ဇာတ်အနာဆုံးanime အဖြစ် လူသိများခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာဟာ နာကျင်စရာတွေ ပြည့်နှက်နေတယ်။ လူတွေရဲ့ နှိမ့်ချ ဆက်ဆံမှုတွေ ၊ အရှက်ရစေမှု ၊ ထိန်းချုပ်မှု(manipulation )၊ မိသားစုတွင်း အကိုရင်းက နှမရင်းပေါ်မှာတောင် အနိုင်ထက်ပြုကျင့်မှူတွေ ဆိုက်ကိုဆန်ဆန် ဒီ anime မှာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ အနိုင်ကျင့်မှုတွေကို လက်သင့်ခံတဲ့ပုံစံနဲ့ တည်ဆောက် ထားတာမျိုး မဟုတ်ပါဘူး။ Magical girls တွေဟာ သူတို့ရဲ့ website အသီးသီးကရလာတဲ့ သူတို့ဆိုင်ရာလက်နက်တွေနဲ့ မတရားမှုတွေကို တွန်းလှန်မှာပါ Magical girl site ဆိုတဲ့ website ဆိုတာဘာလဲ ? တကယ်ပဲ သူတို့ကို ကူညီရုံသက်သက်ပဲလား? လောကမှာ အယူမရှိပဲ အပေးဆိုတာရော ရှိပါ့မလား? websiteContinue reading “Magical Girl Site (or) Mahou Shoujo Site”
Tag Archives: Supernatural
Twin Star Exorcists (or) Sousei no Onmyouji
. Watch (or) Download
Overlord
Yggdrasil ဆိုတဲ့ Virtual Reality ဂိမ်းမှာနောက်ဆုံးတော့ပိတ်သိမ်းပါတော့မယ်။ ဒါပေမယ့် Ainz Ooal Gown ဂိုဏ်းရဲ့ခေါင်းဆောင် Momonga ဆိုတဲ့စွမ်းအားမြင့်မားတဲ့မှော်ဆရာ ဂိမ်းဆာဗာပိတ်သိမ်းတဲ့နောက်ဆုံးအချိန်ထိနေသွားဖို့ဆုံးဖြတ်ထားပါတယ်။ ညသန်းခေါင်းရောက်လာတဲ့အခါမှာတော့သူ့ရဲ့ဇာတ်ကောင်ကဆက်ရှိနေပီး ကစားသမားမဟုတ်တဲ့ NPC တွေကလည်းအမိန့်မပေးဘဲသူတို့ကိုယ်ပိုင်လှုပ်နိုင်စွမ်းနဲ့ရှိနေကြပါတယ်။ ဒီသာမာန်မဟုတ်တဲ့အခြေအနေမှာMomonga ကသူ့ရဲ့တောင်၀င်အစေခံတွေကို သူ့ကိုယ်သူဘာဖြစ်နေသလဲဆိုတာသိဖို့နဲ့ လောကကြီးကိုလွမ်းမိုးဖို့အမိန့်ပေးလိုက်ပါတော့တယ်။ ဘာတွေဖြစ်နေသလဲဆိုတာရှာဖွေရင်း ဒီလိုအခြေနေပြသနာမျိုးနဲ့ကြုံနေရတဲ့တခြားကစားသမားတွေကောရှိနေသလားဆိုတာက….. . Watch (or) Download
Noragami (လေလွင့်နတ်ဘုရား) (Yato)
