ဘာတစ်ခုကိုရောက်သွားတယ်.ဘယ်ရောက်နေမှန်းမသိပေမဲ့ မြို့ထဲလျောက်သွားနေတယ်မြို့ရဲ့ချောင်တစ်ခုမှာနားနေချိန်မှာပဲ သူခိုးသုံးကောင်နဲ့တွေရော.ထွက်ပြေးမယ်ထင်လို့လား.အံမယ်ကိုပိန်ရိုးကပြန်ချတယ်ဗျ.အဲ့မှာစတွေ့တာပဲ. သူ့မှာ သေရာကပြန်ရှင်နိုင်တဲ့အစွမ်းရှိမှန်းသိလိုက်တယ်.ဒါပေမဲ့လည်းEmiliaနဲ့တွေ့တော့မှပဲပြသနာရှင်းသွားတယ်.Emiliaဆိုတာ ဘာညာဘာညာပါ့ဗျာ(animeကြည့်လိုက်ပါ)Subaruက သူ့ကိုကယ်ခဲ့တဲ့Emiliaကိုကြွေသွားတယ်.အမြဲတမ်းEmiliaဘက်ကဘဲနေတယ်.ဘယ်သူ့မှဂရုမစိုက်ဘူး.Emiliaအတွက်ဆိုရင် အသက်ပါပေးမဲ့အချစ်သူရဲကောင်းလေး(ခဏခဏသေတယ် သေပေါင်းလည်းထပ်နေပြီ😂)ဒါပေမဲ့SubaruကိုကြွေနေတာကRem.Rem Subaruကိုဘယ်လိုကြွေလဲတော့ animeလေးကိုကြည့်ပေးပါဗျာ😁.ဒါကတော့ Romanceအပိုင်းပေါ့နော်. Subaru ကEmiliaကိုအမြဲတမ်းကူညီတယ်(ချစ်တာကိုး)ကူညီလို့ပဲ ခဏခဏသေတာလေ.အဲ့လိုသေလိုပဲ နောက်တစ်ခါရန်သူကိုပြန်တိုက်ရင် ပြင်ဆင်လို့ရတာ.Emiliaတို့ကိုလိုက်သတ်နေတဲ့မကောင်းဆိုးဝါးတွေလည်းရှိတယ်ဗျ.အဲ့လိုမကောင်းဆိုးဝါးတွေရန်ကနေ အစွမ်းအစမရှိတဲ့Subaruက Emiliaကိုဘယ်လိုကာကွယ်မလဲ.Subaruကိုကြွေနေတဲ့ Remကကော ဘယ်လိုတွေSubaruကိုအဆုံးတိုင်ထိကာကွယ်ပေးနိုင်မှာလား?Subaru,Emiliaနဲ့ Remဆိုရဲ့ဇာတ်လမ်းလေးကရောဘယ်လိုဖြစ်လာမှာလဲဆိုတာကြည့်ရှုပေးကြပါဦးလို့ ဒီတစ်ခေါက်Reviewရေးရတာ လှို့ဝှက်ချက်တွေပါတယ်.ဒီanimeလေးက serieသဘောမျိုးဖြစ်တဲ့အတွက်အကုန်ပြောလို့မရလို့ပါ.ဒါပေမဲ့ဒီanimeလေးကရသမျိုးစုံပေးတဲ့အတွက် ကြည့်နေရင်းမပျင်းစေရပါဘူး.ဥပမာ Remဖွင့်ပြောတဲ့အခန်း ဒေါသထွက်ရတာမျိုး(ဘာလို့လဲကြည့်ပါ)Emiliaနဲ့Subaruတို့ပေါင်းပြီးတိုက်တဲ့အခန်းတို့ စသဖြစ်ရသမျိုးစုံပါပဲ.ဒီကားလေးက16+ပါ.ဟိုအခန်းဒီအခန်းတွေပါလို့ပါ(Ecchiမဟုတ်ပါ။ကြည့်ရင်းနဲ့သိလာပါလိမ့်မယ်). Watch (or) Download 

Hell Girl

သင်​အနိုင်​ကျင်​့ခံရဖူးပါသလား သင်​့ကိုအနိုင်​ကျင်​့တဲ့သူကိုရောသတ်​ပြစ်​ချင်​လောက်​အောင်​မုန်​းပါသလား ည၁၂နာရီတိတိ🕛🕛မှာHell Linkထဲဝင်​pသင်​မုန်​းတဲ့သူရဲ့နာမည်​ကိုပို့လိုက်​ပါ Hell Girlကသင်​့အစားလက်​စားချေပေးpသင်​မုန်​းတဲ့သူကို ငရဲသို့ခေါ်ဆောင်​ပေးသွားမှာပါ😈😈 အာ့အတွက်​သင်​ပြန်​ပေးဆပ်​ရမှာကတော့ သင်​သေသွားတဲ့အခါ သင်​့ဝိညာဉ်​👻👻်​ဟာလဲငရဲကိုဘဲသွားရမှာဖြစ်​ပါတယ်​ 😅😅 Hell Girlဆိုပေမဲ့ Angelလေးလိုလှပါတယ်​နော်​😁😁. Watch (or) Download 

Design a site like this with WordPress.com
Get started