Yato (ယတို) လို့ခေါ်တဲ့ နတ်ဘုရားတစ်ပါး သူက သူများတွေလို နာမည်ကြီးတဲ့ နတ်တော့မဟုတ်ဘူး.. လူတွေရဲ့ဆုတောင်းကြောင့်ဖြစ်လာရတဲ့ စစ်နတ်ဘုရား။ မထင်မရှား နတ်တစ်ပါးဖြစ်တဲ့ အတွက် လောဆယ်သူ့အခြေအနေက ဆင်းရဲမွဲတေလျက်.နေစရာနတ်နန်းတောင်မရှိတဲ့ ခြေသလုံးအိမ်တိုင်ဘဝလေး… လူတွေရဲ့ ဆုတောင်းကို ယန်းငါးပြားထဲနဲ့ လိုက်ဖြည့်ဆည်းပေးနေရတဲ့ကာလပေါ့ နတ်ဘုရားတွေမှာ Shinki လို့ခေါ်တဲ့ လက်သုံးတော်(သေဆုံးပြီးသားဝိဥာဉ်)တွေရှိတယ်.. တစ်နည်းအားဖြင့် သူတို့တိုက်ခိုက်နိုင်တဲ့ လက်နက်တော်ပေါ့… အဲ့လက်သုံးတော်မရှိရင် နတ်ဘုရားတွေက တစ္ဆေတွေကို မနှိမ်နင်းနိုင်ဘူး။ တစ်နေ့မှာ ကြောင်လေးတစ်ကောင်ပျောက်လို့ရှာပေးပါဆိုပြီးကလေးတစ်ယောက်ကဆုတောင်းတယ်.. အဲ့မှာ Yato က ဆုတောင်းဖြည့်ပေးဖို့ကြောင်ပျောက်ရှာနေတဲ့အချိန်မှာ ကားတိုက်ခံရမလိုဖြစ်တယ်..(တကယ်က တိုက်ခံရလဲမသေဘူး Yato က နတ်ကိုး) အဲ့ဒါကိုမြင်လိုက်တဲ့ Hiyori (ဟီယိုရီ) လို့ခေါ်တဲ့ ကောင်မလေးက Yato ကိုကယ်ဖို့ကြိုးစားရာကနေ ကားအက်ဆီးဒင့်ဖြစ်သွားရော… Accidient နောက်ပိုင်းမှာကောင်မလေးက လိပ်ပြာခဏခဏလွင့်လေ့ရှိပြီး တမလွန်နဲ့ လူ့ဘုံနှစ်ခုနှစ်ခုကြားကိုContinue reading “Noragami (လေလွင့်နတ်ဘုရား) (Yato)”
Ghost Hunt
နာမည်ကြည့်လိုက်တာနဲ့ သရဲကားဆိုတာ ခန့်မှန်းမိမှာပေါ့နော်။ သရဲကားဆိုပေမယ့် အရမ်းအရမ်းကို စိတ်၀င်စားဖို့ကောင်းတဲ့ anime လေးပါ။ ကြောက်ဖို့လည်းအဇမ်း…ကောင်း။ ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။ Mai Taniyama လို့ခေါ်တဲ့ ကျောင်းသူလေးတစ်ယောက်က သရဲအကြောင်းပြောရတာအရမ်းကြိုက်တဲ့ ကောင်မလေးတစ်ယောက်… ကျောင်းမှာဆိုသူ့ငယ်ချင်းတွေကို သရဲ အကြောင်းတွေအမြဲတမ်းပြောပြလေ့ရှိတဲ့ သရဲဝါသနာအိုးလေးပေါ့။ တစ်ရက်ကျတော့ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ သူတို့ကျောင်းက ကျောင်းဆောင်အဟောင်းတစ်ခုကို စုံစမ်းစစ်ဆေးဖို့လာတဲ့ Shibuya Psychic Research Centre က ၁၇ နှစ်အရွယ်ကောင်လေးချောချောလေး Kazuya Shibuya နဲ့တွေ့ရော။ တစ်နေ့၊ စပ်စုတဲ့ Mai တစ်ယောက် အဲဒီ ကျောင်းဆောင်အဟောင်းကိုဝင်ကြည့်ရင်း အန္တရာယ်ဖြစ်ခါနီး Kazuya ရဲ့လက်ထောက်က ကယ်လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့ကိုကယ်ရင်းဒဏ်ရာရသွားတဲ့ လက်ထောက်ရဲ့နေရာကို Mai က အစား၀င်လိုက်ရတာပေါ့နော်။ Mai တစ်ယောက် ShibuyaContinue reading “Ghost Hunt”
Taboo Tattoo
ကိုယ်ခံပညာတတ်တဲ့ အလယ်တန်းကျောင်းသားလေး, Seigi ဟာ သူ့အနားက အားနွဲ့တဲ့သူတွေဆို ကာကွယ်ပေးချင်စိတ်ရှိတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာ အိမ်ခြေမဲ့လူတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေကြတာတွေ့လို့ ကူညီလိုက်ရင်းက အဲ့လူဟာ ကျေးဇူးတင်တဲ့အနေနဲ့ ထူးခြားတဲ့တက်တူးတစ်ခု လက်ဖဝါးမှာကပ်ပေးလိုက်တယ်။ အဲ့တက်တူးဟာ US နဲ့ Serinistan Kingdom ကအပြိုင်ထုတ်လုပ်နေကြတဲ့ လျှို့ဝှက်လက်နက်ဆန်း ဆိုတာ… ။ Seigi တစ်ယောက်, သူ့လိုတက်တူးနဲ့ သူ့ထက်လဲ တက်တူးအကြောင်းပိုနားလည်ပြီး ကမ္ဘာအသစ်ပြန်တည်ဆောက်ချင်တဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့တော့… သူတတ်စွမ်းတဲ့ ကိုယ်ခံပညာအစွမ်းနဲ့ပဲ အသက်ရှင်အောင် ကြိုးစားနိုင်မလား, ဒါမှမဟုတ် တက်တူးရဲ့အစွမ်းတွေကိုပဲ အချိန်မှီ ထုတ်သုံးနိုင်မလားဆိုတာ…… . Watch (or) Download
Charlotte
Charlotte Anime ဇာတ်အိမ်တည်ထားတဲ့ ကမ္ဘာနား ကို ၇၅နှစ်ကြာ တစ်ခါ ဥက္ကာပျံတစ်ခု က ဖြတ်သွားတတ်ပါတယ်။ အဲ့ဥက္ကာပျံ ဖြတ်သွားတဲ့ အခါမှာ အမှုန်လေးတွေ ကျန်ခဲ့ပြီး အဲ့အမှုန်လေးတွေက ဆယ်ကျော်သက် ကလေးတွေ ရှူမိရင် သဘာဝလွန်စွမ်းအားတွေ ပေးပါတယ်။ အထက်တန်းကျောင်းတစ်ခု က ကျောင်းသားတစ်စု ဟာ နောက်ကြောင်းကံမကောင်းပါဘူး။ ရက်စက်တဲ့ အဖွဲ့အစည်းတွေ ကံတရားတွေရဲ့ နှိပ်စက်မှုတွေကို ရုန်းထွက်ပြီး ကြီးပြင်းလာကြရတာပါ။ အစကတော့ သူတို့အချင်းချင်း မတည့်ကြပေမယ့် အချိန်ကြာလာတော့လည်း ခင်သွားကြပါတယ်။ တစ်ချို့တွေဆို ချစ်သူတွေပါ ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ ရက်စက်တဲ့ ကမ္ဘာကြီးရဲ့ လှည့်စားမှုတွေကြောင့် ဒီလိုအဖြစ်ဆိုးတွေကို ခံစားကြရတာပါ။ သူတို့ဘယ်လို အစွမ်းတွေရလာကြမယ် ၊ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့……. . Watch (or) Download
Blood-C
ဆာရ ဆိုတဲ့ကောင်မလေးဟာ သာမာန်မိန်းကလေးတစ်ယောက်လို သူ့အဖေနဲ့အတူတူ နေထိုင်ပါတယ်။ ကျောင်းသွား/ကျောင်းပြန်/သူငယ်ချင်းတွေနဲ့ပျော်ပါး ပြီးသူ့ရဲ့အချိန်တွေကို ကုန်ဆုံးပါတယ်။ ဒါပေမယ့် ညအချိန်ရောက်တဲ့အခါမှာတော့ ဆာရ တစ်ယောက်ဟာ သူ့ရွာကိုကျရောက်လာတဲ့ ထူးဆန်းတဲ့မကောင်းဆိုးဝါးတွေကို သုတ်သင်ပြီး ကာကွယ်ပေးရပါတယ်။ ဒါဆိုရင် ဆာရ ရဲ့တကယ့်မူရင်းအစကဘာလဲ။ သူကိုယ်တိုင်ကရော မကောင်းဆိုးဝါးပဲလား…။ တစ်ခုပြောချင်တာက 18+ honor အမျိုးအစားပါ။ သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် မကြည့်ရဲတယ့်သူများ မကြည့်ကြပါနဲ့လို့ ပြောချင်ပါတယ်။🖤 . Watch (or) Download
Ajin – Demi Human
ရှင်သန်ခြင်းဆိုတာရှိရင် သေဆုံးခြင်းဆိုတာလည်း ရှိပါတယ်။ ဒါပေမယ့် တကယ်ရော အဲ့လိုဟုတ်ပါရဲ့လား? သင်သာ လုံးဝမသေနိုင်တဲ့လူဆိုဘယ်လိုလုပ်မလည်း? ဖြစ်နိုင်ခြေတွေကတော့ အများကြီးပါပဲ။ ဟိုးလွန်ခဲ့တဲ့ဆယ့်ခုနှစ်နှစ်တုန်းက အာဖရိကမှာ Ajin ဆိုတဲ့ ထူးခြားတဲ့မျိုးစိတ်တစ်မျိုးကိုတွေ့ရှိခဲ့ပါသတဲ့။ အဲ့မျိုးစိတ်ဟာ မအိုမနာမသေဘူးလို့ဆိုကြပြီး ထူးခြားတဲ့အစွမ်းတွေကိုပိုင်ဆိုင်တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ပုံပန်းသွင်ပြင်ဟာလည်း လူတွေလိုပဲဖြစ်ပါသတဲ့။ ဒီလို Ajin တွေဟာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပဲလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကများ ကမ်ဘာကြီးကိုဖျက်စီးဖို့ လွှတ်လိုက်တာလား? အဲ့လို Ajin တွေကို စတင်တွေ့ရှိကတည်းက ကမ်ဘာ့နေရာအနှံ့မှာ အခြားအခြားသော Ajin တွေလည်း ပေါ်လာခဲ့ပါသတဲ့။ သာမန်လူတွေအတွက်တော့ ဒီလိုမျိုးသတ္တဝါတွေအကြောင်းကို သတင်းမှာတို့၊ ကျောင်းဖတ်စာအုပ်တို့တွေမှာပဲ တွေ့နိုင်တာပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Kei အတွက်လည်း Ajin ဆိုတာဟာ ယုံတမ်းတစ်ခုဆိုတာကလွဲပြီး မပိုခဲ့ပါဘူး။ Kei က ကျောင်းကိုမှန်မှန်တက်ပြီး စာကိုကောင်းကောင်းကြိုးစားတဲ့ သာမန်ကျောင်းသားတစ်ယောက်ပါ။ ဒါပေမယ့်Continue reading “Ajin – Demi Human”
Servamp
ဇာတ်လမ်းကတော့ မင်းသားကကြောင်တစ်ကောင်ကိုအိမ်ခေါ ်လာတယ် ခေါ ်လာတဲ့ကြောင်က vampire ဖြစ်နေတယ် vampire ဖစ်ပြီးတခြားvampireတွေနဲ့fightကြတယ်ဒါပဲ ကျန်တာဆက်မရေးချင်တော့ဘူးကိုယ့်ပါသာကိုယ်ဆက်ကြည့်တော့ ;p ဒီကားကိုတော်တော်များများတော့ကြည့်ပြီးကြပြီထင်တယ် 🙂. Watch (or) Download